Messenger ကနေ ညစ်ညမ်းကား လာပို့တဲ့ မိန်းကလေးကို ထိထိရောက်ရောက် တုံ့ပြန်လိုက်တဲ့ ထူးအယ်လင်း

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်ကြီး ထူးအယ်လင်းကတော့ ပွင့်ပွင့်လင်းလင်းရှိတဲ့ သူ့ရဲ့စိတ်နဲ့ အလှူအတန်းဆိုလည်း လက်မနှေးတာကြောင့် အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ချစ်ရတဲ့ ဇနီးချောလေးနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ထူးအယ်လင်းကတော့ လတ်တလောမှာလည်း မနက်စောစော Messenger ကနေ ညစ်ညမ်းကား လာပို့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ပြောလာတာ တွေ့ရပါတယ်။ တည်ငြိမ်လွန်းတဲ့ အဆိုတော် ထူးအယ်လင်းကတော့ အဆိုပါကောင်မလေးကို ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာကြောင့် ပရိသတ်တွေကလည်း သဘောကျနေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သူ့ကို Messenger ကနေ ညစ်ညမ်းကား လာပို့တဲ့ ကောင်မလေးအကြောင်း ပြောပြလာတဲ့ ထူးအယ်လင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် ထူးအယ်လင်းကတော့ “မနက်အိပ်ယာနိုးနိုးခြင်း ကာမဆက်ဆံတဲ့ အပြာကား Messenger ကနေ Fb friend တစ်ယောက်က ပို့လာတယ် …ပို့တဲ့သူရဲ့ဝေါထဲဝင်ကြည့်တယ် …ကြည့်မိတော့ ခိုင်မျိုးဝတီလား ခင်ချောဝတီဆိုလားပဲ ကောင်မလေးတစ်ယောက် လိပ်စာက တောင်ကြီးကဆိုပဲ ခေတ်လူငယ် ခပ်ချောချာလေးပါပဲ… ကိုယ်နဲ့လည်းမသိဘူး ပက်သက်မှူလည်းမရှိဘူး ဆိုတော့ မထင်ရဘူး ဘာတွေလားပေါ့… ဒါနဲ့ကိုယ်လည်း စာပြန်လိုက်ပါတယ် (အားရတယ်လို့ ) 😂… တစ်ဖက်က စာပြန်ပို့တယ် လက်မလေးထောင်ပြတယ် ဗျ 😂… ဘာလဲဟ ပေါ့ 😂 ဒါကို မိန်းမဖြစ်သူက မြင်သွားတယ် …ဇာတ်လမ်းက အဲ့မှာစတာပဲ 😂 မိန်းမဖြစ်သူက ချက်ခြင်း Messenger ကနေဖုန်းပြန်ခေါ်တော့ ဟိုဘက်ကပို့တဲ့ကောင်မလေးက ဖုန်းကိုင်တယ် …မိန်းမဖြစ်သူက တစ်ဖက်ကကောင်မလေးကို နင် ငါ့ယောက်ကျားကို အိမ်ထောင်သည်မှန်းသိလျက်နဲ့ ဘာလုပ်တာလဲ အစချီပြီးတော့ ပြောကုန်ရော … ကိုယ့်မှာလဲဘူမသိ ကိုးမသိနဲ့ ငါ့မိန်းမ မင်းမှန်တယ်ပေါ့ … ဘလော့ပစ်လိုက်မိန်းမလို့ အားပေးလိုက်တယ် …

