နာမည်ကြီးပုဂ္ဂိုလ်များ






Unicode

အိမ်လခစပေါ်ငွေပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဦးတိမ်ညွန့်အတွက် သွားရောက်ကူညီပေးခဲ့တဲ့ ချက်ကြီးတို့အဖွဲ့
လူရွှင်တော်၊ သရုပ်ဆောင် ချက်ကြီးကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့နေရာကနေ အမြဲလိုလို ပါဝင်သရုပ်ဆောင်လေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အတော်လေးရင်းနှီးမှုရနေပြီးသားဖြစ်မယ် ထင်ပါတယ်။ လက်ရှိအချိန်အထိလည်း ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ ချက်ကြီးက သူရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။

အခုလည်း ချက်ကြီးက လူရွှင်တော်၊ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးတိမ်ညွန်ရဲ့ အခက်အခဲကို သွားရောက်ဖြေရှင်းပေးခဲ့ပါတယ်။ ချက်ကြီးက ” အဖေကြီး ဦးတိမ်ညွန့် အိမ်လခ စပေါ်ပေးဖို့ အခက်အခဲဖြစ်နေတယ် သတင်းကြားတော့ မင်းဘုန်းမြတ်အောင် ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္မဏီကို ဆက်သွယ်အကြောင်းကြားပြီ အိမ်လခအတွက် အလှူငွေ(500000)ကျပ် အိမ်စရိတ်အတွက် (100000)ကို သွားရောက်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။ ” ဆိုပြီး တင်ထားတာ ဖြစ်ါတယ်။

ချက်ကြီးက အိမ်လခစပေါ်ငွေပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဦးတိမ်ညွန့်ရဲ့သတင်းကို ကြားသိရတာကြောင့် အခုလိုချိတ်ဆက်ပြီး ကူညီပေးလိုက်ရတာဖြစ်ကြောင်း သူ့ရဲ့ Facebook Acc မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ချက်ကြီးတို့အဖွဲ့က အိမ်လခအတွက် (၅)သိန်း၊ အိမ်စရိတ်အတွက် (၁)သိန်းကို အိမ်တိုင်ရာရောက်သွားပြီး ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဦးတိမ်ညွန့်နဲ့ ချက်ကြီးတို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source:KoChat Gyi’s Facebook Acc;Credit-Myanmarload

Loading...
Show More

Related Articles

Back to top button
Close