Source: Nay Toe , Credit : CeleGabar
Unicode
ချစ်လှစွာသောညီလေး မင်းသွေးနဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီချပြတော့မည့် နေတိုး
နေတိုးကတော့ နိုင်ငံကျော် ပြည်သူချစ်သရုပ်ဆောင်မင်းသား တစ်ဦး အဖြစ် ဆယ့်စုနှစ်တခုထိ အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူူလည်းဖြစ်ပါတယ်။ သူကတော့ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်မှုကြောင့် အကယ်ဒမီ(၃)ဆုထိရရှိထားသလို့ တည်ကြည့်ခန့်ငြားတဲ့မျက်နှာနဲ့ တိုင်းရင်းသားလေးပီပီ ပွင့်လင်းစွာဆက်ဆံတတ်မှုကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးမှုရရှိထားပါတယ်။
လက်ရှိမှာတော့ နှင်းဆီအငြိမ့်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို လူရွှင်တော်တစ်ဦးဖြစ်လည်း ပရိသတ်ကို သူရဲ့ ဟာသညဏ်စွမ်းရှိသလောက်ချပြနေပြီး ပရိသတ်ရဲ့ အားပေးမှုကိုထပ်မံသိမ်းထားပါတယ်။ လက်တလောမှာတော့ ” နှစ်ပါးသွား Update ” ရုပ်ရှင်ဇာတ်ကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိနေသူလည်းဖြစ်ပါတယ်။
ချစ်လှစွာသော ညီလေး မင်းသွေးနဲ့အတူ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ” နိုင်ငံကြီးသား ” ရုပ်ရှင်ဇာတ်ကြီးမှာ အမှန်တရားဘက်တော်သား ရဲဝန်ထမ်းတစ်ဦးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပြီး မကြာမီ ပရိသတ်ဆီချပြတော့မှာဘဲဖြစ်ပါတယ်။ Cele Gabar ပရိသတ်ကြီးရော နေတိုးတို့ညီအကိုနှစ်ယောက်ရဲ့ ရုပ်ရှင်ဇာတ်ကားလေးရုံတင်ရင် သွားရောက်အားပေးကြမှာလား။
Leave a Reply
Your email address will not be published. Required fields are marked *