သီချင်းမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ မေလသံစဉ်ရဲ့ “နတ်သားပုံပြင်” သီချင်းသစ်ဗီဒီယို






 


Unicode

ငယ်စဉ်ကတည်းက အနုပညာဝါသနာပါလွန်းတာကြောင့် ကိုယ်တိုင် စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ဘအသံလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် မေလသံစဉ်က သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ လူကြိုက်များထင်ရှားတဲ့ အဆိုတော်လေးဖြစ်လို့နေပါပြီ။

“သူကြီးသမီး” သီချင်းနဲ့ စတင်ပြီး လူသိများလာခဲ့တဲ့ သူမကတော့ လက်ရှိမှာလည်း သီချင်းသစ်တွေအတွက် ကြိုးစားရိုက်ကူးနေဆဲပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ “နတ်သားပုံပြင်” သီချင်းသစ်လေးကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သီချင်းမထွက်ခင်ကတည်းက TikTok မှာ နာမည်ကြီးခဲ့တဲ့ မေလရဲ့ “နတ်သားပုံပြင်” Single Song ကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ မေလရဲ့ သီချင်းသစ် အပြည့်အစုံကို ဆက်လက်ပြီး နားဆင်ခံစားပေးကြပါဦးနော်။
မေလသံစဉ်ရဲ့ “နတ်သားပုံပြင်” သီချင်းသစ် video

မေလသံစဉ် ရဲ့ “နတ်သားပုံပြင်” သီချင်းသစ် ဗီဒီယိုလေးကို ကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အနုပညာအလုပ်တွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးပေးနေတဲ့ မေလသံစဉ်ကို ဆက်လက်ပြီး ချစ်ပေး အားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။Kay KayRef: Mayla Thanzin’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *