ျမင့္ျမတ္နာမည္အသံုးျပုခဲ့တာေျကာင့္ ေငြ၇သိန္းအလိမ္ခံလိုက္ရတဲ့ ျကို့ပင္ေကာက္က ဆရာေတာ္

ပဲခူးတိုင္းေဒသႀကီး၊သာယာဝတီခ႐ိုင္၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ သခၤ႐ိုင္မိဘမဲ့ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းဆရာေတာ္ ဦးသုမနထံမွ ဇူလိုင္(၁၁)ရက္ေန႔လယ္ (၁၂)နာရီအခ်ိန္၌ သရုပ္ေဆာင္ ျမင့္ျမတ္နာမည္ကုိ အသုံျပဳ၍ ေငြ၇သိန္း၇ေသာင္း လိမ္လည္မႈျဖစ္ပြားခဲ့ေၾကာင္းဆရာေတာ္ထံမွသိ႐ွ္ိရတယ္လို့ဆိုပါတယ္။ဇူလိုင္(၁၁)ရက္နံနက္(၁၀)နာရီ၌ “ကြ်န္ေတာ္သ႐ုပ္ေဆာင္ျမင့္ျမတ္ပါ။ ဆရာေတာ္ေက်ာင္းကို ဆန္အိတ္(၁၂၀)လွဴခ်င္လို႔ပါ ဆုိျပီးဖုန္းဆက္တယ္။ (၁၁)နာရီမွာ ေနာက္ထပ္ ကားသမားပါ ျမင့္ျမတ္က ဆန္အိတ္ပို႔ခိုင္းထားတာပါ။အခုကားက တိုက္ႀကီးမွာ ေလးက်ိဳးသြားလို႔မလာႏိုင္ေသးတာပါဆိုၿပီး ဖုန္းဆက္တယ္။

ကိုျမင့္ျမတ္ဆိုသူက ဖုန္းထပ္ဆက္တယ္။ တပည့္ေတာ္ ေမၿမိဳ႕မွာ ကား႐ိုက္ေနလို္႔ ကားသမားကိုေငြ (၂၇၀၀၀၀)က်ပ္လႊဲေပးလိုက္ပါ ဆိုလို႔ ဆရာေတာ္လည္း လႊဲေပးလိုက္တယ္။(၁၄)ရက္ေန႔မွာ တပည့္ေတာ္ မေအးေသာင္း၊ပုလဲဝင္းတို႔နဲ႔ ကေလးေတြေပ်ာ္ေအာင္သီခ်င္းလာဆိုျပမယ္ ယံုေအာင္ေျပာၿပီးေငြ (၅)သိန္းထပ္လႊဲခိုင္းလို႔ လႊဲေပးလိုက္တယ္”ဟု ဆရာေတာ္ ဦးသုမနကမိန္႔ၾကားသည္။

ထုိ႔ျပင္ ဆရာေတာ္ကို ဘယ္ၿမိဳ႕မွာလဲ ေမး၍ ဆရာေတာ္ကမႏၲေလးမွာဟုေျဖၾကားခဲ့ရာ ေမၿမိဳ႕ကို လာခဲ့ပါေငြလာေပးမည္ေျပာ၍ ေမၿမိဳ႕ကန္ေတာ္ႀကီး၌ ေစာင့္ခဲ့ရာတြင္္လာေရာက္ျခင္းမ႐ွိ၍ ေငြလႊဲခဲ့သည့္ Wave Money ဆုိင္သို႔ေမးျမန္းၾကည့္ရာ လိႈင္သာယာ အမွတ္(၂)ရပ္ကြက္ ပီမိုးနင္းလမ္းေရႊယမင္း စတိုးဆိုင္ရွိ Wave Money ကုိယ္စားလွယ္ထံမွ အမည္မသိသူတစ္ဦးက လာေရာက္ထုတ္ယူသြားေၾကာင္းသိ႐ွိရသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆရာေတာ္ဦးသုမနမွ သ႐ုပ္ေဆာင္ ျမင့္ျမတ္၏ ဖုန္းနံပါတ္ကုိ ဆက္သြယ္စံုစမ္း၍

