ထူးဆန္းေထြလာရုပ္သံ

ကမၻာ့အြန္လိုင္းမွာ ၾကည့္ရႈသူ သန္းခ်ီသြားတဲ့ ခုတ္ထစ္ထားတဲ့ ၾကက္သားတုန္းက အသက္၀င္ခုန္ခ်တဲ့ (ရုပ္သံ)

ကမၻာႀကီးက ဆန္းၾကယ္မႈေတြနဲ႔ ျပည့္နက္ေနတယ္ဆိုတာ လူတိုင္းနီးပါး သိပါတယ္။ ခုတ္ထစ္ထားတဲ့ ၾကက္သားတုံးတစ္တုံးဟာ အသက္ျပန္ဝင္လာတယ္ဆိုရင္ ဘယ္သူမွ ယုံမွာမဟုတ္ပါဘူး။ေအာက္ဆံုးမွာ ဗြီဒီယိုဖိုင္တင္ေပးထားပါတယ္

စားေသာက္ဆိုင္တစ္ဆုိင္ရဲ႕ စားပြဲေပၚမွာ ခုတ္ထစ္ထားတဲ့ ၾကက္သားတုံးတစ္တုံး-အသက္ျပန္ဝင္လာတဲ့ပုံကို ထိတ္လန္႔ေၾကာက္မက္ဖြယ္ရာ ဗြီဒီယိုမွတ္တမ္းတစ္ခု တင္ထားႏိုင္ခဲ့ပါတယ္။ စားေသာက္ဆိုင္ရဲ႕ စားပြဲေပၚမွာ အျခားအသားေတြနဲ႔အတူ တင္ထားတဲ့ ၾကက္သားပန္းကန္ျပား တစ္ခ်ပ္ကို ဗြီဒီယုိထဲမွာ ေဖာ္ျပထားပါတယ္။အဲဒီေနာက္မွာ ၾကက္သားတုံးတစ္တုံးက တြန္႔လိမ္လႈပ္ရွားလာတာကို ေဖာ္ျပထားပါတယ္။ ၾကက္သားတုံဟာ သူဘာသာသူ ေျမာက္တက္လာၿပီးေတာ့ ပန္းကန္ျပားေပၚမွာ စတင္တြန္႔လိမ္လာလုိ႔ ၾကည့္ေနတဲ့သူေတြ အ့ံၾသမွင္သက္သြားေလာက္ေအာင္ကို ထမင္းစားပန္းကန္ျပားထဲကေန ဆြဲခ်သြားပါတယ္။

ကက္သားတုံးက ၾကည့္ေနတဲ့အမ်ိဳးသမီး ေၾကာက္လန္႔တၾကား ျဖစ္ေစအထိ သက္ဝင္လြန္းပါတယ္။ ဒီဗြီဒီယိုကို Rie Phillps ဆိုသူက Facebook ေပၚကို လြန္ခဲ့တဲ့ ႏွစ္ပတ္က တင္ခဲ့သလုိ ၾကည့္႐ႈတဲ့ အႀကိမ္ေရေပါင္း (၄)သန္းေက်ာ္သြားပါတယ္။ဒီအျဖစ္ပ်က္က ဘယ္မွာ ျဖစ္ပ်က္ခဲ့တယ္ဆိုတာ သတင္းမွာ ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္ ပန္းကန္ေပၚတင္ထားတဲ့ တူကို ၾကည့္ျခင္းအားျဖင့္ ဒီအျဖစ္ပ်က္ဟာ ဂ်ပန္၊ ကိုရီးယား ဒါမွမဟုတ္ တ႐ုပ္စားေသာက္ဆိုင္မွာ ျဖစ္သြားတယ္လို႔ ခန္႔မွန္းၾကပါတယ္။

ဒီဗြီဒီယုိေအာက္မွာ ကြန္မန္႔ေရးသူေတြ တသီတတန္းႀကီး ျဖစ္ခဲ့ပါတယ္။ လူတစ္ေယာက္ ကေတာ့ “ဒါ ျဖစ္ႏိုင္တယ္၊ ဘာလို႔လဲဆုိေတာ့ အသားက လက္လက္ဆက္ဆက္ႀကီး၊ အဲဒီေတာ့ ၾကြက္သားေတြက လႈပ္ေနႏိုင္တယ္… “လို႔ ေရးထားခဲ့တယ္။လူေနာက္တစ္ဦးကေတာ့- “ဟ… မင္းကေတာင္ လမ္းေလ်ာက္မွေတာ့ ငါကလည္း လမ္းေလ်ာက္မွာေပါ့…”လို႔ အရႊန္းေဖာက္ ေရးသားခဲ့ပါတယ္။ ၾကက္ေတြဟာ ေခါင္းမပါပဲနဲ႔ေတာင္မွ ဆက္သြားေနတတ္ၿပီး အသက္ျပန္ရွင္သလုိ ျဖစ္တတ္တယ္လုိ႔ သိရပါတယ္။ အမ်ားေျပာစကားအရ ထိုင္္းမွာ ေခါင္းျပတ္ၿပီး ေသြးထြက္ေနတဲ့ ၾကက္တစ္ေကာင္က-

တစ္ပတ္ၾကာေအာင္ အသက္ရွင္ေနခဲ့ေၾကာင္း သိရပါတယ္။ ေခါင္းမပါပဲ အခ်ိန္အၾကာႀကီး အသက္ရွင္တဲ့ၾကက္ကို “ေမွာ္ဆရာ Mike”လို႔ ေခၚၾကပါတယ္။ Mike ဟာ အေမရိကန္ႏိုင္ငံမွာ (၁၉၄၅)ခုႏွစ္က ေန (၁၉၄၇)ခုႏွစ္အထိ ေခါင္းျပတ္သြားၿပီးေနာက္ (၁၈)လၾကာေအာင္ အသက္ရွင္ခဲ့တဲ့ ၾကက္တစ္ေကာင္အေၾကာင္းပါ။

တ႐ုတ္ေတာင္ပိုင္း Guangzhou ျပည္နယ္မွာ ႐ိုက္ကူခဲ့တဲ့ ဗြီဒီယိုထဲမွာေတာ့ အသားဆိုင္မွာခ်ိတ္ထားတဲ့ အသားတုံးေတြက ႐ုံးကန္လႈပ္ရွားေနတာကို ျပသခဲ့ပါတယ္။ ဗီြဒီယုိကင္မရာ ႐ိုက္ေနတဲ့သူက အသားတုံးေတြ အဆက္မျပတ္လႈပ္ေနခ်ိန္မွာ အသက္ျပင္းျပင္း႐ွဴသံကို ၾကားေနရပါတယ္။က်န္းမာေရး ကၽြမ္းက်င္သူေတြကေတာ့ ၾကြက္သားေတြက မေသဆုံးေသးဘူးဆုိရင္ ဒီလို မထင္မွတ္ တာေတြ ျဖစ္တတ္တယ္လို႔ ေျပာပါတယ္။ ဒါေတြဟာ အေရွ႕တိုင္း ထင္ျမင္ယူဆခ်က္အရဆိုရင္ သရဲသဘက္ ဝင္စီးတယ္လို႔ ေျပာရမွာပါပဲ။ ဦးေခါင္းျပတ္ ၾကက္အေၾကာင္း ဖတ္ခ်င္ရင္ေတာ့ Mike the Headless Chicken ဆုိၿပီး ရွာေဖြဖတ္႐ႈႏုိင္ပါတယ္။

Credit -မင္းႏြယ္ခန္႔ (D Nae Thit) , source-The Sun

Unicode

ကမ္ဘာကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နက်နေတယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံးဟာ အသက်ပြန်ဝင်လာတယ်ဆိုရင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။အောက်ဆုံးမှာ ဗွီဒီယိုဖိုင်တင်ပေးထားပါတယ်

စားသောက်ဆိုင်တစ်ဆိုင်ရဲ့ စားပွဲပေါ်မှာ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံး-အသက်ပြန်ဝင်လာတဲ့ပုံကို ထိတ်လန့်ကြောက်မက်ဖွယ်ရာ ဗွီဒီယိုမှတ်တမ်းတစ်ခု တင်ထားနိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်ရဲ့ စားပွဲပေါ်မှာ အခြားအသားတွေနဲ့အတူ တင်ထားတဲ့ ကြက်သားပန်းကန်ပြား တစ်ချပ်ကို ဗွီဒီယိုထဲမှာ ဖော်ပြထားပါတယ်။အဲဒီနောက်မှာ ကြက်သားတုံးတစ်တုံးက တွန့်လိမ်လှုပ်ရှားလာတာကို ဖော်ပြထားပါတယ်။ ကြက်သားတုံဟာ သူဘာသာသူ မြောက်တက်လာပြီးတော့ ပန်းကန်ပြားပေါ်မှာ စတင်တွန့်လိမ်လာလို့ ကြည့်နေတဲ့သူတွေ အံ့သြမှင်သက်သွားလောက်အောင်ကို ထမင်းစားပန်းကန်ပြားထဲကနေ ဆွဲချသွားပါတယ်။

ကက်သားတုံးက ကြည့်နေတဲ့အမျိုးသမီး ကြောက်လန့်တကြား ဖြစ်စေအထိ သက်ဝင်လွန်းပါတယ်။ ဒီဗွီဒီယိုကို Rie Phillps ဆိုသူက Facebook ပေါ်ကို လွန်ခဲ့တဲ့ နှစ်ပတ်က တင်ခဲ့သလို ကြည့်ရှုတဲ့ အကြိမ်ရေပေါင်း (၄)သန်းကျော်သွားပါတယ်။ဒီအဖြစ်ပျက်က ဘယ်မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သတင်းမှာ ဖော်ပြမထားပါဘူး။ ဒါပေမယ့် ပန်းကန်ပေါ်တင်ထားတဲ့ တူကို ကြည့်ခြင်းအားဖြင့် ဒီအဖြစ်ပျက်ဟာ ဂျပန်၊ ကိုရီးယား ဒါမှမဟုတ် တရုပ်စားသောက်ဆိုင်မှာ ဖြစ်သွားတယ်လို့ ခန့်မှန်းကြပါတယ်။

ဒီဗွီဒီယိုအောက်မှာ ကွန်မန့်ရေးသူတွေ တသီတတန်းကြီး ဖြစ်ခဲ့ပါတယ်။ လူတစ်ယောက် ကတော့ “ဒါ ဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ အသားက လက်လက်ဆက်ဆက်ကြီး၊ အဲဒီတော့ ကြွက်သားတွေက လှုပ်နေနိုင်တယ်… “လို့ ရေးထားခဲ့တယ်။လူနောက်တစ်ဦးကတော့- “ဟ… မင်းကတောင် လမ်းလျောက်မှတော့ ငါကလည်း လမ်းလျောက်မှာပေါ့…”လို့ အရွှန်းဖောက် ရေးသားခဲ့ပါတယ်။ ကြက်တွေဟာ ခေါင်းမပါပဲနဲ့တောင်မှ ဆက်သွားနေတတ်ပြီး အသက်ပြန်ရှင်သလို ဖြစ်တတ်တယ်လို့ သိရပါတယ်။ အများပြောစကားအရ ထိုင်းမှာ ခေါင်းပြတ်ပြီး သွေးထွက်နေတဲ့ ကြက်တစ်ကောင်က-

တစ်ပတ်ကြာအောင် အသက်ရှင်နေခဲ့ကြောင်း သိရပါတယ်။ ခေါင်းမပါပဲ အချိန်အကြာကြီး အသက်ရှင်တဲ့ကြက်ကို “မှော်ဆရာ Mike”လို့ ခေါ်ကြပါတယ်။ Mike ဟာ အမေရိကန်နိုင်ငံမှာ (၁၉၄၅)ခုနှစ်က နေ (၁၉၄၇)ခုနှစ်အထိ ခေါင်းပြတ်သွားပြီးနောက် (၁၈)လကြာအောင် အသက်ရှင်ခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပါ။

တရုတ်တောင်ပိုင်း Guangzhou ပြည်နယ်မှာ ရိုက်ကူခဲ့တဲ့ ဗွီဒီယိုထဲမှာတော့ အသားဆိုင်မှာချိတ်ထားတဲ့ အသားတုံးတွေက ရုံးကန်လှုပ်ရှားနေတာကို ပြသခဲ့ပါတယ်။ ဗွီဒီယိုကင်မရာ ရိုက်နေတဲ့သူက အသားတုံးတွေ အဆက်မပြတ်လှုပ်နေချိန်မှာ အသက်ပြင်းပြင်းရှူသံကို ကြားနေရပါတယ်။ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ ကြွက်သားတွေက မသေဆုံးသေးဘူးဆိုရင် ဒီလို မထင်မှတ် တာတွေ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ဒါတွေဟာ အရှေ့တိုင်း ထင်မြင်ယူဆချက်အရဆိုရင် သရဲသဘက် ဝင်စီးတယ်လို့ ပြောရမှာပါပဲ။ ဦးခေါင်းပြတ် ကြက်အကြောင်း ဖတ်ချင်ရင်တော့ Mike the Headless Chicken ဆိုပြီး ရှာဖွေဖတ်ရှုနိုင်ပါတယ်။Credit -မင်းနွယ်ခန့် (D Nae Thit) , source-The Sun

ဗီဒီယိုဖိုင္ၾကည့္ရန္

 

Loading...
Show More

Related Articles

Back to top button
Close