နာမည်ကြီးပုဂ္ဂိုလ်များ

ဘုရား ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကားတိုက်မှုမှာ ဒဏ်ရာ တစ်ခုတောင် မရခဲ့ဘူး ဆိုတဲ့ မိုးပြည့်ပြည့်မောင်

ဗီဒီယိုခေတ်မှာအလွမ်းမင်းသမီးအဖြစ် ခေတ်စားတဲ့ မိုးပြည့်ပြည့်မောင်ဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ အနည်းငယ်သာလုပ်ကိုင်ပေမယ့် ဘာသာရေးလုပ်ငန်းတွေကိုတော့ ဦးစားပေးလုပ်ကိုင်လာခဲ့ပါတယ်။ သူမဟာ မိခင်ဖြစ်သူနဲ့ အတူ သြဂုတ်လ (၁၃)ရက်နေ့က ရွှေတောင်မြို့ကို သွားခဲ့ပါတယ်။ သွားနေစဉ် ရန်ကုန်ပြည်လမ်းမပေါ် မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အုတ်ဖိုမြို့နယ် အတွင်း ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၁၄) လမ်းချော်ဧရိယာအတွင်း ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင် မောင်းနှင်လာသောကား မှာ ရှေ့ဘီးပေါက်၍ လမ်းဘေးသစ်ပင်အား တိုက်မိခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလားသော သားအမိ၂ယောက်လုံး ထိခိုက် ဒဏ်ရာ မရရှိခဲ့ဘူးလို့လဲ သိရပါတယ်။

အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး မိုးပြည့်ပြည့်မောင်ကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ” မိုးပြည့်တို့သားအမိနှစ်ယောက်ဘုရားတရားသံဃာဂုဏ်ကျေးဇူးတို့ကြောင့်ဘာအန္တရာယ်မှမဖြစ်ပဲမထိခိုက်ပဲဒဏ်ရာတစ်ခုမှမရပဲရွှေတောင်မြို့မှဲ့ရှင်ဆရာတော်ကြီးမွေးနေ့ပွဲတွင်အနုပညာဖြင့်ပူဇော်ရန်ရောက်ရှိနေပါသည်,စိတ်ပူပေးကြသောမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများအားအထူးကျေးဇူးတင်မိပါတယ်ရှင်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပရိသတ်ကြီးလဲ စိတ်မပူကြတော့နဲ့နော်။May Phyo(MML)Source – moe pyae pyae maung\Credit-original

Loading...
Show More

Related Articles

Back to top button
Close