ရန္ကုန္တကၠသိုလ္ကို ..ကမာၻေပၚမွာအေကာင္းဆုံးတကၠသိုလ္ျပန္ျဖစ္လာဖို႔… ေမွ်ာ္မွန္းထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္

ရန္ကုန္တကၠသိုလ္ဟာ ဒီကေန႔အခ်ိန္အခါမွာ ကမာၻေပၚမွာ အေကာင္းဆံုးတကၠသိုလ္တစ္ခု ျပန္္လည္ျဖစ္ဖို႔ကို ေမွ်ာ္မွန္းတယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားလုိက္ပါတယ္။

ရန္ကုန္တကၠသိုလ္နဲ႔ ပတ္သက္လို႔ ျပန္လည္မြမ္းမံေရး၊ အဆင့္ျမႇင့္ တင္ေရး မဟာစီမံကိန္းမွာဆိုရင္ ဦးစီးေကာ္မတီ၊ ပညာအရည္အေသြးျမႇင့္တင္ ေရးေကာ္မတီ၊ ရုပ္ပိုင္း ဆိုင္ရာျဖည့္ဆည္းေရး ေကာ္မတီ၊ ရန္ကုန္တကၠသိုလ္ပဋိညာဥ္ ေရးဆြဲေရးေကာ္မတီေတြဖြဲ႔စည္းထားျပီးျဖစ္တယ္လုိ႔ သူကေျပာပါတယ္။

ရန္ကုန္တကၠသိုလ္ႏွစ္(၁၀၀) ရာျပည့္သဘင္အခမ္းအနားက်င္းပေရး ဦးစီးေကာ္မတီ ရဲ႕ ဇူလုိင္လ ၁၀ ရက္ေန႔ကျပဳလုပ္တဲ့ လုပ္ငန္းညႇိႏိႈင္းအစည္းအေ၀းမွာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္အမွာစကားေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ အဆင့္ျမႇင့္တင္ေရးဦးစားေပးအစီအစဥ္ဆိုၿပီး သတ္မွတ္ထား တာကေတာ့ သင္ၾကားသင္ယူမႈနဲ႔ သုေတသနဖြံ႕ၿဖိဳးတိုးတက္မႈ ျဖစ္ျပီး ပညာေရးစနစ္ ပိုၿပီးေတာ့ ေကာင္းမြန္ေအာင္ သင္ၾကားတဲ့နည္းကို ျပန္စၿပီးျပဳျပင္ရမွာျဖစ္သလုိ ပို႔ခ်တဲ့ဆရာဆရာမေတြရဲ႕အရည္အခ်င္းျမင့္ဖုိ႔လည္း လုိတယ္လုိ႔ဆုိပါတယ္။

“သုေတသနဆိုတာကေတာ့ ဆန္းသစ္တီထြင္ခ်င္တဲ့စိတ္ေတြကို ကၽြန္မတို႔က အားေပးခ်င္တာပါ။ တစ္ဖက္ကလည္း ကၽြန္မတို႔ႏိုင္ငံရဲ႕ ရုပ္ပိုင္းဆိုင္ရာတိုးတက္မႈ အတြက္လည္း အေထာက္အကူျဖစ္ႏိုင္ပါတယ္။ သုေတသနေတြဟာ ကၽြန္မတို႔ႏိုင္ငံရဲ႕ လိုအပ္ခ်က္ေတြ၊ ရုပ္ပိုင္းဆုိင္ရာလိုအပ္ခ်က္ေတြကို ပ့ံပိုးႏိုင္မယ့္ သုေတသနမ်ဳိးလုပ္ႏိုင္ မယ္ဆိုရင္ ႏိုင္ငံကိုလည္း အက်ဳိးျဖစ္ပါတယ္။ သုေတသနဆိုတာ က်ယ္ က်ယ္ျပန္႕ျပန္႕။ ရုပ္ပိုင္းဆိုင္ရာေတြသာမကဘဲနဲ႔ တစ္ျခားစိတ္ပိုင္းဆိုင္ရာ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာအပိုင္း ေတြမွာပါ သုေတသနလုပ္ၿပီး ကၽြန္မတို႔ႏုိင္ငံကို တိုးတက္ေအာင္ ပ့ံပိုးႏုိင္မယ္ဆိုရင္ ဒါဟာ ကၽြန္မတို႔ ပညာေရးစနစ္ကိုသာမက လူမႈေရးစနစ္ တစ္ခုလံုးကို ထြန္းေတာက္ေအာင္ လုပ္ေပးရာေရာက္မွာပါ။”လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

ရန္ကုန္တကၠသိုလ္ဟာ ၁၉၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ (၁)ရက္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ ႏွစ္ (၁၀၀) ျပည့္၊ ရာျပည့္သဘင္အခမ္းအနားေတြကုိ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာ(၁) ရက္ေန႔ကစျပီး အခ်ိန္ တစ္လေက်ာ္ၾကာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမယ္လုိ႔သိရပါတယ္။

Photo – Myanmar State Counsellor Office , Credit- Duwun

Unicode
ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို မျှော်မှန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြန်လည်မွမ်းမံရေး၊ အဆင့်မြှင့် တင်ရေး မဟာစီမံကိန်းမှာဆိုရင် ဦးစီးကော်မတီ၊ ပညာအရည်အသွေးမြှင့်တင် ရေးကော်မတီ၊ ရုပ်ပိုင်း ဆိုင်ရာဖြည့်ဆည်းရေး ကော်မတီ၊ ရန်ကုန်တက္ကသိုလ်ပဋိညာဉ် ရေးဆွဲရေးကော်မတီတွေဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သူကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀) ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ရဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဦးစားပေးအစီအစဉ်ဆိုပြီး သတ်မှတ်ထား တာကတော့ သင်ကြားသင်ယူမှုနဲ့ သုတေသနဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး ပညာရေးစနစ် ပိုပြီးတော့ ကောင်းမွန်အောင် သင်ကြားတဲ့နည်းကို ပြန်စပြီးပြုပြင်ရမှာဖြစ်သလို ပို့ချတဲ့ဆရာဆရာမတွေရဲ့အရည်အချင်းမြင့်ဖို့လည်း လိုတယ်လို့ဆိုပါတယ်။

“သုတေသနဆိုတာကတော့ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို ကျွန်မတို့က အားပေးချင်တာပါ။ တစ်ဖက်ကလည်း ကျွန်မတို့နိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်နိုင်ပါတယ်။ သုတေသနတွေဟာ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ပံ့ပိုးနိုင်မယ့် သုတေသနမျိုးလုပ်နိုင် မယ်ဆိုရင် နိုင်ငံကိုလည်း အကျိုးဖြစ်ပါတယ်။ သုတေသနဆိုတာ ကျယ် ကျယ်ပြန့်ပြန့်။ ရုပ်ပိုင်းဆိုင်ရာတွေသာမကဘဲနဲ့ တစ်ခြားစိတ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအပိုင်း တွေမှာပါ သုတေသနလုပ်ပြီး ကျွန်မတို့နိုင်ငံကို တိုးတက်အောင် ပံ့ပိုးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မတို့ ပညာရေးစနစ်ကိုသာမက လူမှုရေးစနစ် တစ်ခုလုံးကို ထွန်းတောက်အောင် လုပ်ပေးရာရောက်မှာပါ။”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁)ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားတွေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၁) ရက်နေ့ကစပြီး အချိန် တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့သိရပါတယ်။Credit- Duwun

Leave a Reply

Your email address will not be published. Required fields are marked *