နာမည်ကြီးပုဂ္ဂိုလ်များ
၁. ၉.၂၀၁၉ နေ့က မဲနှိုက်ရွေးခြယ်ခဲ့ရာ ရန်ကုန်မြို့မှ လူရွှင်တော်ကြီး ဦးကမ္ဘာကျော် ကံထူးခဲ့ပါတယ် ဟာသပညာရှင်ကြီး ဦးကမ္ဘာကျော်ဟာ လွန်ခဲ့သောနှစ်လကမှ
ဦးကမ္ဘာကျော်နေထိုင်သော ရွှေပြည်ယာမြို့နယ်ရှိနေအိမ်သို့ ၅.၉.၂၀၁၉ ရက်နေ့ တွင်ကျွန်တော်တို့သွားရောက်ကန်တော့ပါမယ်ခင်ဗျာ လိုက်ပါချင်သူများပါဝင်လှူဒါန်းချင်သူများ ၅ ရက်နေ့
မနက် 9:00မှာကျွန်တော့်အိမ် သုဝဏမှစတင်ထွက်ခွါပါမည် ယ္ခုလက်ရှိအလှူငွေကတော့ ၉၇၅၀၀၀ …၉သိန်း ၇သောင်း ၅ထောင် ရရှိပါပြီ အလှူရှင်ကြီးများကို
Unicode
လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဦးကမ္ဘာကျော်ကို သွားရောက်လှူဒါန်းမယ့် ခင်လှိုင်တို့ ဇဝနဖောင်ဒေးရှင်း
သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေကို အကောင်းဆုံး ပေးဆပ်နေတဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ သူတို့ ဟာသသရုပ်ဆောင်တွေရဲ့ခက်ခဲမှုတွေကို
လက်တွေ့ကျကျကူညီပေးနေတဲ့ စိတ်ဓါတ်ပြည့်ဝသူတစ်ဦးပါ။ လတ်တလောမှာတော့ ခင်လှိုင်က လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဟာသပညာရှင်ကြီး ဦးကမ္ဘာကျော်ကို
သွားရောက်ကူညီ လှူဒါန်းသွားဖို့ရှိတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း တတ်နိုင်သလောက် လှူဒါန်းတဲ့အပြင်
အလှူရှင်တွေကိုပါ စုစည်းပေးနိုင်တဲ့ ခင်လှိုင်ကတော့ တကယ့်ကို လေးစားစရာ ကောင်းတဲ့ အနုပညာရှင်တစ်ဦးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို စိတ်ထားကောင်းပြီး၊ အနုပညာရှင် အချင်းချင်း ပြန်ကြည့်တတ်တဲ့ ခင်လှိုင်ရဲ့မွန်မြတ်တဲ့ စိတ်ထားလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်လှိုင်ကတော့ “ကျွန်တော်လေးစားချစ်ခင်ရသော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ ဇဝန ဖေါင်ဒေးရှင်းရဲ့ သက်ကြီးဟာသပညာရှင်ကြီးများ
ကျမ္မာရေးစောင့်ရှောက်ရန်အတွက် ရန်ကုန် မန္တလေး မြို့မှ ၆၅ နှစ်ပြည့်ပြီးသော သက်ကြီးဟာသပညာရှင်ကြီးများကိုလစဉ်မဲစနစ်ဖြင့်လှူဒါန်းခဲ့တာ ၇ ကြိမ်တိုင်ခဲ့ပါပြီ
၁. ၉.၂၀၁၉ နေ့က မဲနှိုက်ရွေးခြယ်ခဲ့ရာ ရန်ကုန်မြို့မှ လူရွှင်တော်ကြီး ဦးကမ႓ာကျော် ကံထူးခဲ့ပါတယ် ဟာသပညာရှင်ကြီး ဦးကမ႓ာကျော်ဟာ လွန်ခဲ့သောနှစ်လကမှ
လေဖြတ်ဝေဒနာကိုခံစားနေရသူဖြစ်ပါတယ် ဒီလအတွက်ကျွန်တော်တို့ ဇဝန ဖေါင်ဒေးရှင်းနှင့်အတူလစဉ် ပါဝင်လှူဒါန်းကြသောစေတနာရှင်အလှူရှင်များကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
ဦးကမ႓ာကျော်နေထိုင်သော ရွှေပြည်ယာမြို့နယ်ရှိနေအိမ်သို့ ၅.၉.၂၀၁၉ ရက်နေ့ တွင်ကျွန်တော်တို့သွားရောက်ကန်တော့ပါမယ်ခင်ဗျာ လိုက်ပါချင်သူများပါဝင်လှူဒါန်းချင်သူများ ၅ ရက်နေ့
မနက် 9:00မှာကျွန်တော့်အိမ် သုဝဏမှစတင်ထွက်ခွါပါမည် ယ္ခုလက်ရှိအလှူငွေကတော့ ၉၇၅၀၀၀ …၉သိန်း ရသောင်း ၅ထောင် ရရှိပါပြီ အလှူရှင်ကြီးများကို
ကျေးဇူးတင်ဂုဏ်ပြု တင်ပြအပ်ပါတယ်ခင်ဗျာ ပါဝင်လှူဒါန်းလိုသူများ 095501366 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ 🙏🙏🙏” ဆိုပြီး လှူချင်တဲ့သူတွေရှိရင်လည်း အဆင်ပြေအောင် လူမှုကွန်ယက်မှာ တင်ထားတာပါ။ခင်လှိုင်ကတော့ သူ့ရဲ့ဇဝနဖောင်ဒေးရှင်းမှာ လစဉ် လှူဒါန်းနေတဲ့ အလှူရှင်တွေရဲ့ပုံရိပ်တွေနဲ့အတူ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
သရုပ်ဆောင်ခင်လှိုင်ကတော့ ဟာသရော၊ ဒရာမာရော ပိုင်နိုင်ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာအောင်အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်လှိုင်က ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊သားသမီးတွေကိုလည်း အနုပညာလမ်းကြောင်းပေါ် တင်ပေးနေတာ တွေ့ရပါတယ်။Credit မိုမိုလေး
Loading...
Show More
Related Articles
Back to top button
Close