အေထြေထြဗဟုသုတ

မွန္တယ္ထင္တာေတြ အကုန္လံုးပဲမွားေနတဲ့ က်ြန္ေတာ္တို႔ ေရႊျမန္မာလူမ်ဳိးမ်ား

“မွန္တယ္ထင္တာေတြ အကုန္လံုးပဲမွား”

တခါတုန္းက အခ်စ္အတြက္ေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ ကံဆိုးစြာ အမႈျဖစ္ၿပီး ျမန္မာျပည္ ျပန္ပို႔ခံရတဲ့ လူငယ္တစ္ေယာက္အေၾကာင္း အမွတ္ရမိပါေသးတယ္။ တိုက်ိဳၿမိဳ႕မွာ ေနထိုင္ၿပီး စားေသာက္ဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ အသက္ ၂၀ ေက်ာ္ ျမန္မာလူငယ္ဟာ သူ႔ကို ဘာေၾကာင့္ ရဲအတိုင္ခံရၿပီး ဖမ္းဆီးျပန္ပို႔တဲ့အထိ ျဖစ္ခဲ့ရတယ္ဆိုတာ သေဘာမေပါက္ဘူး။ သူဘာျပစ္မႈမွမလုပ္ဘူးလို႔ပဲ ဘူးခံျငင္းေနတာေၾကာင့္ သူနဲ႔ လူခ်င္းမသိေပမဲ့ သူ႔ကိစၥကို ကိုယ့္ဖာသာ အိတ္စိုက္ လိုက္ကူညီရင္း ရွင္းျပရပါတယ္။

႐ုပ္ရည္သန္႔သန္႔ ျမန္မာလူငယ္ဟာ ျမန္မာျပည္မွာ ခ်မ္းသာတဲ့ မိသားစုကပါ။ (အံမယ္၊ အဲဒီတုန္းက အနည္းဆံုး သိန္း ၃-၄၀ ရွိမွ ဂ်ပန္ကို လာႏိုင္တာ။ က်ေနာ္တို႔လို ဂ်ေလဘီေတြမဟုတ္ဘူး။) ျဖစ္ပံုကေတာ့ သူအလုပ္လုပ္တဲ့ဆိုင္နဲ႔ တလမ္းတည္း တျခားစားေသာက္ဆိုင္တစ္ခုမွာ အခ်ိန္ပိုင္း အလုပ္လုပ္ေနတဲ့ တကၠသိုလ္ေက်ာင္းသူ ဂ်ပန္မေလးတစ္ေယာက္ကို သူက မ်က္စိက်ၿပီး တဖက္သတ္ ေမတၱာသက္ဝင္ ခ်စ္ခင္မိပါေလေရာတဲ့။ ညဘက္ အလုပ္ျပန္ခ်ိန္ အတူတူမို႔ သူက ေကာင္မေလးေနာက္ မလွမ္းမကမ္းကေန သူ႔အိမ္အထိ လိုက္ၿပီးမွ ကိုယ့္အိမ္ကိုယ္ ျပန္တယ္။ ဒီလို ကိုယ္ႀကိဳက္တဲ့ ေကာင္မေလးေနာက္က တေကာက္ေကာက္လိုက္တာ ျမန္မာျပည္မွာ အထူးအဆန္းမွ မဟုတ္တာ။ လူငယ္ေတြ စကားနဲ႔ဆို “ေဆာ္လိုက္တယ္” လို႔ေတာင္ လြယ္လြယ္ေျပာၾကတယ္ေလ။

တျခားႏိုင္ငံေတြမွာေတာ့ အဲဒီလို ေနာက္ကလိုက္ေနတာကို stalker (ဂ်ပန္လိုလည္းストーカー စတိုကာ) လို႔ ေခၚပါတယ္။ ဒါဟာ ဥပေဒအရ ျပစ္မႈေျမာက္ၿပီး အတိုင္ခံရရင္ ရဲက အရင္ဆံုးသတိေပးတယ္၊ ခံဝန္ထိုးခိုင္းတယ္။ ဒီလိုတားျမစ္တာကိုမွ မလိုက္နာရင္ ဖမ္းဆီးၿပီး ေထာင္ဒဏ္၊ ေငြဒဏ္ အျပစ္ေပးပါေတာ့တယ္။

ႏိုင္ငံျခားသားပံု သူစိမ္းေယာက္်ားတစ္ေယာက္ ေန႔တိုင္း ေနာက္ကလိုက္ေနတာ သတိထားမိေတာ့ ဂ်ပန္မေလးက ရဲကိုတိုင္တာေပါ့။ ရဲက ပထမအႀကိမ္ သတိေပးဖို႔ပါပဲ။ ဒါေပမဲ့၊ ပတ္စပို႔၊ အိုင္ဒီေတြ ဘာေတြ စစ္တဲ့အခါ ဗီဇာရက္ေက်ာ္ ေနထိုင္မွန္း သိသြားၿပီး ဖမ္းဆီးျပန္ပို႔တဲ့အထိ ျဖစ္သြားတာပါ။ သူ႔ကို ရွင္းျပတဲ့အခါ ဒါေလးမ်ား ရဲတိုင္ရတယ္ဗ်ာ ဆိုၿပီး ေတာက္တေခါက္ေခါက္ စိတ္ဆိုးတယ္ေလ။

