တနဂၤေႏြသားသမီးမ်ားရဲ႕ 2018 ခုႏွစ္အတြက္ တစ္ႏွစ္စာေဟာစာတမ္း

ဤႏွစ္အတြင္း ကိုယ္ထူး ကိုယ္ခြၽန္ အလုပ္လုပ္တာ ပိုပီး အဆင္ေျပမည္။ 2018 ခုႏွစ္အတြင္း ရပ္တန႔္ထားေသာ လုပ္ငန္းမ်ား ျပန္လည္ ေဆာင္႐ြက္ရမည့္ ကာလ ျဖစ္သည္။ တစ္ပါးသူ အေပၚ အားကိုး၍ မရေသာ ကာလ ျဖစ္သည္။ မိမိ လြယ္ကူမည္ဟု ယူဆေသာ ကိစၥမ်ား အေႏွာင့္အယွက္ ေပးျခင္း ခံရတတ္သည္။

ဖုန္းႏွင့္ စက္ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊အိမ္ၿခံေျမ လုပ္ငန္းမ်ား လုပ္ျခင္း၊ေဖ်ာက္ရည္၊ယမကာ ထုတ္လုပ္ျခင္း လုပ္ငန္းမ်ားမွ အက်ိဳးအျမတ္မ်ား ရမည္။ ျပည္တြင္း ျပည္ပ ဆက္သြယ္ေရး လုပ္ငန္းမ်ား လုပ္ျခင္း၊ ကြန္ပ်ဴတာ ႏွင့္ တီထြင္ ပညာမ်ား လုပ္ျခင္း ေကာင္းမည္။ ေငြေၾကးကိစၥကေတာ့ မထင္မွတ္ဘဲ ဒီႏွစ္အတြင္း ထင္မွတ္ထားတာထက္ ပိုဝင္ကိန္းႀကဳံမည္။

အိမ္ယာ၊တိုက္ခန္း၊ေျမယာၿခံကြက္မ်ား ရရွိတတ္သည္။ ဖုန္းႏွင့္ အဖိုးတန္ပစၥည္းမ်ား က်ေပ်ာက္ကိန္း ရွိသည္။ လူစုလူေဝး မ်ားျပားေသာ ေနရာမ်ားတြင္ သြားလာ လႈပ္ရွားျခင္း ေရွာင္ရမည္။

ယခုႏွစ္တြင္ တနလၤာ၊ဗုဒၶဟူး၊ၾကာသပေတးေန႔ သားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆို ေဆာင္႐ြက္ရာတြင္ ေအာင္ျမင္မႈမ်ား ရရွိမည္။အိမ္တြင္းေရး ျပသနာမ်ား မၾကာမၾကာ ေျဖရွင္း ရတတ္သည္။တခါတခါ မွန္ရဲ႕သားနဲ႔ အက်ဥ္းအၾကပ္ထဲ ႀကဳံရတတ္သည္။

ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရးႏွင့္ ပတ္သက္၍ စန္းပြင့္လိမ့္မည္။အႏွစ္ႏွစ္ အလလ မစြံသူမ်ား ဒီႏွစ္မွာ စြံဖို႔မ်ားပါတယ္။အခ်စ္ကံေကာင္းမည္။

ပညာေရးတြင္ မိမိ၏ ႀကိဳးပမ္းမႈေၾကာင့္ ထူးထူးျခားျခား တိုးတက္ ေအာင္ျမင္ လာလိမ့္မည္။ သို႔ေသာ္ ပညာေရးႏွင့္ အခ်စ္ေရးမ်ား ေရာေထြးေနျခင္းမ်ား ႀကဳံေနရတတ္သည္။

က်န္းမာေရးတြင္ အေရျပားေရာဂါ၊အာ႐ုံေၾကာ အားနည္းျခင္း၊ အပူနာေပါက္ျခင္း၊ ေခါင္းကိုက္ျခင္း ေဝဒနာမ်ား မၾကာခဏ ခံစားရတတ္သည္။

တန္ခူး၊ ကဆုန္လမ်ားတြင္ အလုပ္လုပ္တာ၊ အေရးႀကီး စကားေျပာဆိုတာေတြ သတိထားပါ။ အဲဒီ (2) လက အထူးညံ့သည္။ သီတင္းကြၽတ္၊ တန္ေဆာင္မုန္း၊ နတ္ေတာ္လမ်ားတြင္ ေအာင္ျမင္မႈမ်ား ႀကဳံရမည္။အဲဒီလေတြမွာ အလုပ္လုပ္လ်င္ ဖိႀကိဳးစားပီး လုပ္ပါ။

