Breaking New မႏၲေလး၌ H1N1 သံသယရွိ လူနာ ၆ ဦးအနက္ ႏွစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိ

မႏၲေလး၌ H1N1 သံသယရွိ လူနာ ၆ ဦးအနက္ ႏွစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိ

မႏၲေလးအေထြေထြေရာဂါကုေဆး႐ံုႀကီး ႏွင့္ ကုတင္ ၅၅၀ ကေလးေဆးရံု တို႔တြင္ ရာသီတုပ္ေကြး H1N1 ေရာဂါပိုးကူးစက္ခံရသည္ဟု သံသယရွိသည့္ လူနာ ၆ ဦး အနက္ လူနာ ၂ ဦးတြင္ ေရာဂါပိုးေတြ႕ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန က သိရသည္။

ထိုသို႔ ေရာဂါပိုးေတြ႕ရွိေသာ္လည္း ကူးစက္ခံရသူ လူနာႏွစ္ဦး အပါအဝင္ သံသယရွိသူမ်ား အားလံုး က်န္းမာေရးေကာင္းမြန္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာသန္းသန္းျမင့္ က ေျပာသည္။

ရာသီတုပ္ေကြး H1N1 ေရာဂါပိုးကူးစက္ခံရသည္ဟု သံသယရွိသည့္ လူနာ ၆ ဦးတြင္ ေရာဂါပိုးေတြ႕ရွိသူ (၂) ဦး ႏွင့္ သံသယရွိ လူနာ (၁) ဦးကို က်န္းမာေရးေကာင္းမြန္၍ သက္သာသည့္အတြက္ ေဆးရံုဆင္းခြင့္ေပးလိုက္ၿပီျဖစ္ၿပီး သံသယရွိ လူနာ ၃ ဦးမွာလည္း စိုးရိမ္စရာမရွိေၾကာင္း ေဒါက္တာသန္းသန္းျမင့္ က ဆက္လက္ ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ရာသီတုပ္ေကြးေရာဂါ (H1N1) သံသရွိလူနာ ၅၀၂ ဦးကုိ ဓာတ္ခြဲစစ္ေဆးခဲ႔ရာ ပုိးေတြ႕ရွိသူ ၁၈၀ ဦးရွိၿပီး ၃၁ ဦးေသဆုံးခ့ဲေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္။

ရာသီတုပ္ေကြး H1N1 ေရာဂါသည္ ေရာဂါပုိးကူးစက္ခံရခ်ိန္မွစ၍ တစ္ရက္မွ ေလးရက္အတြင္း ေရာဂါလကၡဏာမ်ား စတင္ေပၚေပါက္လာႏုိင္ၿပီး လကၡဏာမ်ားမွာ အပူခ်ိန္ ၃၈ ဒီဂရီစင္ တီဂရိတ္ႏွင့္အထက္ ဖ်ားျခင္း၊ ႏွာရည္ယုိျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းေျခာက္ဆုိးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ကုိယ္လက္ကိုက္ခဲျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏုံးေခြျခင္းတို႔ျဖစ္ေၾကာင္း သိရသည္။

ေရာဂါျပင္းထန္လာပါက အဖ်ားႀကီးလြန္းျခင္း၊ ေခ်ာင္းအလြန္ဆုိးျခင္း၊ ေမာျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ အသက္႐ွဴက်ပ္ျခင္း၊ အသက္႐ွဴခက္ခဲျခင္း၊ အသက္႐ွဴႏႈန္းျမန္ဆန္ျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္းႏွင့္ သတိလစ္ျခင္းတို႔ ျဖစ္ေပၚႏုိင္ၿပီး ထိုသုိ႔ျဖစ္ေပၚပါက နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းမ်ားသုိ႔ သြားေရာက္ကုသမႈခံယူရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က အသိေပးထုတ္ျပန္ထားသည္။

Credit – နိုင္လင္းဦး

Unicode

မန္တလေး၌ H1N1 သံသယရှိ လူနာ ၆ ဦးအနက် နှစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှင့် ကုတင် ၅၅၀ ကလေးဆေးရုံ တို့တွင် ရာသီတုပ်ကွေး H1N1 ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသည့် လူနာ ၆ ဦး အနက် လူနာ ၂ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရသည်။

ထိုသို့ ရောဂါပိုးတွေ့ရှိသော်လည်း ကူးစက်ခံရသူ လူနာနှစ်ဦး အပါအဝင် သံသယရှိသူများ အားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် က ပြောသည်။

ရာသီတုပ်ကွေး H1N1 ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသည့် လူနာ ၆ ဦးတွင် ရောဂါပိုးတွေ့ရှိသူ (၂) ဦး နှင့် သံသယရှိ လူနာ (၁) ဦးကို ကျန်းမာရေးကောင်းမွန်၍ သက်သာသည့်အတွက် ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး သံသယရှိ လူနာ ၃ ဦးမှာလည်း စိုးရိမ်စရာမရှိကြောင်း ဒေါက်တာသန်းသန်းမြင့် က ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ (H1N1) သံသရှိလူနာ ၅၀၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၁၈၀ ဦးရှိပြီး ၃၁ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ရာသီတုပ်ကွေး H1N1 ရောဂါသည် ရောဂါပိုးကူးစက်ခံရချိန်မှစ၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်ကြောင်း သိရသည်။

ရောဂါပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ထိုသို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသည်။Credit – နိုင်လင်းဦး

Leave a Reply

Your email address will not be published. Required fields are marked *