နာမည်ကြီးပုဂ္ဂိုလ်များ

(၈၅) နှစ်ပြည့်သွားသည့်တိုင် လှပနေဆဲဖြစ်တဲ့ မင်းသမီးကြီး မြင့်မြင့်ခင်

ချိုသာတဲ့ အပြုံလေးတွေနဲ့ အပိုအလိုမရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီး မြင့်မြင့်ခင်ကို ရုပ်ရှင်ချစ် ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီကနေ့ သြဂုတ်လ(၁၄) ရက်နေ့ကတော့ မင်းသမီးကြီး မြင့်မြင့်ခင်ရဲ့ အသက်(၈၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အကယ်ဒမီ မြင့်မြင့်ခင်ရဲ့ ငယ်ဘဝအကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်။

မင်းသမီးကြီး မြင့်မြင့်ခင်က အကယ်ဒမီ ဆုကြီး(၅) ဆု တိတိကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီး ဖြစ်ပါတယ်။ အန်တီ မြင့်မြင့်ခင်က (၁၉၅၇) ခုနှစ်က “ချစ်ညီမ” ရုပ်ရှင်ဇာတ်ကားကြီး၊ (၁၉၅၈) ခုနှစ်က “ဖြေလျော့ခွေ” ရုပ်ရှင်ဇာတ်ကားကြီး၊ (၁၉၇၃) ခုနှစ်မှာတော့ “မုန်းပါတယ် မောင့်ကို” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်းကောင်း”

(၁၉၈၀) ခုနှစ်ကတော့ “မှတပါး အခြားမရှိပြီ” ရုပ်ရှင်ဇာတ်ကားကြီး၊ (၁၉၉၆) ခုနှစ်မှာတော့ “မြင့်မိုရ်တောင်ဦး၊ မကကျူးသား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်းကောင်း အကယ်ဒမီဆုကြီး (၅) ဆုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီများရှင် မြင့်မြင့်ခိုင်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်ပြီး သားသမီး မြေးမြစ်တွေနဲ့သာ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

အကယ်ဒမီ မြင့်မြင့်ခိုင်ကတော့ အသက်(၈၅) နှစ်တိုင် ငယ်ဂုဏ်လေးနဲ့ ချောမောနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အန်တီမြင့်မြင့်ခင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။Credit -original

Loading...
Show More

Related Articles

Back to top button
Close