ေမးျမန္းၾကည့့္ရာတြင္ မဟုတ္မွန္ေၾကာင္းသိရၿပီးလိမ္ လည္သြားသူက ယံုၾကည္ေအာင္ေျပာဆိုလိမ္လည္သြားျခင္းျဖစ္ေၾကာင္းသိရသည္။လက္ရွိအခ်ိန္တြင္ ဆရာေတာ္ ဦးသုမနမွာ ျပည္ၿမိဳ ႔သို႔ ႂကြေရာက္ေန၍ ျပည္ၿမိဳ႕ အမွတ္၂ စခန္း၌ အေၾကာင္းၾကားထားေၾကာင္း ႏွင့္ဆရာေတာ္ေက်ာင္းတြင္ မူလတန္းေက်ာင္းသား ၂၁၂ေယာက္ မူလြန္ေက်ာင္းသား၆၆ေယာက္ ဆရာဆရာမ ၁၃ေယာက္ႏွင့္ႏို႔စို႔ကေလး ဆယ္ေယာက္တို႔ကုိေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ေနရသျဖင့္

လႉဒါန္းထားေသာေငြမ်ားအားလိမ္လည္သြားသည့္ မသမာ သူမ်ားအား သိ႐ွ္ိပါက ဖုန္းနံပါတ္ ၀၉၇၇၇၆၄၀၆၆၂သို႔ဆက္သြယ္အေၾကာင္းၾကားေပးႏိုင္ပါေၾကာင္း ဆရာေတာ္က မိန္႔ႀကားခဲ့တယ္လို့ The Speaker သတင္းကေန ေဖာ္ျပထားပါတယ္။ သခၤရိုင္ပရဟိတေက်ာင္းရဲ့စာမ်က္နွာမွာ ဘုန္းဘုန္းက ျဖစ္စဥ္အားလံုးကို ေရးသားေဖာ္ျပထားတာကေတာ့ လိမ္လည္သူဟာ ျမင့္ျမတ္အသံနဲ့ဟတစ္ထပ္တည္းတူေအာင္ေျပာဆိုလိမ္လည္ခဲ့တာျဖစ္ဆယ္လို့လည္းဆိုပါတယ္။ ပရိသတ္ျကီးလည္း ေနာက္ထပ္အျပစ္မဲ့သူေတြ အလိမ္မခံရေစဖို့ မ်ားမ်ားျဖန့္ေဝေပးပါေနာ္။Source – The Speaker/သခၤရိုင္ပရဟိတေက်ာင္း ျကို့ပင္ေကာက္Noe Noe May Ju Ju

Unicode

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သင်္ခရိုင်မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးသုမနထံမှ ဇူလိုင်(၁၁)ရက်နေ့လယ် (၁၂)နာရီအချိန်၌ သရုပ်ဆောင် မြင့်မြတ်နာမည်ကို အသုံပြု၍ ငွေ၇သိန်း၇သောင်း လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်းဆရာတော်ထံမှသိရှိရတယ်လို့ဆိုပါတယ်။ဇူလိုင်(၁၁)ရက်နံနက်(၁၀)နာရီ၌ “ကျွန်တော်သရုပ်ဆောင်မြင့်မြတ်ပါ။ ဆရာတော်ကျောင်းကို ဆန်အိတ်(၁၂၀)လှူချင်လို့ပါ ဆိုပြီးဖုန်းဆက်တယ်။ (၁၁)နာရီမှာ နောက်ထပ် ကားသမားပါ မြင့်မြတ်က ဆန်အိတ်ပို့ခိုင်းထားတာပါ။အခုကားက တိုက်ကြီးမှာ လေးကျိုးသွားလို့မလာနိုင်သေးတာပါဆိုပြီး ဖုန်းဆက်တယ်။

