အထွေထွေဗဟုသုတ






Unicode

အဘိုးအသက် ၈၄ နှစ် အဖွားအသက် ၇၆ နှစ်တို့ရဲ့မောင်တထမ်း မယ်တရွက်
မနက်ဆို မိန်းမ ပဲပြုတ်သည် အသံတွေကြားမှာ “ပဲပြုတ် နံပြား” ဆိုတဲ့ အဘ အသံကြားပြီဆို..ပြေး ပြေးဝယ်ရတာ အမော….အရင်ကတော့ အဖွားက အော်ပေးတာပါ..အခုနောက်ပိုင်း အဘ ကိုယ်တိုင် အော်’နေပြီလေ…သူတို့လင်မယားကို သဘောကျတယ်…မလှိုင်နားရွာတစ်ရွာက ဇာတိတဲ့…သားထောက်သမီးခံ မရှိ…အဘ အသက် ၈၄ နှစ် အဖွားအသက် ၇၆ နှစ် တဲ့… သူတို့ကို မြင်တိုင်း တွေးမိတာ…

တစ်ကယ့်ကို မောင်တထမ်း မယ်တရွက်ပါပဲ…အဖွားက ဒူးမကောင်းလို့ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူးလေ…တစ်မနက်လေးရောင်းရင် အမြတ် ၃၀၀၀ ကျပ်ပဲ ရသတဲ့…လမ်းလျှောက်ဖြစ်အောင် မနက်တိုင်း ရောင်းတယ်လို့ အဘက ပြောတာပဲဘဝတစ်ခုမှာ အသွင်လည်းတူတဲ့….ဘဝတလျှောက်လုံးအတွက် မှန်ကန်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရဖို့ ဆိုတာ…အင်မတန်မှ ခက်ခဲလှပါတယ်…လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ဆုံဖို့ မလွယ်သလိုပဲ…

အများစုက အိမ်ထောင်ပြုချိန်တန်လို့ ပြုလိုက်ကြတာ…မိဘ စိတ်ချမ်းသာစေဖို့ ပြုတာ…ကိုယ့်ကို အမှန်ချစ်တယ် ထင်လို့ ပြုတာ…အဲ့လိုတွေ ကြားထဲမှာ….ကိုယ့်ကို ပျော်ရွှင်စေမယ့်…ကိုယ့် ပျော်ရွှင်မှုကို အမှန် တန်ဘိုးထား လိုလားတဲ့ အိမ်ထောင်ဖက်ထက်ပိုတဲ့ အဖော်မွန်ကောင်းရရှိဖို့ဟာ သိပ်ကို ခက်ခဲလှပါတယ်တချို့တွေလည်း ကံစွပ်ပြီး မှန်ကန်သွားကြတာ ရှိပေမယ့် …၆၀% သော ဒီက အိမ်ထောင်ရေးတွေကတော့…သားသမီးကြောင့်…စောင့်ထိန်းရမယ့် ကျင့်ဝတ်ကြောင့်…မိဂုဏ် ဖဂုဏ်ကြောင့်…ဆွေဂုဏ် မျိုးဂုဏ်ကြောင့်…ဝတ္တရားကြောင့်… စတဲ့…စတဲ့ `ကြောင့်´ တွေကြောင့် ပျော်ရွှင်မှုတွေ မရရှိတော့သည့်တိုင်…

သည်းခံ မြိုသိပ် ပေါင်းဖက်နေရတဲ့ အိမ်ထောင်ရေး အခြေအနေတွေ ကြားထဲမှာ….ဒီ အဖိုးနဲ့ အဖွားရယ်…မြန်မာပြည်သိန်းတန် တို့ ဇနီးမောင်နှံ ရယ်ကတော့…တွေ့မြင်ဖူးသမျှထဲမှာ…အမှန်ကို နတ်ဖက်တဲ့ ဖူးစာရယ်ပါ….တချို့ဆို ဘဝနေဝင်ချိန် ရောက်သည်အထိ ကိုယ်နဲ့ လိုက်ဖက်တဲ့ အသည်းတစ်ခြမ်း ကို လုံးလုံး ရှာမတွေ့သွားကြပါဘူး….😥အိမ်ထောင်တစ်ခု အတွက် အခြေခံကျဆုံးက နှစ်ယောက်စလုံးက ကိုယ့်ကမ္ဘာကချည်း ကြည့်ပြီး တောင်းဆိုနေလို့ မရဘူးလေ…

တဖက်သားကမ္ဘာလေးကိုလည်း ခံစားပေးတတ်အုံးပါမှ…နှစ်ယောက်လုံး ညှိနှိုင်းလို့ ရဖို့ကလည်း …စိတ်အခြေခံတွေ ခံယူချက်တွေ မဝေးကွာပါမှ…သိပ်ကွာဝေးလွန်းပြန်လည်း…ဘယ်လိုမှ ညှိလို့မရဘူးလေ…အခြေခံ တန်းလေးတစ်ခု တူပါမှဒီနေ့တွေးမိတာလေးပါ…ဘဝတစ်ခု သူများတွေ တိုင်းတာတဲ့…စံနှုန်းတွေလောက် ပြည့်စုံကြွယ်ဝ ချမ်းသာမှု မရှိကြပေမယ့်…အိမ်ထောင်ဖက်တစ်ဦးထက် ပိုတဲ့…ဘဝအဖော်မွန်ကောင်း တစ်ဦးရဲ့…ဖေးကူမမှုတွေနဲ့ ….အပေးအယူမျှပြီး စိတ်ချမ်းသာနေတဲ့ ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်လေးဟာဖြင့်…သေးငယ်ပြီး မထည်ဝါသည့်တိုင်…>>>”မေတ္တာတွေ လွှမ်းခြုံတဲ့ အိမ်”“နှလုံးသားတွေ နွေးထွေးလုံခြုံစေတဲ့ အိမ်” ဖြစ်နေမှာ ဧကန်မလွဲ ပါပဲ…💞 ဒီလိုအိမ်💞Credit-Original Uploader

Loading...
Show More

Related Articles

Back to top button
Close