သူ႔စိတ္ထဲမွာ ေကာင္မေလးတစ္ေယာက္ကို ခ်စ္လို႔ ေကာင္ေလးတစ္ေယာက္က ေနာက္ကလိုက္ၿပီး စကားေျပာတာဟာ ဘာမွ မျဖစ္ေလာက္ဘူးလို႔ ထင္ေပမဲ့ တျခားႏိုင္ငံေတြမွာ ျပစ္မႈေျမာက္ပါတယ္။ အဲဒီလို ေနာက္ကလိုက္ၿပီး လူျပတ္ရင္ မုဒိန္းက်င့္တာ၊ သတ္တာ၊ လုယက္တာေတြ ခဏခဏ ျဖစ္တယ္ေလ။

ေနာက္ျဖစ္ရပ္တစ္ခုကေတာ့ ဝါေဆးဒတကၠသိုလ္မွာ ပါရဂူဘြဲ႕လြန္တက္သြားတဲ့ ဖဘမိတ္ေဆြတစ္ေယာက္ ျမန္မာျပည္က သူတို႔ ရပ္႐ြာမွာ ျဖစ္ခဲ့တဲ့ အမႈအေၾကာင္း ျပန္ေျပာတာပါ။ ရထားလမ္းျဖတ္ကူးတဲ့ ႐ြာကေထာ္လာဂ်ီကို ရထားတိုက္မိလို႔ လူမေသ ဒဏ္ရာမရေပမဲ့ ေထာ္လာဂ်ီကေတာ့ အေတာ္ပ်က္စီးသြားသတဲ့။

႐ြာက လူေတြ ရထားကို ဝိုင္းအံုၿပီး ရထားေမာင္းသူကို ေလ်ာ္ေၾကးေတာင္းၾကတာေပါ့။ ရထားေမာင္းသူကလည္း သူ႔သံလမ္းေပၚ သူေမာင္းတာကို အတင္းျဖတ္တဲ့ ေထာ္လာဂ်ီရဲ့ အမွားပါလို႔ ေတာင္းပန္ေျဖရွင္းတယ္။ ဒါေပမဲ့၊ ႐ြာသူ႐ြာသားေတြရဲ့ အသိမွာ “ယာဥ္ႀကီးနဲ႔ ယာဥ္ငယ္တိုက္မိရင္ ယာဥ္ႀကီးရဲ့ အမွားသာျဖစ္တယ္” လို႔ပဲ စြဲေနတယ္။ ဒါေၾကာင့္ ယာဥ္ႀကီးျဖစ္တဲ့ ရထားက မွားၿပီး ေထာ္လာဂ်ီက မွန္လို႔ ရထားသမား ေလ်ာ္ေၾကးေပးရမယ္ဆိုၿပီး အတင္းဇြတ္လုပ္ၾကေတာ့ ရဲေရာက္လာၿပီး ျပႆနာရွင္းရတဲ့အခါ တစ္႐ြာလံုး အခ်ဳပ္ထဲ ေရာက္ကုန္သတဲ့။

အဲဒီလိုပဲ၊ ေဖ့စ္ဘြတ္ခ္ေပ့ခ်္တစ္ခုမွာ “လူနဲ႔ယာဥ္တိုက္မိရင္ အျမဲတမ္း ယာဥ္ရဲ့အမွားသာ ျဖစ္တယ္” လို႔ ေရးထားတာ ေတြ႕လို႔ က်ေနာ္ ငပြႀကီး ရန္သြားျဖစ္လိုက္ေသးတယ္။ အဲဒီလို လြဲမွားတဲ့ အသိပညာဟာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္တာေၾကာင့္ပါပဲ၊ ကားတိုက္ခံရေအာင္ တမင္လုပ္ၿပီး ေလ်ာ္ေၾကးေတာင္း လုပ္စားၾကသူေတြ အေမရိကားမွာေတာင္ ကိုယ္ေတြ႕ၾကံဳခဲ့ရပါေသးတယ္။

တခါတုန္းက နယ္ဖက္က ေနရာတခုမွာ လူကူးမ်ဥ္းက်ားက ကူးေနတဲ့ ေက်ာင္းသူေလးတစ္ေယာက္ေၾကာင့္ အရွိန္နဲ႔ေမာင္းလာတဲ့ ကားတစ္စီးက မနည္း ဘရိတ္အုပ္ ရပ္လိုက္ရတဲ့ ဗီဒီယိုကို ဖဘေပၚတင္ထားတယ္။ သူသာ မရပ္လို႔ကေတာ့ ဒီေကာင္မေလး ပြဲခ်င္းၿပီးသြားမယ္ ဆိုၿပီး အျပစ္တင္ဆဲဆိုထားလိုက္ေသးတယ္။ အမွန္ေတာ့၊ လူကူးမ်ဥ္းက်ားမွာ ယာဥ္ေတြက ရပ္ေပးရတာ ႏိုင္ငံတကာလိုက္နာရတဲ့ ယာဥ္စည္းကမ္းပဲ ျဖစ္ပါတယ္။ ျမန္မာျပည္က်မွ မ်ဥ္းက်ားက ျဖတ္ကူးတဲ့ ေသာက္ေကာင္မေလးဆိုၿပီး အဆဲခံရရွာတယ္။

ခုထက္ထိ ျမန္မာျပည္ကလူေတြ အယူလြဲေနတာကေတာ့ ကိုယ့္အိမ္ေရွ႕က လမ္းကို ကိုယ္ပိုင္တယ္လို႔ ထင္ေနတာပါပဲ။ ကိုယ့္အိမ္ေရွ႕မွာ သူမ်ားကား လာရပ္ရင္ မႀကိဳက္ဘူး။ ရန္ေတြ႕ၾကတယ္၊ လာရပ္တဲ့ ကားေပၚကို အမိႈက္ေတြပစ္၊ ကြမ္းတံေတြးေတြ ေထြးၾကတယ္၊ ဒါငါတို႔ေနရာ လာမရပ္နဲ႔ ဆိုၿပီး ဆိုင္းဘုတ္ေထာင္တယ္။ အမွန္ေတာ့ လမ္းဧရိယာဟာ စည္ပင္ပိုင္တာေၾကာင့္ အခြန္ေဆာင္ထားတဲ့ ယာဥ္ေတြ ရပ္ခြင့္ရွိတယ္ဆိုတာကို နားမလည္ၾကဘူး။

ေနာက္ၿပီးေတာ့၊ မီးသတ္ဌာနေရွ႕မွာ ကားရပ္ထားတာေၾကာင့္ ေနရာေရႊ႕ခိုင္းလို႔ို လိုက္ဖ္လႊင့္ၿပီး မီးသတ္ကို ျပႆနာရွာတဲ့ ဆရာဝန္မအေၾကာင္းလည္း အမ်ားသိၾကမွာပါ။ မီးသတ္တို႔၊ ရဲစခန္းတို႔၊ ေဆး႐ံုအေရးေပၚဌာနတို႔ေရွ႕မွာေတာင္ မဟုတ္ဘဲ ၁၅ ေပအတြင္း ယာဥ္မရပ္ရတာကို ဒီဆရာဝန္မ နားမလည္ေလေရာ့သလား။ ခုေတာ့ မီးသတ္က သူ႔ကို တရားစြဲလို႔ အမႈေပြေနရျပန္ပါၿပီ။

ခုလည္း ေနာက္တစ္ေယာက္ လာျပန္ၿပီေလ။ ထိုင္းႏိုင္ငံကေန မင္းဂြတ္သီးေတြ ယူလာမိလို႔ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ခံဝန္လက္မွတ္ ထိုးလိုက္ရတဲ့ ဆရာဝန္မတစ္ေယာက္ကိစၥပါ။ ထိုင္းကေန ဘတ္ ၁၀၀ ဖိုး၊ ျမန္မာေငြ က်ပ္ ၅,၀၀၀ ဖိုးေလာက္ မင္းဂြတ္သီးေတြအတြက္ ေလဆိပ္အေကာက္ခြန္ဌာနက အာဏာပါဝါျပၿပီး အထက္စီးက အက်ပ္ကိုင္တယ္လို႔ ဖဘေပၚမွာ ပ်ံ႕ႏွံ႕ပါတယ္။

ကုလသမဂၢမွာ အလုပ္လုပ္တယ္ဆိုတဲ့ ဆရာဝန္မဟာ ဘယ္ႏိုင္ငံမွာ တာဝန္က်သလဲ မသိပါဘူး။ ျမန္မာျပည္ ဌာေန႐ံုးမွာပဲ အလုပ္လုပ္တယ္ထင္ပါရဲ့။ တျခားႏိုင္ငံေတြကို ကူးသန္းသြားလာေနရတဲ့သူဆိုရင္ ႏိုင္ငံတကာ စည္းမ်ဥ္းဥပေဒေတြကို နားလည္ရမွာေပါ့။ ႏိုင္ငံတစ္ခုနဲ႔ တစ္ခု ကူးသန္းတဲ့အခါ သားစိမ္း၊ ငါးစိမ္း၊ အသီးအ႐ြက္စိမ္း၊ သစ္သီးဝလံ၊ သစ္ပင္ပန္းပင္၊ တိရစၧာန္အရွင္ေတြ လိုင္စင္ပါမစ္ မရွိဘဲ သယ္ယူခြင့္မရွိတာ တျခားႏိုင္ငံေတြမွာ ကေလးကအစ သိၾကပါတယ္။ ႏိုင္ငံတကာ ခရီးသြားမယ္ဆိုရင္ အရက္၊ စီးကရက္၊ ေရေမႊးကအစ ကန္႔သတ္တဲ့ ပမာဏထက္ ပိုၿပီး သယ္လို႔ မရပါဘူး။ (ဂ်ပန္ကို ဝက္အူေခ်ာင္း သယ္လို႔ မရဘူးေနာ္။)

