နာမည္ႀကီးပုဂၢိဳလ္မ်ား

(၂၉) ႏွစ္ျပည့္ေမြးေန႔မွာ ထမင္းေၾကာ္နဲ႔ ဧည့္ခံၿပီး ေမြးေန႔ပြဲက်င္းပခဲ့တဲ့ သင္းသင္း

ပရိသတ္ေတြ သိထားၿပီးသားျဖစ္တဲ့ အလွမယ္ သင္းသင္း ဟာဆိုရင္ MMPA Organization မွ ခန္႔အပ္ခဲ့တဲ့ Ms Tourism Ambassador ဆု ကို ရရွိထားသူပါ။ ဒါေပမယ့္ သူမရဲ႕ လူမႈေရးျပႆနာေတြေၾကာင့္ သင္းသင္းက အလွမယ္သရဖူကို Organization မွ ျပန္အသိမ္းခံခဲ့ရေပမယ့္ သူမဝါသနာပါရာ အႏုပညာလမ္းမေပၚမွာ ဆက္လက္ေလ်ွာက္လွမ္းေနတာပဲ ျဖစ္ပါတယ္။

မေန႔က ဇူလိုင္လ(၁၃)ရက္ေန႔ကေတာ့ သင္းသင္းရဲ႕ ၂၉ ႏွစ္ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ သင္းသင္းရဲ႕ ေမြးေန႔ပြဲကို ရန္ကုန္ၿမိဳ႕ Cafe 20 မွာ က်င္းပျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

သင္းသင္းရဲ႕ ေမြးေန႔ပြဲကို ညီဘြားညီ၊ ေဆာင္းအိေျႏၵထြန္း နဲ႔ အျခားေသာ မိတ္ေဆြအေပါင္းအသင္းေတြမ်ားစြာ တက္ေရာက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

သင္းသင္းက ထူးထူးျခားျခားအေနနဲ႔ သူမရဲ႕ ေမြးေန႔ပြဲတက္ေရာက္လာသူကို ထမင္းေၾကာ္နဲ ဧည့္ခံေကြၽးေမြးခဲ့တာပဲ ျဖစ္ပါတယ္။ ထမင္းေၾကာ္ကေတာ့ သင္းသင္းရဲ႕ အႀကိဳက္ဆံုးအစားအစာလို႔ ေျပာၾကားထားတာေတြလည္း ရိွပါတယ္။

သင္းသင္းကေတာ့ ေမြးေန႔ပြဲမွာ ျမန္မာဝတ္စံုလွလွေလးနဲ႔ က်က္သေရရိွရိွလွေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သင္းသင္းအတြက္ ေမြးေန႔ဆုေတာင္းစကား ေျပာေပးသြားၾကပါဦးေနာ္။

Credit : Rowena (MoMoLay)

Unicode

ပရိသတ်တွေ သိထားပြီးသားဖြစ်တဲ့ အလှမယ် သင်းသင်း ဟာဆိုရင် MMPA Organization မှ ခန့်အပ်ခဲ့တဲ့ Ms Tourism Ambassador ဆု ကို ရရှိထားသူပါ။ ဒါပေမယ့် သူမရဲ့ လူမှုရေးပြဿနာတွေကြောင့် သင်းသင်းက အလှမယ်သရဖူကို Organization မှ ပြန်အသိမ်းခံခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းမပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ(၁၃)ရက်နေ့ကတော့ သင်းသင်းရဲ့ ၂၉ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်းသင်းရဲ့ မွေးနေ့ပွဲကို ရန်ကုန်မြို့ Cafe 20 မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။သင်းသင်းရဲ့ မွေးနေ့ပွဲကို ညီဘွားညီ၊ ဆောင်းအိန္ဒြေထွန်း နဲ့ အခြားသော မိတ်ဆွေအပေါင်းအသင်းတွေများစွာ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သင်းသင်းက ထူးထူးခြားခြားအနေနဲ့ သူမရဲ့ မွေးနေ့ပွဲတက်ရောက်လာသူကို ထမင်းကြော်နဲ ဧည့်ခံကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ ထမင်းကြော်ကတော့ သင်းသင်းရဲ့ အကြိုက်ဆုံးအစားအစာလို့ ပြောကြားထားတာတွေလည်း ရှိပါတယ်။

သင်းသင်းကတော့ မွေးနေ့ပွဲမှာ မြန်မာဝတ်စုံလှလှလေးနဲ့ ကျက်သရေရှိရှိလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်းသင်းအတွက် မွေးနေ့ဆုတောင်းစကား ပြောပေးသွားကြပါဦးနော်။ Credit : Rowena (MoMoLay) , Source:Momolay Tv

Loading...
Show More

Related Articles

Back to top button
Close