ယၾတာ➖ေမၿမိဳ႕ပန္း၊ ပိေတာက္ၫြန႔္၊ ေပါက္ၫြန႔္ (၉) ၫြန႔္စီ ဘုရားမွာတင္ပါ။

မိမိေမြးေန႔ေတြမွာ ေခါက္ဆြဲထုပ္၊ႀကံရည္၊ၾကာဇံထုပ္မ်ား လွဴ ေပးပါ။

အက်ိဳးေပးေသာ အကၡရာႏွင့္ ဂဏာန္းမ်ား➖(တ၊န၊ပ၊ဖ) (၃၊၈၊၂၊၇)

နကၡတ္ ေဗဒင္ လကၡဏာ ယၾတာ ဆရာေနာင္ေနာင္မိုး(မန္းေလး)

Unicode Version

ဤနှစ်အတွင်း ကိုယ်ထူး ကိုယ်ချွန် အလုပ်လုပ်တာ ပိုပီး အဆင်ပြေမည်။ 2018 ခုနှစ်အတွင်း ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရမည့် ကာလ ဖြစ်သည်။ တစ်ပါးသူ အပေါ် အားကိုး၍ မရသော ကာလ ဖြစ်သည်။ မိမိ လွယ်ကူမည်ဟု ယူဆသော ကိစ္စများ အနှောင့်အယှက် ပေးခြင်း ခံရတတ်သည်။

ဖုန်းနှင့် စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊အိမ်ခြံမြေ လုပ်ငန်းများ လုပ်ခြင်း၊ဖျောက်ရည်၊ယမကာ ထုတ်လုပ်ခြင်း လုပ်ငန်းများမှ အကျိုးအမြတ်များ ရမည်။ ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာ နှင့် တီထွင် ပညာများ လုပ်ခြင်း ကောင်းမည်။ ငွေကြေးကိစ္စကတော့ မထင်မှတ်ဘဲ ဒီနှစ်အတွင်း ထင်မှတ်ထားတာထက် ပိုဝင်ကိန်းကြုံမည်။

အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များ ရရှိတတ်သည်။ ဖုန်းနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်း ရှိသည်။ လူစုလူဝေး များပြားသော နေရာများတွင် သွားလာ လှုပ်ရှားခြင်း ရှောင်ရမည်။

ယခုနှစ်တွင် တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်။အိမ်တွင်းရေး ပြသနာများ မကြာမကြာ ဖြေရှင်း ရတတ်သည်။တခါတခါ မှန်ရဲ့သားနဲ့ အကျဉ်းအကြပ်ထဲ ကြုံရတတ်သည်။

ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်၍ စန်းပွင့်လိမ့်မည်။အနှစ်နှစ် အလလ မစွံသူများ ဒီနှစ်မှာ စွံဖို့များပါတယ်။အချစ်ကံကောင်းမည်။

ပညာရေးတွင် မိမိ၏ ကြိုးပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတက် အောင်မြင် လာလိမ့်မည်။ သို့သော် ပညာရေးနှင့် အချစ်ရေးများ ရောထွေးနေခြင်းများ ကြုံနေရတတ်သည်။

ကျန်းမာရေးတွင် အရေပြားရောဂါ၊အာရုံကြော အားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာများ မကြာခဏ ခံစားရတတ်သည်။

တန်ခူး၊ ကဆုန်လများတွင် အလုပ်လုပ်တာ၊ အရေးကြီး စကားပြောဆိုတာတွေ သတိထားပါ။ အဲဒီ (2) လက အထူးညံ့သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများတွင် အောင်မြင်မှုများ ကြုံရမည်။အဲဒီလတွေမှာ အလုပ်လုပ်လျင် ဖိကြိုးစားပီး လုပ်ပါ။

ယတြာ➖မေမြို့ပန်း၊ ပိတောက်ညွန့်၊ ပေါက်ညွန့် (၉) ညွန့်စီ ဘုရားမှာတင်ပါ။

မိမိမွေးနေ့တွေမှာ ခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များ လှူ ပေးပါ။

အကျိုးပေးသော အက္ခရာနှင့် ဂဏာန်းများ➖(တ၊န၊ပ၊ဖ) (၃၊၈၊၂၊၇)

နက္ခတ် ဗေဒင် လက္ခဏာ ယတြာ ဆရာနောင်နောင်မိုး(မန်းလေး)