ကိုမြင့်မြတ်ဆိုသူက ဖုန်းထပ်ဆက်တယ်။ တပည့်တော် မေမြို့မှာ ကားရိုက်နေလို့် ကားသမားကိုငွေ (၂၇၀၀၀၀)ကျပ်လွှဲပေးလိုက်ပါ ဆိုလို့ ဆရာတော်လည်း လွှဲပေးလိုက်တယ်။(၁၄)ရက်နေ့မှာ တပည့်တော် မအေးသောင်း၊ပုလဲဝင်းတို့နဲ့ ကလေးတွေပျော်အောင်သီချင်းလာဆိုပြမယ် ယုံအောင်ပြောပြီးငွေ (၅)သိန်းထပ်လွှဲခိုင်းလို့ လွှဲပေးလိုက်တယ်”ဟု ဆရာတော် ဦးသုမနကမိန့်ကြားသည်။

ထို့ပြင် ဆရာတော်ကို ဘယ်မြို့မှာလဲ မေး၍ ဆရာတော်ကမန္တလေးမှာဟုဖြေကြားခဲ့ရာ မေမြို့ကို လာခဲ့ပါငွေလာပေးမည်ပြော၍ မေမြို့ကန်တော်ကြီး၌ စောင့်ခဲ့ရာတွင်လာရောက်ခြင်းမရှိ၍ ငွေလွှဲခဲ့သည့် Wave Money ဆိုင်သို့မေးမြန်းကြည့်ရာ လှိုင်သာယာ အမှတ်(၂)ရပ်ကွက် ပီမိုးနင်းလမ်းရွှေယမင်း စတိုးဆိုင်ရှိ Wave Money ကိုယ်စားလှယ်ထံမှ အမည်မသိသူတစ်ဦးက လာရောက်ထုတ်ယူသွားကြောင်းသိရှိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်ဦးသုမနမှ သရုပ်ဆောင် မြင့်မြတ်၏ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်း၍

မေးမြန်းကြည့်ရာတွင် မဟုတ်မှန်ကြောင်းသိရပြီးလိမ် လည်သွားသူက ယုံကြည်အောင်ပြောဆိုလိမ်လည်သွားခြင်းဖြစ်ကြောင်းသိရသည်။လက်ရှိအချိန်တွင် ဆရာတော် ဦးသုမနမှာ ပြည်မြို့သို့ ကြွရောက်နေ၍ ပြည်မြို့ အမှတ်၂ စခန်း၌ အကြောင်းကြားထားကြောင်း နှင့်ဆရာတော်ကျောင်းတွင် မူလတန်းကျောင်းသား ၂၁၂ယောက် မူလွန်ကျောင်းသား၆၆ယောက် ဆရာဆရာမ ၁၃ယောက်နှင့်နို့စို့ကလေး ဆယ်ယောက်တို့ကိုကျွေးမွေးပြုစုစောင့်ရှောက်နေရသဖြင့်

လှူဒါန်းထားသောငွေများအားလိမ်လည်သွားသည့် မသမာ သူများအား သိရှိပါက ဖုန်းနံပါတ် ၀၉၇၇၇၆၄၀၆၆၂သို့ဆက်သွယ်အကြောင်းကြားပေးနိုင်ပါကြောင်း ဆရာတော်က မိန့်ကြားခဲ့တယ်လို့ The Speaker သတင်းကနေ ဖော်ပြထားပါတယ်။ သင်္ခရိုင်ပရဟိတကျောင်းရဲ့စာမျက်နှာမှာ ဘုန်းဘုန်းက ဖြစ်စဉ်အားလုံးကို ရေးသားဖော်ပြထားတာကတော့ လိမ်လည်သူဟာ မြင့်မြတ်အသံနဲ့ဟတစ်ထပ်တည်းတူအောင်ပြောဆိုလိမ်လည်ခဲ့တာဖြစ်ဆယ်လို့လည်းဆိုပါတယ်။ ပရိသတ်ကြီးလည်း နောက်ထပ်အပြစ်မဲ့သူတွေ အလိမ်မခံရစေဖို့ များများဖြန့်ဝေပေးပါနော်။Source – The Speaker/သင်္ခရိုင်ပရဟိတကျောင်း ကြို့ပင်ကောက်Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *