ေဆး႐ုံနဲ႔ေဝးလို႔ ေသဆုံးခဲ့ရတဲ့ ဇနီးသည္အတြက္ ရည္စူးၿပီး ေဆး႐ုံနဲ႔နီးေအာင္ ၂၂ႏွစ္လုံးလုံး ေတာင္ကိုၿဖိဳၿပီး လမ္းေဖာက္ခဲ့တဲ့ သူ

Dashrath Manjhi ဆိုတဲ့ အမ်ိဳးသားဟာ လူအမ်ားက မျဖစ္ႏိုင္တဲ့ အရာကို လုပ္ခဲ့လို႔ သူ႔ကို အ႐ူးလို႔ေတာင္ ေလွာင္ေျပာင္ခံခဲ့ရပါတယ္။ သူဟာ ဘာစက္ယႏၱရားမွ မပါဘဲ လက္လုပ္ ပစၥည္းေတြနဲ႔ ၂၂ ႏွစ္လုံးလုံး ေက်ာက္ေတာင္ကိုၿဖိဳၿပီး လမ္းေဖာက္လုပ္ခဲ့လို႔ပဲျဖစ္ပါတယ္။အႏၵိယႏိုင္ငံ ေတာင္ပိုင္း Bihar ျပည္နယ္ Gehlour ဆိုတဲ့ ၿမိဳ႕ေလးမွာ ဇာတ္မဲ့လူမ်ိဳးေတြ အမ်ားအျပားေနထိုင္ပါတယ္။ အႏၵိယမွာ ဇာတ္နိမ့္၊ ဇာတ္ျမင့္ ခြဲျခားတဲ့ အစဥ္အလာရွိခဲ့ၿပီးယခုအခ်ိန္ထိလည္း လူတန္းစား ခြဲျခားဆက္ဆံမႈေတြ ရွိေနပါေသးတယ္။ ဇာတ္နိမ့္၊ ဇာတ္ျမင့္ေပၚ မူတည္ၿပီး အက်ိဳးခံစားခြင့္၊ အခြင့္အေရးေတြက မတူပါဘူး။

ဒါေပမဲ့ Dashrath Manjhi ကေတာ့ ဇာတ္မဲ့သူတစ္ေယာက္ျဖစ္ပါတယ္။မ်ိဳး႐ိုးမရွိတဲ့ လူတန္းစားတစ္ဦးျဖစ္တာေၾကာင့္ ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ေနရာမွာ ေနရၿပီး သူတို႔ေနထိုင္တဲ့ေနရာမွာ ေဆး႐ုံ၊ ေက်ာင္း၊ လွ်ပ္စစ္မီးစတဲ့ အေျခခံလိုအပ္ခ်က္ေတြ မရွိပါဘူး။ ၿမိဳ႕နဲ႔ သူတို႔ေနထိုင္ရာ ရြာၾကားမွာ ေက်ာက္ေတာင္ေတြ ျခားထားၿပီး သြားလာရ ခက္ခဲပါတယ္။ အဲ့ဒီအခ်ိန္မွာ ဇႏွီးသည္ ေနမေကာင္းျဖစ္ၿပီး ေဆး႐ုံကို အခ်ိန္မွီမပို႔လိုက္ႏိုင္တာေၾကာင့္ မေသဆုံးသင့္ပဲေသဆုံးခဲ့ရပါတယ္။ ၿမိဳ႕နဲ႔ ရြာကို ၇၀ မီတာေလာက္ ေဝးကြာတာေၾကာင့္ ေဆးကုသမႈ အခ်ိန္မွီမခံယူလိုက္ႏိုင္ဘဲ ေသဆုံးသြားတဲ့ ဇနီးသည္အတြက္ ရင္က်ိဳးမရျဖစ္ခဲ့ရပါတယ္။

ဒါ့ေၾကာင့္ Dashrath Manjhi ဟာ မိမိမွာရွိတဲ့ ဆိတ္သုံးေကာင္ကို ေရာင္းခ်ၿပီး ေတာင္ကို ထြင္းထုဖို႔ လိုအပ္တဲ့ ပစၥည္းကိရိယာေတြ ဝယ္လိုက္ပါတယ္။ အဲ့ဒီေနာက္သူဟာ ၁၉၆၀ ခုႏွစ္ကေန ၁၉၈၂ ခုႏွစ္ထိ ၂၂ႏွစ္လုံးလုံး အလုပ္အားတဲ့ညေနဘက္နဲ႔ ညဘက္ေတြမွာ ဒီေတာင္ကို ထြင္းထုပါတယ္။ မာေက်ာတဲ့ ေက်ာက္တုံးေတြ အလြယ္တကူထြင္းထုႏိုင္ဖို႔အတြက္ ေက်ာက္တုံးေတြေပၚမွာ မီး႐ႈိ႕ခ်လိုက္ၿပီး ထိုေက်ာက္သားအေပၚ ေရထပ္ျဖန္းခ်လိုက္ပါတယ္။ထိုအခါ ေက်ာက္သားေတြ အက္လာၿပီး အလြယ္တကူ ထြင္းထုႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ သူဟာ အျမင့္ ၂၅ေပရွိတဲ့ ေက်ာက္ေတာင္ႀကီးကို ၿဖိဳဖ်က္ၿပီး အက်ယ္ ေပ ၃၀၊ အရွည္ ေပ ၃၆၀ ရွိတဲ့ လမ္းကို ေဖာက္လုပ္ႏိုင္ခဲ့ပါတယ္။

ေက်ာက္ေတာင္ကို ေဖာက္ထြင္းလိုက္တဲ့ Dashrath Manjhi လမ္းဟာ ၿမိဳ႕နဲ႔ ယခင္ကထက္ေတာ့ ပိုးၿပီးနီးသြားခဲ့ပါတယ္။သူေဖာက္ခဲ့တဲ့လမ္းအတြက္ ႏိုင္ငံေတာ္က အသိအမွတ္ျပဳ ခ်ီးက်ဴးျခင္းကို ခံရၿပီး အမ်ားျပည္သူေတြကလည္း “ေတာင္လူသား” ဆိုၿပီး အသိအမွတ္ျပဳခဲ့ၾကပါတယ္။ ဒါ့အျပင့္ Dashrath Manjhi ဟာ မိမိတို႔ေနထိုင္တဲ့ ရြာေလးအတြက္ အေျခခံလိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးဖို႔ အစိုးရထံ အသနားခံစာ တင္ခဲ့ပါတယ္။ Dashrath Manjhi ဟာ သူျပဳလုပ္ခဲ့တဲ့ ေကာင္းမႈေတြကို အျပည့္အဝ မခံစားလိုက္ရဘဲ ၂၀၀၇ ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ ဒါေပမဲ့ ဇနီးသည္အေပၚခ်စ္တဲ့စိတ္ေၾကာင့္ ေနာင္လာေနာင္သားေတြအတြက္၊ ရပ္ရြာအတြက္အမ်ားႀကီး အက်ိဳးျပဳေပးသြားတာေတာ့ တကယ့္ကိုေလးစားခ်င္စရာေကာင္းပါတယ္။

Credit : Original Writer

Unicode

Dashrath Manjhi ဆိုတဲ့ အမျိုးသားဟာ လူအများက မဖြစ်နိုင်တဲ့ အရာကို လုပ်ခဲ့လို့ သူ့ကို အရူးလို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်။ သူဟာ ဘာစက်ယန္တရားမှ မပါဘဲ လက်လုပ် ပစ္စည်းတွေနဲ့ ၂၂ နှစ်လုံးလုံး ကျောက်တောင်ကိုဖြိုပြီး လမ်းဖောက်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။အန္ဒိယနိုင်ငံ တောင်ပိုင်း Bihar ပြည်နယ် Gehlour ဆိုတဲ့ မြို့လေးမှာ ဇာတ်မဲ့လူမျိုးတွေ အများအပြားနေထိုင်ပါတယ်။ အန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့ အစဉ်အလာရှိခဲ့ပြီးယခုအချိန်ထိလည်း လူတန်းစား ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ ဇာတ်နိမ့်၊ ဇာတ်မြင့်ပေါ် မူတည်ပြီး အကျိုးခံစားခွင့်၊ အခွင့်အရေးတွေက မတူပါဘူး။

ဒါပေမဲ့ Dashrath Manjhi ကတော့ ဇာတ်မဲ့သူတစ်ယောက်ဖြစ်ပါတယ်။မျိုးရိုးမရှိတဲ့ လူတန်းစားတစ်ဦးဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့နေရာမှာ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးစတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။ မြို့နဲ့ သူတို့နေထိုင်ရာ ရွာကြားမှာ ကျောက်တောင်တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။ အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်းဖြစ်ပြီး ဆေးရုံကို အချိန်မှီမပို့လိုက်နိုင်တာကြောင့် မသေဆုံးသင့်ပဲသေဆုံးခဲ့ရပါတယ်။ မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီမခံယူလိုက်နိုင်ဘဲ သေဆုံးသွားတဲ့ ဇနီးသည်အတွက် ရင်ကျိုးမရဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် Dashrath Manjhi ဟာ မိမိမှာရှိတဲ့ ဆိတ်သုံးကောင်ကို ရောင်းချပြီး တောင်ကို ထွင်းထုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်လိုက်ပါတယ်။ အဲ့ဒီနောက်သူဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်ထိ ၂၂နှစ်လုံးလုံး အလုပ်အားတဲ့ညနေဘက်နဲ့ ညဘက်တွေမှာ ဒီတောင်ကို ထွင်းထုပါတယ်။ မာကျောတဲ့ ကျောက်တုံးတွေ အလွယ်တကူထွင်းထုနိုင်ဖို့အတွက် ကျောက်တုံးတွေပေါ်မှာ မီးရှို့ချလိုက်ပြီး ထိုကျောက်သားအပေါ် ရေထပ်ဖြန်းချလိုက်ပါတယ်။ထိုအခါ ကျောက်သားတွေ အက်လာပြီး အလွယ်တကူ ထွင်းထုနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူဟာ အမြင့် ၂၅ပေရှိတဲ့ ကျောက်တောင်ကြီးကို ဖြိုဖျက်ပြီး အကျယ် ပေ ၃၀၊ အရှည် ပေ ၃၆၀ ရှိတဲ့ လမ်းကို ဖောက်လုပ်နိုင်ခဲ့ပါတယ်။

ကျောက်တောင်ကို ဖောက်ထွင်းလိုက်တဲ့ Dashrath Manjhi လမ်းဟာ မြို့နဲ့ ယခင်ကထက်တော့ ပိုးပြီးနီးသွားခဲ့ပါတယ်။သူဖောက်ခဲ့တဲ့လမ်းအတွက် နိုင်ငံတော်က အသိအမှတ်ပြု ချီးကျူးခြင်းကို ခံရပြီး အများပြည်သူတွေကလည်း “တောင်လူသား” ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင့် Dashrath Manjhi ဟာ မိမိတို့နေထိုင်တဲ့ ရွာလေးအတွက် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အစိုးရထံ အသနားခံစာ တင်ခဲ့ပါတယ်။ Dashrath Manjhi ဟာ သူပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို အပြည့်အဝ မခံစားလိုက်ရဘဲ ၂၀၀၇ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးသည်အပေါ်ချစ်တဲ့စိတ်ကြောင့် နောင်လာနောင်သားတွေအတွက်၊ ရပ်ရွာအတွက်အများကြီး အကျိုးပြုပေးသွားတာတော့ တကယ့်ကိုလေးစားချင်စရာကောင်းပါတယ်။Credit : Original Writer

Leave a Reply

Your email address will not be published. Required fields are marked *