အသားစိမ္းနဲ႔ သီးႏွံေတြေၾကာင့္ ေရာဂါပိုးမႊားကူးစက္မွာ ေၾကာက္တဲ့အျပင္ တျခားႏိုင္ငံက အႏၲရာယ္ရွိတဲ့ သတၱဝါေတြ၊ အပင္ေတြ ကိုယ့္ႏိုင္ငံမွာ ေပါက္ပြားလာမွာ စိုးရိမ္လို႔ တားဆီးထားတာပါ။ အဲဒီဆရာဝန္မ တင္ထားတဲ့ ပို႔စ္နဲ႔ တျခားထပ္ဆင့္ျဖန္႔ေနတဲ့ သတင္းေတြမွာ မင္းဂြတ္သီး ဘတ္တစ္ရာဖိုး (က်ပ္ ၅,၀၀၀) အတြက္ ျမန္မာအစိုးရအရာရွိေတြက ျပႆနာ ရွာတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ စီးပြားျဖစ္ ကြန္တိန္နာနဲ႔ အမ်ားႀကီးသယ္မွ မဟုတ္ပါဘူး။ တစ္လံုးတည္းဆိုရင္လည္း တျခားႏိုင္ငံေတြမွာ အမႈျဖစ္ပါတယ္။ တိုက်ိဳ နာရိတာေလဆိပ္က ေလယာဥ္စီးလာတဲ့ ဂ်ပန္အမ်ိဳးသားတစ္ေယာက္ဟာ ပန္းသီးတစ္လံုး ယူလာမိတဲ့အတြက္ နယူးေယာက္ JFK ေလဆိပ္မွာ ေဒၚလာ ၅၀၀ ဒဏ္ေငြေဆာင္လိုက္ရတဲ့ ကိစၥကို ဂ်ပန္သတင္းမီဒီယာေတြက ျပဴးျပဲ ေဖာ္ျပၾကပါတယ္။ မ်ိဳးေစ့အျဖစ္ သံုးႏိုင္တဲ့ အေစ့ရွိ သီးႏွံေတြကို ယူလာရင္ ပိုၿပီး အမႈႀကီးပါတယ္။ က်ေနာ့ ျမန္မာမိတ္ေဆြေတြကိုလည္း ဒီကိစၥ ေျပာျပေပမဲ့ အမ်ားစုကေတာ့ ျဖစ္ခါမွျဖစ္ သယ္ၾကတာပဲ။ ေလဆိပ္မွ မိလို႔ အသိမ္းခံရသူေတြလည္း အမ်ားႀကီးပါ။ အသိမ္းခံရတာ ႏွေမ်ာေပမဲ့ ကိုယ္က ဥပေဒခ်ိဳးေဖာက္လို႔ ကိုယ့္အျပစ္နဲ႔ကိုယ္မို႔ ဘာမွ ျပႆနာမလုပ္ၾကဘူးေလ။ ျပႆနာလုပ္ရင္ အမႈပိုႀကီးမွာ အားလံုးနားလည္တာကိုး။

ခုေတာ့ ျမန္မာႏိုင္ငံ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ မင္းဂြတ္သီး က်ပ္ ၅,၀၀၀ ဖိုးအတြက္ ခံဝန္လက္မွတ္ထိုးလိုက္ရတဲ့ ဆရာဝန္မက မေက်ႏိုင္မခ်မ္းႏိုင္ ေရဆံုးေရဖ်ားအထိ တက္တိုင္မယ္လို႔ ႀကိမ္းဝါးေနပါတယ္။ ဒါေတာင္ သူ႔မင္းဂြတ္သီးေတြကို သိမ္းလိုက္တာ မဟုတ္ေသးဘူး၊ ဒဏ္ေငြေဆာင္ခိုင္းတာ မဟုတ္ေသးဘူး။ သက္သက္ညွာညွာ ခံဝန္ပဲ လက္မွတ္ထိုးခိုင္းတာပါ။

ဒါကိုမွ ေရဆံုးေရဖ်ား တရား႐ံုးအထိ တက္မယ္ဆိုရင္ ေငြဒဏ္၊ ေထာင္ဒဏ္ ထိထိေရာက္ေရာက္ ေက်ာေကာ့ေအာင္ ခ်ပစ္လိုက္ပါေစလို႔ ဆုေတာင္းမိပါရဲ့။

တကယ္ေတာ့၊ က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းေတြကို နားမလည္ဘဲ ကိုယ့္စိတ္အစြဲနဲ႔သာ ကိုယ္မွန္တယ္ထင္ရာလုပ္ေနၾကတာ ေတြ႕ရပါလိမ့္မယ္။

မိန္းကေလးတစ္ေယာက္ေနာက္က တေကာက္ေကာက္လိုက္တာ ခ်စ္လို႔ပါ၊ ဘာျပစ္မႈမွ မဟုတ္ဘူးလို႔ ထင္တယ္။ ယာဥ္ႀကီးနဲ႔ ယာဥ္ငယ္တိုက္မိရင္ ယာဥ္ႀကီးကသာ မွားတယ္လို႔ ထင္တယ္။ လူကို ကားတိုက္ရင္ ကားက မွားတယ္လို႔ ထင္တယ္။ လူကူးမ်ဥ္းက်ားမွာ ကူးတဲ့လူကို ဦးစားေပးစရာမလိုဘူးလို႔ ထင္တယ္။ ကိုယ္အိမ္ေရွ႕က လမ္းကို ကိုယ္ပိုင္တယ္လို႔ ထင္တယ္။ ကိုယ္စားဖို႔ အသီးအႏွံ၊ သားစိမ္းငါးစိမ္း ယူလာတာ စီးပြားျဖစ္ ကုန္ကူးတာမဟုတ္လို႔ ျပႆနာမရွိဘူးလို႔ ထင္တယ္။ က်ပ္ ၅,၀၀၀ ဖိုးေလာက္ မင္းဂြတ္သီး နည္းနည္းေလးကို ျပႆနာလုပ္စရာ မဟုတ္ဘူးလို႔ ထင္တယ္။

တကယ္ေတာ့ အဲဒီအထင္ေတြအားလံုး မွားေနတယ္။ ထပ္ေျပာရမယ္ဆိုရင္ အမွားေတြကို အမွန္ထင္ေနၾကတယ္။ အမွန္ေတာ့ ျပည္သူေတြဟာ အမွားနဲ႔ အမွန္ကို ေဝဖန္ပိုင္းျခားႏိုင္တဲ့ အသိပညာရွိဖို႔ အေရးႀကီးပါေတာ့တယ္။Credit – Min Myat Maung

Unicode

“မှန်တယ်ထင်တာတွေ အကုန်လုံးပဲမှား”

တခါတုန်းက အချစ်အတွက်ကြောင့် ဂျပန်နိုင်ငံမှာ ကံဆိုးစွာ အမှုဖြစ်ပြီး မြန်မာပြည် ပြန်ပို့ခံရတဲ့ လူငယ်တစ်ယောက်အကြောင်း အမှတ်ရမိပါသေးတယ်။ တိုကျိုမြို့မှာ နေထိုင်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ ကျော် မြန်မာလူငယ်ဟာ သူ့ကို ဘာကြောင့် ရဲအတိုင်ခံရပြီး ဖမ်းဆီးပြန်ပို့တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတာ သဘောမပေါက်ဘူး။ သူဘာပြစ်မှုမှမလုပ်ဘူးလို့ပဲ ဘူးခံငြင်းနေတာကြောင့် သူနဲ့ လူချင်းမသိပေမဲ့ သူ့ကိစ္စကို ကိုယ့်ဖာသာ အိတ်စိုက် လိုက်ကူညီရင်း ရှင်းပြရပါတယ်။

ရုပ်ရည်သန့်သန့် မြန်မာလူငယ်ဟာ မြန်မာပြည်မှာ ချမ်းသာတဲ့ မိသားစုကပါ။ (အံမယ်၊ အဲဒီတုန်းက အနည်းဆုံး သိန်း ၃-၄၀ ရှိမှ ဂျပန်ကို လာနိုင်တာ။ ကျနော်တို့လို ဂျလေဘီတွေမဟုတ်ဘူး။) ဖြစ်ပုံကတော့ သူအလုပ်လုပ်တဲ့ဆိုင်နဲ့ တလမ်းတည်း တခြားစားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသူ ဂျပန်မလေးတစ်ယောက်ကို သူက မျက်စိကျပြီး တဖက်သတ် မေတ္တာသက်ဝင် ချစ်ခင်မိပါလေရောတဲ့။ ညဘက် အလုပ်ပြန်ချိန် အတူတူမို့ သူက ကောင်မလေးနောက် မလှမ်းမကမ်းကနေ သူ့အိမ်အထိ လိုက်ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်တယ်။ ဒီလို ကိုယ်ကြိုက်တဲ့ ကောင်မလေးနောက်က တကောက်ကောက်လိုက်တာ မြန်မာပြည်မှာ အထူးအဆန်းမှ မဟုတ်တာ။ လူငယ်တွေ စကားနဲ့ဆို “ဆော်လိုက်တယ်” လို့တောင် လွယ်လွယ်ပြောကြတယ်လေ။

တခြားနိုင်ငံတွေမှာတော့ အဲဒီလို နောက်ကလိုက်နေတာကို stalker (ဂျပန်လိုလည်းストーカー စတိုကာ) လို့ ခေါ်ပါတယ်။ ဒါဟာ ဥပဒေအရ ပြစ်မှုမြောက်ပြီး အတိုင်ခံရရင် ရဲက အရင်ဆုံးသတိပေးတယ်၊ ခံဝန်ထိုးခိုင်းတယ်။ ဒီလိုတားမြစ်တာကိုမှ မလိုက်နာရင် ဖမ်းဆီးပြီး ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေးပါတော့တယ်။

နိုင်ငံခြားသားပုံ သူစိမ်းယောက်ျားတစ်ယောက် နေ့တိုင်း နောက်ကလိုက်နေတာ သတိထားမိတော့ ဂျပန်မလေးက ရဲကိုတိုင်တာပေါ့။ ရဲက ပထမအကြိမ် သတိပေးဖို့ပါပဲ။ ဒါပေမဲ့၊ ပတ်စပို့၊ အိုင်ဒီတွေ ဘာတွေ စစ်တဲ့အခါ ဗီဇာရက်ကျော် နေထိုင်မှန်း သိသွားပြီး ဖမ်းဆီးပြန်ပို့တဲ့အထိ ဖြစ်သွားတာပါ။ သူ့ကို ရှင်းပြတဲ့အခါ ဒါလေးများ ရဲတိုင်ရတယ်ဗျာ ဆိုပြီး တောက်တခေါက်ခေါက် စိတ်ဆိုးတယ်လေ။

သူ့စိတ်ထဲမှာ ကောင်မလေးတစ်ယောက်ကို ချစ်လို့ ကောင်လေးတစ်ယောက်က နောက်ကလိုက်ပြီး စကားပြောတာဟာ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ပေမဲ့ တခြားနိုင်ငံတွေမှာ ပြစ်မှုမြောက်ပါတယ်။ အဲဒီလို နောက်ကလိုက်ပြီး လူပြတ်ရင် မုဒိန်းကျင့်တာ၊ သတ်တာ၊ လုယက်တာတွေ ခဏခဏ ဖြစ်တယ်လေ။

နောက်ဖြစ်ရပ်တစ်ခုကတော့ ဝါဆေးဒတက္ကသိုလ်မှာ ပါရဂူဘွဲ့လွန်တက်သွားတဲ့ ဖဘမိတ်ဆွေတစ်ယောက် မြန်မာပြည်က သူတို့ ရပ်ရွာမှာ ဖြစ်ခဲ့တဲ့ အမှုအကြောင်း ပြန်ပြောတာပါ။ ရထားလမ်းဖြတ်ကူးတဲ့ ရွာကထော်လာဂျီကို ရထားတိုက်မိလို့ လူမသေ ဒဏ်ရာမရပေမဲ့ ထော်လာဂျီကတော့ အတော်ပျက်စီးသွားသတဲ့။

ရွာက လူတွေ ရထားကို ဝိုင်းအုံပြီး ရထားမောင်းသူကို လျော်ကြေးတောင်းကြတာပေါ့။ ရထားမောင်းသူကလည်း သူ့သံလမ်းပေါ် သူမောင်းတာကို အတင်းဖြတ်တဲ့ ထော်လာဂျီရဲ့ အမှားပါလို့ တောင်းပန်ဖြေရှင်းတယ်။ ဒါပေမဲ့၊ ရွာသူရွာသားတွေရဲ့ အသိမှာ “ယာဉ်ကြီးနဲ့ ယာဉ်ငယ်တိုက်မိရင် ယာဉ်ကြီးရဲ့ အမှားသာဖြစ်တယ်” လို့ပဲ စွဲနေတယ်။ ဒါကြောင့် ယာဉ်ကြီးဖြစ်တဲ့ ရထားက မှားပြီး ထော်လာဂျီက မှန်လို့ ရထားသမား လျော်ကြေးပေးရမယ်ဆိုပြီး အတင်းဇွတ်လုပ်ကြတော့ ရဲရောက်လာပြီး ပြဿနာရှင်းရတဲ့အခါ တစ်ရွာလုံး အချုပ်ထဲ ရောက်ကုန်သတဲ့။

အဲဒီလိုပဲ၊ ဖေ့စ်ဘွတ်ခ်ပေ့ချ်တစ်ခုမှာ “လူနဲ့ယာဉ်တိုက်မိရင် အမြဲတမ်း ယာဉ်ရဲ့အမှားသာ ဖြစ်တယ်” လို့ ရေးထားတာ တွေ့လို့ ကျနော် ငပွကြီး ရန်သွားဖြစ်လိုက်သေးတယ်။ အဲဒီလို လွဲမှားတဲ့ အသိပညာဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါပဲ၊ ကားတိုက်ခံရအောင် တမင်လုပ်ပြီး လျော်ကြေးတောင်း လုပ်စားကြသူတွေ အမေရိကားမှာတောင် ကိုယ်တွေ့ကြုံခဲ့ရပါသေးတယ်။

တခါတုန်းက နယ်ဖက်က နေရာတခုမှာ လူကူးမျဉ်းကျားက ကူးနေတဲ့ ကျောင်းသူလေးတစ်ယောက်ကြောင့် အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက မနည်း ဘရိတ်အုပ် ရပ်လိုက်ရတဲ့ ဗီဒီယိုကို ဖဘပေါ်တင်ထားတယ်။ သူသာ မရပ်လို့ကတော့ ဒီကောင်မလေး ပွဲချင်းပြီးသွားမယ် ဆိုပြီး အပြစ်တင်ဆဲဆိုထားလိုက်သေးတယ်။ အမှန်တော့၊ လူကူးမျဉ်းကျားမှာ ယာဉ်တွေက ရပ်ပေးရတာ နိုင်ငံတကာလိုက်နာရတဲ့ ယာဉ်စည်းကမ်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကျမှ မျဉ်းကျားက ဖြတ်ကူးတဲ့ သောက်ကောင်မလေးဆိုပြီး အဆဲခံရရှာတယ်။

ခုထက်ထိ မြန်မာပြည်ကလူတွေ အယူလွဲနေတာကတော့ ကိုယ့်အိမ်ရှေ့က လမ်းကို ကိုယ်ပိုင်တယ်လို့ ထင်နေတာပါပဲ။ ကိုယ့်အိမ်ရှေ့မှာ သူများကား လာရပ်ရင် မကြိုက်ဘူး။ ရန်တွေ့ကြတယ်၊ လာရပ်တဲ့ ကားပေါ်ကို အမှိုက်တွေပစ်၊ ကွမ်းတံတွေးတွေ ထွေးကြတယ်၊ ဒါငါတို့နေရာ လာမရပ်နဲ့ ဆိုပြီး ဆိုင်းဘုတ်ထောင်တယ်။ အမှန်တော့ လမ်းဧရိယာဟာ စည်ပင်ပိုင်တာကြောင့် အခွန်ဆောင်ထားတဲ့ ယာဉ်တွေ ရပ်ခွင့်ရှိတယ်ဆိုတာကို နားမလည်ကြဘူး။

နောက်ပြီးတော့၊ မီးသတ်ဌာနရှေ့မှာ ကားရပ်ထားတာကြောင့် နေရာရွှေ့ခိုင်းလို့ို လိုက်ဖ်လွှင့်ပြီး မီးသတ်ကို ပြဿနာရှာတဲ့ ဆရာဝန်မအကြောင်းလည်း အများသိကြမှာပါ။ မီးသတ်တို့၊ ရဲစခန်းတို့၊ ဆေးရုံအရေးပေါ်ဌာနတို့ရှေ့မှာတောင် မဟုတ်ဘဲ ၁၅ ပေအတွင်း ယာဉ်မရပ်ရတာကို ဒီဆရာဝန်မ နားမလည်လေရော့သလား။ ခုတော့ မီးသတ်က သူ့ကို တရားစွဲလို့ အမှုပွေနေရပြန်ပါပြီ။

ခုလည်း နောက်တစ်ယောက် လာပြန်ပြီလေ။ ထိုင်းနိုင်ငံကနေ မင်းဂွတ်သီးတွေ ယူလာမိလို့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခံဝန်လက်မှတ် ထိုးလိုက်ရတဲ့ ဆရာဝန်မတစ်ယောက်ကိစ္စပါ။ ထိုင်းကနေ ဘတ် ၁၀၀ ဖိုး၊ မြန်မာငွေ ကျပ် ၅,၀၀၀ ဖိုးလောက် မင်းဂွတ်သီးတွေအတွက် လေဆိပ်အကောက်ခွန်ဌာနက အာဏာပါဝါပြပြီး အထက်စီးက အကျပ်ကိုင်တယ်လို့ ဖဘပေါ်မှာ ပျံ့နှံ့ပါတယ်။

ကုလသမဂ္ဂမှာ အလုပ်လုပ်တယ်ဆိုတဲ့ ဆရာဝန်မဟာ ဘယ်နိုင်ငံမှာ တာဝန်ကျသလဲ မသိပါဘူး။ မြန်မာပြည် ဌာနေရုံးမှာပဲ အလုပ်လုပ်တယ်ထင်ပါရဲ့။ တခြားနိုင်ငံတွေကို ကူးသန်းသွားလာနေရတဲ့သူဆိုရင် နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို နားလည်ရမှာပေါ့။ နိုင်ငံတစ်ခုနဲ့ တစ်ခု ကူးသန်းတဲ့အခါ သားစိမ်း၊ ငါးစိမ်း၊ အသီးအရွက်စိမ်း၊ သစ်သီးဝလံ၊ သစ်ပင်ပန်းပင်၊ တိရစ္ဆာန်အရှင်တွေ လိုင်စင်ပါမစ် မရှိဘဲ သယ်ယူခွင့်မရှိတာ တခြားနိုင်ငံတွေမှာ ကလေးကအစ သိကြပါတယ်။ နိုင်ငံတကာ ခရီးသွားမယ်ဆိုရင် အရက်၊ စီးကရက်၊ ရေမွှေးကအစ ကန့်သတ်တဲ့ ပမာဏထက် ပိုပြီး သယ်လို့ မရပါဘူး။ (ဂျပန်ကို ဝက်အူချောင်း သယ်လို့ မရဘူးနော်။)

