နာမည္ႀကီးပုဂၢိဳလ္မ်ား

ပရိသတ္ေတြရဲ့ ရင္ထဲကအခ်စ္ကို အပိုင္သိမ္းထားနုိင္ခဲ့တဲ့ ေဇာ္နဲ့ ေမာ္

အခုလက္ရိွ MRTV 4 ရုပ္သံလိႈင္းမွာ ထုတ္လႊင့္ျပသေနတဲ့ ‘နွင္းဆီ’ ရုပ္သံဇာတ္လမ္းတြဲကို မသိတဲ့သူ မရိွေလာက္ဘူး ထင္ပါတယ္။ ‘နွင္းဆီ’ ရုပ္သံဇာတ္လမ္းတြဲက စာေရးဆရာမၾကီး မစႏၵာရဲ့ နာမည္ၾကီးဝတၳဳတစ္ပုဒ္ျဖစ္တဲ့ ‘နွင္းဆီ’ ကို ျပန္လည္အသက္သြင္း ရိုက္ကူးထားတာ ျဖစ္ပါတယ္။ မူရင္းဇာတ္လမ္းကလည္း ေကာင္းသလို ပါဝင္သရုပ္ေဆာင္ၾကတဲ့ အနုပညာရွင္မ်ားကလည္း သူ့ေနရာနဲ့သူ အံဝင္ခြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္နုိင္ၾကတာကို ေတြ့ရပါတယ္။

ထိုသရုပ္ေဆာင္ေတြထဲကမွ ေဇာ္နဲ့ေမာ္ဆိုတဲ့ အျမႊာေမာင္နွမအျဖစ္ သရုပ္ေဆာင္ထားတဲ့ ရွင္ေမြလနဲ့ ေဝလာရီတို့က ပရိသတ္ေတြရဲ့ အထူးဂရုစိုက္ အားေပးေနၾကတာကို ေတြ့ရပါတယ္။ ရွင္ေမြကေတာ့ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားနဲ့ လူသိမ်ား ေအာင္ျမင္ခဲ့ျပီးသားသူဆုိေပမယ့္ ေဝလာရီကေတာ့ သူမရဲ့ ပထမဆံုးသရုပ္ေဆာင္ထားတဲ့ ‘နွင္းဆီ’ ရုပ္သံဇာတ္လမ္းတြဲနဲ့ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္ျခင္းကို တစ္ခဲနက္ ခံေနရတာ ျဖစ္ပါတယ္။

‘နွင္းဆီ’ ရုပ္သံဇာတ္လမ္းတြဲမွာ ေဇာ္နဲ့ေမာ္က (၅) မိနစ္သာျခားတဲ့ အျမႊာေမာင္နွမေတြျဖစ္ျပီး တစ္ေယာက္နဲ့တစ္ေယာက္ ငဲ့ညာျပီး ဂရုစိုက္လြန္းတဲ့ ေမာင္နွမေတြ ျဖစ္ၾကပါတယ္။ ညီမေလးေမာ္က ကေလးဆန္ျပီး ႏြဲ့ဆိုးဆိုးသလို ကိုၾကီးေဇာ္ကလည္း ညီမေလးကုိ အရိပ္တၾကည့္ၾကည့္နဲ့ ေစာင့္ေရွာက္တဲ့ အစ္ကိုၾကီးတစ္ေယာက္အျဖစ္ ေတြ့ျမင္ရပါတယ္။

ငယ္ငယ္ရြယ္ရြယ္နဲ့ မိခင္ကို ဆံုးရံႈးလိုက္ရျပီး ဖခင္က ေနာက္မိန္းမထပ္ယူ၊ မိေထြနဲ့ အဆင္ေျပခါနီးဆဲဆဲေရာက္ေတာ့ ဖခင္ျဖစ္သူကလည္း ရုတ္တရတ္ဆံုးပါးသြားတဲ့အခါမွာ ေဇာ္နဲ့ေမာ္ရဲ့ ဘဝေလးက မိဘမဲ့အျဖစ္ အခက္အခဲေတြၾကားမွာ ရွင္သန္ရမွာ ျဖစ္ပါတယ္။ေဇာ္နဲ့ေမာ္ အျဖစ္ သရုပ္ေဆာင္ထားတဲ့ ရွင္ေမြလနဲ့ ေဝလာရီတို့ကေတာ့ သူတို့ရဲ့ သရုပ္ေဆာင္စြမ္းရည္နဲ့ ပရိသတ္ေတြရဲ့ အသည္းနွလံုးကို ဖမ္းစားထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဇာ္နဲ့ေမာ္ ေမာင္နွမနွစ္ေယာက္ ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ရဦးမလဲဆိုတာ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။Credit-Momolay

UNICODE

ပရိသတ်တွေရဲ့ ရင်ထဲကအချစ်ကို အပိုင်သိမ်းထားနိုင်ခဲ့တဲ့ ဇော်နဲ့ မော်
အခုလက်ရှိ MRTV 4 ရုပ်သံလှိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ ‘နှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲကို မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ ‘နှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲက စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ‘နှင်းဆီ’ ကို ပြန်လည်အသက်သွင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းကလည်း ကောင်းသလို ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်များကလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ကြတာကို တွေ့ရပါတယ်။

ထိုသရုပ်ဆောင်တွေထဲကမှ ဇော်နဲ့မော်ဆိုတဲ့ အမြွှာမောင်နှမအဖြစ် သရုပ်ဆောင်ထားတဲ့ ရှင်မွေလနဲ့ ဝေလာရီတို့က ပရိသတ်တွေရဲ့ အထူးဂရုစိုက် အားပေးနေကြတာကို တွေ့ရပါတယ်။ ရှင်မွေကတော့ ဇာတ်လမ်းတွဲတော်တော်များများနဲ့ လူသိများ အောင်မြင်ခဲ့ပြီးသားသူဆိုပေမယ့် ဝေလာရီကတော့ သူမရဲ့ ပထမဆုံးသရုပ်ဆောင်ထားတဲ့ ‘နှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံနေရတာ ဖြစ်ပါတယ်။

‘နှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲမှာ ဇော်နဲ့မော်က (၅) မိနစ်သာခြားတဲ့ အမြွှာမောင်နှမတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ငဲ့ညာပြီး ဂရုစိုက်လွန်းတဲ့ မောင်နှမတွေ ဖြစ်ကြပါတယ်။ ညီမလေးမော်က ကလေးဆန်ပြီး နွဲ့ဆိုးဆိုးသလို ကိုကြီးဇော်ကလည်း ညီမလေးကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်တဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ် တွေ့မြင်ရပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ကို ဆုံးရှုံးလိုက်ရပြီး ဖခင်က နောက်မိန်းမထပ်ယူ၊ မိထွေနဲ့ အဆင်ပြေခါနီးဆဲဆဲရောက်တော့ ဖခင်ဖြစ်သူကလည်း ရုတ်တရတ်ဆုံးပါးသွားတဲ့အခါမှာ ဇော်နဲ့မော်ရဲ့ ဘဝလေးက မိဘမဲ့အဖြစ် အခက်အခဲတွေကြားမှာ ရှင်သန်ရမှာ ဖြစ်ပါတယ်။ဇော်နဲ့မော် အဖြစ် သရုပ်ဆောင်ထားတဲ့ ရှင်မွေလနဲ့ ဝေလာရီတို့ကတော့ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇော်နဲ့မော် မောင်နှမနှစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။Credit-Momolay

Loading...
Show More

Related Articles

Back to top button
Close