
Credit-လင်းလင်း (ShweMom)
Unicode
ဇနီးအပေါ်ထားတဲ့ မင်္ဂလာကတိစကားကို မမေ့ကြောင်း သက်သေပြခဲ့တဲ့ Donnie Yen
ဟောင်ကောင်အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Donnie Yen ဟာ Ip Man ရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ Donnie Yen ဟာ ဇနီးသည်ဖြစ်သူအပေါ် အရမ်းချစ်တယ်ဆိုတာကို သူ့တို့ရဲ့ (၁၆) နှစ်ပြည့် မင်္ဂလာသက်တမ်းအထိမ်းအမှတ်ကနေ thestar အရ အခုလို သိရပါတယ်။
Donnie Yen ဟာ သူ့ရဲ့ အိမ်သူကို “Mrs Yen” လို့ သုံးနှုန်းထားပါတယ်။ လွန်ခဲ့တဲ့ (၁၆) နှစ်တုန်းက သူဟာ ကောင်းတာတွေနဲ့ပဲ ကြုံကြုံ၊ ဆိုးတာတွေနဲ့ပဲ တွေ့တွေ့ ဘယ်လိုလောကဓံမျိုးမှာမဆို ဇနီးဖြစ်သူရဲ့ လက်ကိုကိုင်ဆွဲပြီး သေတဲ့အထိ ရှေ့ဆက်သွားမယ်ဆိုတာကို ပြောခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Donnie ဟာ အရင်တုန်းက သူပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေဆဲဖြစ်ပြီး ဇနီးသည်နဲ့ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေတဲ့အကြောင်းနဲ့ ပျော်စရာကောင်းတဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်ပါစေကြောင်း ဇနီးသည်ကို ဆုမွန်ကောင်းတောင်းပေးခဲ့တာ ဖြစ်ပါတယ်။Credit-လင်းလင်း (ShweMom)