နာမည်ကြီးပုဂ္ဂိုလ်များ

မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ခမ်းနားတဲ့ အလှတရားတွေနဲ့ ရှိုးလျှောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်


 

 





Photo;Nay Min Tun
credit: momolay

Unicode

ထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမခံယူထားတဲ့ လမ်းကြောင်းအတိုင်း အနုပညာလောကမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနေတဲ့ စိတ်ဓါတ်ခိုင်မာသူတစ်ဦးပါ။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ရှိတဲ့ သင်ဇာကတော့ လတ်တလောမှာလည်း မြန်မာအမျိုးသမီးတစ်ဦးရဲ့နှစ်လိုဖွယ်ကောင်းတဲ့ အလှတရားတွေပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ Show လျှောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သင်ဇာကတော့ ဒီဇိုင်နာ ငြိမ်းကိုရဲ့Chic & chic အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြီးမှာ သင်ဇာ့ရဲ့အလှတရားတွေက အရမ်းကို ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် စင်မြင့်ထက်မှာ ဘုရင်မတစ်ပါးလို ခမ်းနားတောက်ပနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာကတော့ “ဂုဏ်ယူပါတယ်အကိုရေ… ဒီထက်လဲအများကြီးပိုအောင်မြင်ပါစေ … အစစအရာရာအဆင်ပြေအောင်ဝိုင်းဝန်းကူညီကြသူအားလုံးကိုလဲ big thanks ပါ 🙏🏼🙏🏼🙏🏼👏🏼👏🏼👏🏼🎉🎈🎊🍾❤️ Nyein Ko ” ဆိုပြီး ဒီဇိုင်နာငြိမ်းကိုကို ဂုဏ်ပြုစကား ပြောထားတာပါ။

အမှောင်ချလိုက်ရင် မီးလင်းနေတဲ့ သင်ဇာ့ရဲ့ဝတ်စုံလေးကတော့ သေသေချာချာကို အသေးစိတ်ပြင်ဆင်ထားတာ တွေ့ရပါတယ်နော်။

သင်​ဇာဝင်​့​ကျော်​က​တော့ လက်​ရှိမှာ ချစ်ရတဲ့ မိသားစုရယ်၊ ပရိသတ်တွေရယ်အတွက်ကိုပဲ ဦးစားပေးပြီး အလုပ်တွေလုပ်တော့မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခမ်းနားလွန်းတဲ့ ဖက်ရှင်နဲ့ show လျှောက်ခဲ့တဲ့ သင်ဇာ့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Thinzar Wint Kyaw’s Facebook
Photo;Nay Min Tun

Loading...
Show More

Related Articles

Back to top button
Close