နာမည်ကြီးပုဂ္ဂိုလ်များ

၂ ပတ်အတွင်း (၈) ပေါင် ဝိတ်ကျသွားတဲ့ ခင်သဇင်ရဲ့ အံ့ဖွယ်နည်းလမ်း





Source : Khin Thazin

Unicode
ပရိသတ်ကြီးရေ ခင်သဇင်လို့ ဆိုလိုက်တာနဲ့ ဇာတ်လမ်းတွဲလေးတွေမှာ သရုပ်ဆောင်တဲ့ မျက်နှာချိုချို၊ ချစ်စဖွယ်အပြုံးနဲ့ အတူ ဆွဲဆောင်မှုရှိပြီး အဆီအပိုမရှိတဲ့ ကိုယ်လုံးပိုင်ရှင် မော်ဒယ်လ်မင်းသမီးချောလေးကို ပြေးမြင်မိကြမှာပါနော်…ဒါ့အပြင် သရုပ်ဆောင်ကစ်ကစ်နေမကောင်းဖြစ်တော့ ရောဂါစဖြစ်ကတည်းက ကူညီထောက်ပံ့ပေးခဲ့တဲ့ ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်လေးကလည်း ခင်သဇင်ပါပဲ….

အဲဒီလို ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်လာအောင် ဘယ်လိုတွေတောင် ဝိတ်ချခဲ့သလဲ ဆိုတာကို ခင်သဇင်ကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ဝေမျှပေးခဲ့ပါတယ်…
မမညီမလေးတွေလည်း ခင်သဇင့်လို ကိုယ်လုံးလှလှလေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ သူ့ရဲ့ ဝိတ်ချနည်းလေးအတိုင်း လိုက်လုပ်ကြည့်နော်…

ခင်သဇင်က ဒီလိုခန္ဓာကိုယ်လေးရလာအောင် သဘာဝအတိုင်း ဝိတ်ချခဲ့တာပါတဲ့…. ၂ ပတ်အတွင်း ၈ ပေါင်တောင်ကျသွားတာတဲ့နော်….
ခုလိုဝိတ်ကျအောင် ဘာ Diet ဘာဆေးမှ မစားပါဘူးတဲ့….GYM ဆော့တာလည်း မဟုတ်ရပါဘူးတဲ့…

ဒါပေမဲ့ ထမင်း၊ ပေါင်မုန့်၊ အသားတွေတော့ လုံးဝမစားတော့ပါဘူးလို့ ဆိုပါတယ်…. အချိုရည်ကိုလည်း ရှောင်သလို ပဲ၊ ငါး၊ ရေ နဲ့ ပဲနို့ပဲ စားသောက်ပါတယ်တဲ့… ဆီကြော်တွေ၊ အချိုတွေ၊ ကော်ဖီတွေ Tea တွေကိုလည်း ရှောင်သလို နွားနို့ကိုတော့ သောက်ပါတယ်တဲ့….မျက်နှာဖောင်းနေတာတွေ မဖြစ်အောင်လည်း အငန်ရှောင်သလို ထမင်းဝိုင်းရောက်ရင်လည်း ဟင်းသာစားပါတယ်တဲ့ဗျာ… ဒါ့အပြင် စိတ်ဆင်းရဲ စရာတွေ မတွေးပဲ ပျော်ပျော်နေတယ် စာဖတ်တယ်…ဒီလိုနဲ့ ၂ ပတ်အတွင်း ၈ ပေါင် ထိ ကျသွားတာတဲ့ဗျာ…မလွယ်ဘူးနော် ၈ ပေါင်ကျအောင်လုပ်နိုင်ခဲ့တာ….

ဒါကတော့ ခင်သဇင်ပြောထားတဲ့ ဝိတ်ချတဲ့ နည်းလမ်းလေးပေါ့…တခြား ဝိတ်ချတဲ့ နည်းလမ်းတွေ ရှိပေမဲ့လည်း သဘာဝအတိုင်း ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုတဲ့ ခင်သဇင့်ရဲ့ နည်းလမ်းလေးကလည်း ဝိတ်ချချင်တဲ့ ပရိသတ်တွေ အတွက် အကျိုးရှိမယ်ထင်လို့ ပြန်လည်မျှဝေပေးတာပါနော်…မင်းသမီးချောလေး ခင်သဇင့်အတွက်လည်း အားပေးစကားလေးတွေ ပြောခဲ့ကြပါအုံး…Credit- (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Khin Thazin

Loading...
Show More

Related Articles

Back to top button
Close