နာမည်ကြီးပုဂ္ဂိုလ်များရုပ်သံ





 


UNICODE

သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုခံယူနေတဲ့ အာဇာနည်ရဲ့သားလေး ချစ်ချစ်တုန်ရဲ့ Video လေး
အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရောက်ရှိနေသူကတော့ အဆိုတော် အာဇာနည်ပဲ ဖြစ်ပါတယ်။ သူဟာ ဂီတလောကတွင် အောင်မြင်ရုံသာမကပဲ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့သီချင်းတိုင်းကို ယနေ့ထိတိုင် နားဆင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

သားနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်ဟာလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ရရှိထားသူပါ။ သားလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်၊ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှလေ့ရှိပြီး အားလုံးကလည်း ချစ်မဝဖြစ်နေရတာပါ။ အခုတစ်ခေါက်မှာလည်း ချစ်ချစ်တုန်လေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို တင်ထားတာပါ။

ဖစ်ဖစ်တုန်လေးကတော့ သစ်တံခါးဆရာတော်ကြီးရဲ့ မေတ္တာဓာတ်ကို လက်အုပ်လေးချီကာ ခံယူနေတာပဲ ဖြစ်ပါတယ်။ သားလေးဟာ အသက်ငယ်ပင်မယ့်လည်း ဘာသာရေးကိုကိုင်းရှိုင်းသူလေးပဲ ဖြစ်တာကြောင့် ဖေဖေနဲ့မေမေကလည်း ကြည်နူးနေရတာပါ။ ပရိသတ်တွေအတွက် ချစ်ချစ်တုန်လေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။Source – Phit Phit Chit Chit,Credit-Myanmarload

Loading...
Show More

Related Articles

Back to top button
Close