အသားစိမ်းနဲ့ သီးနှံတွေကြောင့် ရောဂါပိုးမွှားကူးစက်မှာ ကြောက်တဲ့အပြင် တခြားနိုင်ငံက အန္တရာယ်ရှိတဲ့ သတ္တဝါတွေ၊ အပင်တွေ ကိုယ့်နိုင်ငံမှာ ပေါက်ပွားလာမှာ စိုးရိမ်လို့ တားဆီးထားတာပါ။ အဲဒီဆရာဝန်မ တင်ထားတဲ့ ပို့စ်နဲ့ တခြားထပ်ဆင့်ဖြန့်နေတဲ့ သတင်းတွေမှာ မင်းဂွတ်သီး ဘတ်တစ်ရာဖိုး (ကျပ် ၅,၀၀၀) အတွက် မြန်မာအစိုးရအရာရှိတွေက ပြဿနာ ရှာတယ်လို့ ဆိုပါတယ်။ တကယ်တော့ စီးပွားဖြစ် ကွန်တိန်နာနဲ့ အများကြီးသယ်မှ မဟုတ်ပါဘူး။ တစ်လုံးတည်းဆိုရင်လည်း တခြားနိုင်ငံတွေမှာ အမှုဖြစ်ပါတယ်။ တိုကျို နာရိတာလေဆိပ်က လေယာဉ်စီးလာတဲ့ ဂျပန်အမျိုးသားတစ်ယောက်ဟာ ပန်းသီးတစ်လုံး ယူလာမိတဲ့အတွက် နယူးယောက် JFK လေဆိပ်မှာ ဒေါ်လာ ၅၀၀ ဒဏ်ငွေဆောင်လိုက်ရတဲ့ ကိစ္စကို ဂျပန်သတင်းမီဒီယာတွေက ပြူးပြဲ ဖော်ပြကြပါတယ်။ မျိုးစေ့အဖြစ် သုံးနိုင်တဲ့ အစေ့ရှိ သီးနှံတွေကို ယူလာရင် ပိုပြီး အမှုကြီးပါတယ်။ ကျနော့ မြန်မာမိတ်ဆွေတွေကိုလည်း ဒီကိစ္စ ပြောပြပေမဲ့ အများစုကတော့ ဖြစ်ခါမှဖြစ် သယ်ကြတာပဲ။ လေဆိပ်မှ မိလို့ အသိမ်းခံရသူတွေလည်း အများကြီးပါ။ အသိမ်းခံရတာ နှမျောပေမဲ့ ကိုယ်က ဥပဒေချိုးဖောက်လို့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာမှ ပြဿနာမလုပ်ကြဘူးလေ။ ပြဿနာလုပ်ရင် အမှုပိုကြီးမှာ အားလုံးနားလည်တာကိုး။

ခုတော့ မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မင်းဂွတ်သီး ကျပ် ၅,၀၀၀ ဖိုးအတွက် ခံဝန်လက်မှတ်ထိုးလိုက်ရတဲ့ ဆရာဝန်မက မကျေနိုင်မချမ်းနိုင် ရေဆုံးရေဖျားအထိ တက်တိုင်မယ်လို့ ကြိမ်းဝါးနေပါတယ်။ ဒါတောင် သူ့မင်းဂွတ်သီးတွေကို သိမ်းလိုက်တာ မဟုတ်သေးဘူး၊ ဒဏ်ငွေဆောင်ခိုင်းတာ မဟုတ်သေးဘူး။ သက်သက်ညှာညှာ ခံဝန်ပဲ လက်မှတ်ထိုးခိုင်းတာပါ။

ဒါကိုမှ ရေဆုံးရေဖျား တရားရုံးအထိ တက်မယ်ဆိုရင် ငွေဒဏ်၊ ထောင်ဒဏ် ထိထိရောက်ရောက် ကျောကော့အောင် ချပစ်လိုက်ပါစေလို့ ဆုတောင်းမိပါရဲ့။

တကယ်တော့၊ ကျနော်တို့ မြန်မာလူမျိုးတွေဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘဲ ကိုယ့်စိတ်အစွဲနဲ့သာ ကိုယ်မှန်တယ်ထင်ရာလုပ်နေကြတာ တွေ့ရပါလိမ့်မယ်။

မိန်းကလေးတစ်ယောက်နောက်က တကောက်ကောက်လိုက်တာ ချစ်လို့ပါ၊ ဘာပြစ်မှုမှ မဟုတ်ဘူးလို့ ထင်တယ်။ ယာဉ်ကြီးနဲ့ ယာဉ်ငယ်တိုက်မိရင် ယာဉ်ကြီးကသာ မှားတယ်လို့ ထင်တယ်။ လူကို ကားတိုက်ရင် ကားက မှားတယ်လို့ ထင်တယ်။ လူကူးမျဉ်းကျားမှာ ကူးတဲ့လူကို ဦးစားပေးစရာမလိုဘူးလို့ ထင်တယ်။ ကိုယ်အိမ်ရှေ့က လမ်းကို ကိုယ်ပိုင်တယ်လို့ ထင်တယ်။ ကိုယ်စားဖို့ အသီးအနှံ၊ သားစိမ်းငါးစိမ်း ယူလာတာ စီးပွားဖြစ် ကုန်ကူးတာမဟုတ်လို့ ပြဿနာမရှိဘူးလို့ ထင်တယ်။ ကျပ် ၅,၀၀၀ ဖိုးလောက် မင်းဂွတ်သီး နည်းနည်းလေးကို ပြဿနာလုပ်စရာ မဟုတ်ဘူးလို့ ထင်တယ်။

တကယ်တော့ အဲဒီအထင်တွေအားလုံး မှားနေတယ်။ ထပ်ပြောရမယ်ဆိုရင် အမှားတွေကို အမှန်ထင်နေကြတယ်။ အမှန်တော့ ပြည်သူတွေဟာ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာရှိဖို့ အရေးကြီးပါတော့တယ်။Credit – Min Myat Maung

Loading...
Show More

Related Articles

Back to top button
Close