ၾကားသိရသမွွ

ရုရွားကို အကသြားျပိဳင္မယ့္ Myanmar Got Talent ျပိဳင္ပြဲဝင္ သားတုိ႔အမႊာ

Myanmar’s Got Talent ျပိဳင္ပြဲကေန ပရိသတ္ အားေပးမႈေတြ ရရွိထားတဲ့ ညီေနာင္ႏွစ္ဦးကေတာ့ ဟန္သာမိုးနဲ႔ ဟန္သာျဖိဳး ျဖစ္ပါတယ္။ အသက္ (၁၂) ႏွစ္ ျဖစ္ျပီး ခုနစ္တန္းေက်ာင္းသား အမႊာႏွစ္ဦးက ျမန္မာ့ရိုးရာအကမွာ ပါရမီ ပါလာသလို “သားတို႔အမႊာ” ဆိုတဲ့ နာမည္နဲ႔ အလွဴမဂၤလာပြဲေတြမွာ ကျပေဖ်ာ္ေျဖပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ရရွားကို သြားေရာက္ျပီး ျမန္မာအကနဲ႔ ယွဥ္ျပိဳင္သြားမယ့္အေၾကာင္း အမႊာညီအစ္ကိုက ခုလို ေျပာသြားပါတယ္။

“ဆိုကေရးတီး ႏွစ္ေခါက္ျပိဳင္တာ ေရႊတံဆိပ္ဆုရတယ္။ Myanmar’s Got Talentလည္း ျပိဳင္ထားေသးတယ္။ အပ်ိဳေတာ္ ၊ ကိုၾကီးေက်ာ္ အကနဲ႔ ရုရွားမွာ သြားျပိဳင္မွာ” လို႔ ဆိုပါတယ္။

အကပညာကို ဝါသနာပါျဖစ္ပံုကိုလည္း အမႊာႏွစ္ဦးက ခုလို ေျပာသြားပါတယ္။ “Myanmar’s Got Talent” မွာ ဝင္ျပိဳင္ေတာ့ ပိုျပီး နာမည္ၾကီးျပီး ပြဲငွားတဲ့သူ မ်ားလာတယ္။ ပရိသတ္ေတြလည္း တိုးေတာ့ ေပ်ာ္ပါတယ္။ အကနဲ႔ ပတ္သက္ျပီး အဝတ္အစား ေတြ အက်ၤ ီေတြကို ဆရာက ပံ့ပိုးေပးတယ္။ ဝါသနာပါတာက ေလးႏွစ္သား ေလာက္တည္းက ။ ကျဖစ္တာက တစ္တန္းေလာက္မွ စကတာ။” ဆိုျပီး ေျပာသြားပါတယ္။

ရရွားမွာ သြားျပိဳင္ဖို႔ ျပင္ဆင္ထားပံုကိုလည္း ခုလို ရွင္းျပသြားပါတယ္။ “ရုရွားမွာ သြားျပိဳင္ရင္ အေကာင္းဆံုးၾကိဳးစားမယ္။ အပ်ိဳေတာ္နဲ႔ ကိုၾကီးေတာ္ အကရယ္ Welcome to Mynmar ထဲက မင္းသားနဲ႔ မင္းသမီး အကရယ္ ။ သားတို႔က မင္းသားကတဲ့သူလည္း ျဖစ္ခ်င္တယ္။ ရုပ္ရွင္သရုပ္ေဆာင္လည္း ျဖစ္ခ်င္တယ္။ ဦးဖိုးခ်စ္တို႔ ကိုၾကီး စြမ္းဇာနည္တို႔ ကိုၾကီး ဟန္ဇာမိုးဝင္းတို႔ကို အားက်တယ္။” ဆိုျပီး ေျဖၾကားသြားပါတယ္။

Credit: ဟီးဟီးဟားဟား

Unicode

Myanmar’s Got Talent ပြိုင်ပွဲကနေ ပရိသတ် အားပေးမှုတွေ ရရှိထားတဲ့ ညီနောင်နှစ်ဦးကတော့ ဟန်သာမိုးနဲ့ ဟန်သာဖြိုး ဖြစ်ပါတယ်။ အသက် (၁၂) နှစ် ဖြစ်ပြီး ခုနစ်တန်းကျောင်းသား အမွှာနှစ်ဦးက မြန်မာ့ရိုးရာအကမှာ ပါရမီ ပါလာသလို “သားတို့အမွှာ” ဆိုတဲ့ နာမည်နဲ့ အလှူမင်္ဂလာပွဲတွေမှာ ကပြဖျော်ဖြေပါတယ်။ လက်ရှိအချိန်မှာတော့ ရရှားကို သွားရောက်ပြီး မြန်မာအကနဲ့ ယှဉ်ပြိုင်သွားမယ့်အကြောင်း အမွှာညီအစ်ကိုက ခုလို ပြောသွားပါတယ်။

“ဆိုကရေးတီး နှစ်ခေါက်ပြိုင်တာ ရွှေတံဆိပ်ဆုရတယ်။ Myanmar’s Got Talentလည်း ပြိုင်ထားသေးတယ်။ အပျိုတော် ၊ ကိုကြီးကျော် အကနဲ့ ရုရှားမှာ သွားပြိုင်မှာ” လို့ ဆိုပါတယ်။

အကပညာကို ဝါသနာပါဖြစ်ပုံကိုလည်း အမွှာနှစ်ဦးက ခုလို ပြောသွားပါတယ်။ “Myanmar’s Got Talent” မှာ ဝင်ပြိုင်တော့ ပိုပြီး နာမည်ကြီးပြီး ပွဲငှားတဲ့သူ များလာတယ်။ ပရိသတ်တွေလည်း တိုးတော့ ပျော်ပါတယ်။ အကနဲ့ ပတ်သက်ပြီး အဝတ်အစား တွေ အင်္ကျ ီတွေကို ဆရာက ပံ့ပိုးပေးတယ်။ ဝါသနာပါတာက လေးနှစ်သား လောက်တည်းက ။ ကဖြစ်တာက တစ်တန်းလောက်မှ စကတာ။” ဆိုပြီး ပြောသွားပါတယ်။

ရရှားမှာ သွားပြိုင်ဖို့ ပြင်ဆင်ထားပုံကိုလည်း ခုလို ရှင်းပြသွားပါတယ်။ “ရုရှားမှာ သွားပြိုင်ရင် အကောင်းဆုံးကြိုးစားမယ်။ အပျိုတော်နဲ့ ကိုကြီးတော် အကရယ် Welcome to Mynmar ထဲက မင်းသားနဲ့ မင်းသမီး အကရယ် ။ သားတို့က မင်းသားကတဲ့သူလည်း ဖြစ်ချင်တယ်။ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ချင်တယ်။ ဦးဖိုးချစ်တို့ ကိုကြီး စွမ်းဇာနည်တို့ ကိုကြီး ဟန်ဇာမိုးဝင်းတို့ကို အားကျတယ်။” ဆိုပြီး ဖြေကြားသွားပါတယ်။Credit: ဟီးဟီးဟားဟား

Loading...
Show More

Related Articles

Back to top button
Close