ဒါနဲ့ပဲ ကိုယ့် ဖိတ်ထားတဲ့အလှူအိမ်ကို ကိုယ့်အလုပ်ကိစ္စတွေအတွက် အပြင်ထွက်လာရော … မိန်းမဖြစ်သူက အရှိန်မပြေသေးဘူး ဖုန်းဆက်ပြီး ကိုယ့်လာပြသနာစကားနဲ့ ပြောဆိုပြန်တော့ ”မပြီးသေးဘူးလားးဟ ဒီကိစ္စက ငါအားနေတဲ့ကောင်မဟုတ်ဘူး”ဆိုပြီး စိတ်တိုတိုနဲ့ အော်ငေါက်ပစ်ထလိုက်ရောပေါ့ … စကားများကြတာပေါ့ကွယ်နောက်ဆုံးတော့ …အဲ့ဒိ Messenger ကိစ္စက ကိုယ်နဲ့လည်းမသိ ကိုယ်နဲ့လည်းမပတ်သက်ပဲ အသားလွတ်တွေဖြစ်ကြရတာ မတန်ဘူးကွာ လို့တွေးရင်း စိတ်ပေါက်ပေါက်နဲ့ ကားမောင်းထွက်လာရာကနေ လမ်းမှာ ရဲက ကားတားပြန်ရော လိုင်စင် ဝိတတ်ပြပါတဲ့ … ဒီနေ့မှထူးထူးဆန်းဆန်းကြုံပြန်ရော … ကဲ ရော့ ဒီမှာ လိုင်စင် ဝိတတ် ပြလိုက်တယ် … ရဲကလူကိုသေချာကြည့်ပြီး ”ကိုထူးအယ်လင်းပါလား” တဲ့ 😂 ”ဟုတ်ကဲ့ ညီလေး ကိုယ်သွားတော့မယ်” နှုတ်ဆက်ပြီး ကားမောင်းထွက်လာခဲ့လိုက်တယ် …ပြောချင်တာက …ငါ Facebook သုံးနေတာ အလှူဒါနကိစ္စတွေအတွက်ပဲသုံးတယ်… စာပို့ပြီး ဖွန်ကြောင်တာတို့ ဖျားရောင်းသွေးဆောင်တာတို့ မည်သည့်မိန်းကလေးကိုမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလုပ်ခဲ့ဘူး .. လုပ်စရာလည်းမလိုဘူး.. ငါ့လဲ လာမလုပ်နဲ့ လုံးဝမကြိုက်ဘူး ။

ဒီနေ့မိန်းမနဲ့စကားများတယ် ငါစိတ်ပျက်တယ် ။ ဒီမိန်းမကလဲ နားလည်မှူမရှိဘူး သူယူထား ရထားတာ အများလူ ပရိတ်သတ်နဲ့ သွားလာနေတဲ့လူ။ ငါ့ ငါးပါးသီလနဲ့ငါ လုံအောင်နေတယ်… ဒါကြောင့် ဒီနေ့ စိတ်ပျက်မိတယ် .. အရင်လိုစိတ်နဲ့ သောက်စားနေတုန်းကဆိုရင်တော့ ပြသနာဒီထက်အကြီးကြီးဖြစ်သွားမယ်။ ပေါက်ကရတွေမလုပ်ချင်တော့ဘူး ငါ့လဲပေါက်ကရ တလွဲတွေ မလုပ်ကြပါနဲ့ပြောရင်း စာရေး ဖေါက်သယ်ချလိုက်တယ်။ ရင်ထဲ ပေါ့သွားတာပေါ့ ။ ကျေးဇူးတင်ပါတယ် Facebook…ဓါတ်ပုံက ကိုစစ် ပန်းချီခန်းမှ ပန်းပုရုပ် ဒါ့ပုံရိုက်ထားတာကို ပြန်မလာတာ … အားလုံးကို ထပ်မံ ကျေးဇူးတင်ပါတယ် ။ လှသိန်းတဲ့ကွ မှတ်ထား ငါယွချင်ရင် လက်ဖျောက်တစ်ချက်တီးရုံပဲ။ ငါအေးအေးချမ်းချမ်းနေချင်တယ် မယွချင်ဘူး ဒါပဲ ။” ဆိုပြီး အေးအေးချမ်းချမ်းနေချင်တာကြောင့် သူ့ကို လာမနှောင့်ယှက်ကြဖို့ ပြောထားတာပါ။

အဆိုတော် ထူးအယ်လင်းကတော့ လတ်တလောမှာ ချစ်ရတဲ့ သားသားမီးမီးလေးရယ်၊ ချစ်ဇနီးလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သီချင်းဆိုနေရရင် ပျော်တဲ့ ထူးအယ်လင်းကတော့ လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးရင်း ပရိသတ်တွေကို ချပြသွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပေါက်ကရတွေမလုပ်ချင်တော့ဘူး ငါ့လဲပေါက်ကရ တလွဲတွေ မလုပ်ကြပါနဲဆိုတဲ့ ထူးအယ်လင်းကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Crd-Myint Myat Source;Htoo El Lynn’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *