နာမည္ႀကီးပုဂၢိဳလ္မ်ား

“ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရးအျဖစ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ ပိုပို”

“ခ်စ္ဖူးခဲ့သမွ်”သီခ်င္းေလးနဲ႔ ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့သူတစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္ပိုပိုကေတာ့ လက္ရွိမွာေအာင္ျမင္ေနတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္ေနပါၿပီ။ သူမဟာ ကိုယ္ပိုင္အရည္အခ်င္းေတြနဲ႔အတူ ခက္ခဲတဲ့ ဘဝေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ သိန္းေထာင္ေက်ာ္တန္တဲ့ အိမ္ေလးနဲ႔ ကိုယ္ပိုင္စတူယိုေလးကို တည္ေထာင္ႏိုင္ခဲ့ပါတယ္။အဲဒီလို စတူယိုေထာင္တာလည္း ပရိသတ္ေတြအတြက္ အေကာင္းဆုံးသီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖႏိုင္ဖို႔ပဲျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ပိုပိုဟာ အဆိုေတာ္အလုပ္ေတြအျပင္ သ႐ုပ္ေဆာင္အလုပ္ေတြကိုလည္း တြဲဖက္လုပ္ကိုင္ေနတာျဖစ္ၿပီးေတာ့ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရးအျဖစ္႐ိုက္ကူးမယ့္ “တိမ္ေတြေပၚက ပန္း” ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားေလးမွာ ကို႐ြီးယားမင္းသားနဲ႔တြဲဖက္သ႐ုပ္ေဆာင္မွာျဖစ္ၿပီးေတာ့ ဝတ္မႈံေ႐ႊရည္၊ ေက်ာ္ထက္ေအာင္တို႔နဲ႔အတူ ႏုႏုညံ့ညံ့ေလးနဲ႔ Romantic ဆန္ဆန္ေလး ႐ိုက္ကူးမယ့္ ဇာတ္ကားေလးလည္း ျဖစ္ပါတယ္။

ဒီ”တိမ္ေတြေပၚက ပန္း” ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ အဓိကသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဇာတ္ပို႔ဇာတ္ရံ ဧည့္သည္သ႐ုပ္ေဆာင္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္သြားမယ္ဆိုတဲ့ အေၾကာင္းကို “ဦးေမာင္ ႐ိုက္ေနတဲ့ တိမ္ေတြေပၚက ပန္း ႐ုပ္ရွင္မွာ ဒိုင္အျဖစ္ ဧည့္သည္ ပါဝင္ သ႐ုပ္ေဆာင္ ရင္း မတ္မတ္ ကစ္နဲ႔ ” ဆိုၿပီးေတာ့ ပိုပိုက သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန ေဖာ္ျပထားတာျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ႏုႏုညံ့ညံ့ေလးနဲ႔ Romantic ဆန္ဆန္ေလး ႐ိုက္ကူးမယ့္ ဇာတ္ကားေလးမွာေတာ့ ပိုပိုဘယ္လိုသ႐ုပ္ေဆာင္သြားမလဲဆိုတာကေတာ့ စိတ္ဝင္စားေနာ္ပါၿပီေနာ္…….။

Source :ပိုပို,Credit-Cele Gabar

UNICODE

“ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ပိုပို”
“ချစ်ဖူးခဲ့သမျှ”သီချင်းလေးနဲ့ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့သူတစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ လက်ရှိမှာအောင်မြင်နေတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ သူမဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့အတူ ခက်ခဲတဲ့ ဘဝတွေကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာတော့ သိန်းထောင်ကျော်တန်တဲ့ အိမ်လေးနဲ့ ကိုယ်ပိုင်စတူယိုလေးကို တည်ထောင်နိုင်ခဲ့ပါတယ်။အဲဒီလို စတူယိုထောင်တာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့ ဖျော်ဖြေနိုင်ဖို့ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုပိုဟာ အဆိုတော်အလုပ်တွေအပြင် သရုပ်ဆောင်အလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီးတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ်ရိုက်ကူးမယ့် “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးမှာ ကိုရွီးယားမင်းသားနဲ့တွဲဖက်သရုပ်ဆောင်မှာဖြစ်ပြီးတော့ ဝတ်မှုံရွှေရည်၊ ကျော်ထက်အောင်တို့နဲ့အတူ နုနုညံ့ညံ့လေးနဲ့ Romantic ဆန်ဆန်လေး ရိုက်ကူးမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

ဒီ”တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားမှာတော့ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံ ဧည့်သည်သရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကို “ဦးမောင် ရိုက်နေတဲ့ တိမ်တွေပေါ်က ပန်း ရုပ်ရှင်မှာ ဒိုင်အဖြစ် ဧည့်သည် ပါဝင် သရုပ်ဆောင် ရင်း မတ်မတ် ကစ်နဲ့ ” ဆိုပြီးတော့ ပိုပိုက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။ပရိသတ်ကြီးရေ နုနုညံ့ညံ့လေးနဲ့ Romantic ဆန်ဆန်လေး ရိုက်ကူးမယ့် ဇာတ်ကားလေးမှာတော့ ပိုပိုဘယ်လိုသရုပ်ဆောင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားနော်ပါပြီနော်…….။Source :ပိုပို,Credit-Cele Gabar

Loading...
Show More

Related Articles

Back to top button
Close