ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ပထမဆံုးအႀကိမ္ Fan Meeting က်င္းပမယ့္ ပိုင္တံခြန္

ႏိုင္ငံေက်ာ္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ႐ွည္လ်ားတဲ့ အရပ္အေမာင္းနဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသားေလးတစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေအးေဆးတည္ျငိမ္စြာေနတတ္တဲ့ ပိုင္တံခြန္ကို လူငယ္ပရိသတ္ေတြသာမက လူၾကီးေတြကပါ ခ်စ္ခင္အားေပးၾကတာကို ေတြ့ရပါတယ္။ ပိုင္တံခြန္က လက္ရိွမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနၿပီး အႏုပညာေလာကမွာ ေနရာတစ္ေနရာ အခိုင္အမာရရိွထားသူပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ရဲ့ ေက်ာ္ၾကားမႈက ျပည္တြင္းမွာသာမက ျပည္ပအထိပါ ထိုးေဖာက္ေအာင္ျမင္တာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က အာရွနိုင္ငံအတြင္းက နာမည္ၾကီး အင္တာနက္ ဝက္ဆိုက္ဒ္ေတြမွာ မၾကာခဏဆိုသလို ေဖာ္ျပခံရတဲ့ မင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ပိုင္တံခြန္က ထိုင္းႏိုင္ငံက ႐ုပ္သံလိုင္းေတြနဲ႔ မီဒီယာေတြမွာ ေဖာ္ျပျခင္း ခံေနရၿပီး ထိုင္းႏိုင္ငံက မိန္းကေလးပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံမွာပါ ေအာင္ျမင္မႈေတြ တရိွန္ထိုးရရိွေနတဲ့ ပိုင္တံခြန္က ထိုင္းႏိုင္ငံက ပရိသတ္ေတြနဲ႔ ေတြ႔ဆံုဖို႔ Fan Meeting ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပေတာ့မွာ ျဖစ္ပါတယ္။

ပိုင္တံခြန္ကို ခ်စ္ခင္အားေပးၾကတဲ့ ထိုင္းသူေလးေတြကေတာ့ ေတာ္ေတာ္ေလး ဝမ္းသာေနပါတယ္ေနာ္။ ကိုယ့္ႏိုင္ငံက မင္းသားတစ္ေယာက္ ျပည္ပမွာ Fan Meeting က်င္းပႏိုင္ငံတဲ့အထိ ေအာင္ျမင္တာကို ေတြ႔ရတာ ေတာ္ေတာ္ေလး ဝမ္းသာစရာပဲေနာ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Crd-Rowena , Source: Paing Takhon’s fb

Unicode

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အေးဆေးတည်ငြိမ်စွာနေတတ်တဲ့ ပိုင်တံခွန်ကို လူငယ်ပရိသတ်တွေသာမက လူကြီးတွေကပါ ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာသာမက ပြည်ပအထိပါ ထိုးဖောက်အောင်မြင်တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ဝက်ဆိုက်ဒ်တွေမှာ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပိုင်တံခွန်က ထိုင်းနိုင်ငံက ရုပ်သံလိုင်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြခြင်း ခံနေရပြီး ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေ တရှိန်ထိုးရရှိနေတဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ Fan Meeting ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကို ချစ်ခင်အားပေးကြတဲ့ ထိုင်းသူလေးတွေကတော့ တော်တော်လေး ဝမ်းသာနေပါတယ်နော်။ ကိုယ့်နိုင်ငံက မင်းသားတစ်ယောက် ပြည်ပမှာ Fan Meeting ကျင်းပနိုင်ငံတဲ့အထိ အောင်မြင်တာကို တွေ့ရတာ တော်တော်လေး ဝမ်းသာစရာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ Crd-Rowena , Source: Paing Takhon’s fb

Leave a Reply

Your email address will not be published. Required fields are marked *