နာမည္ႀကီးပုဂၢိဳလ္မ်ား

တစ္ကမၻာလံုးမွာ တတိယ အမွတ္အမ်ားဆံုး ရရွိခဲ့တဲ့ Carrieland လမင္းျဖဴျဖဴ

လက္ရွိ ေရပန္းစားေနတဲ့ beauty blogger ေတြထဲမွာ ငယ္ရြယ္ျပီး ခ်စ္ဖို့ေကာင္းတဲ့ လမင္းျဖဴျဖဴလည္း ပါဝင္ပါတယ္။ Carrieland ဆိုတဲ့ blog ကေန မိန္းကေလးေတြရဲ႕ အသားအရည္ ထိန္းသိမ္းမႈ ဆိုင္ရာေတြ တင္ဆက္ေပးေလ့ရွိတဲ့ ျဖဴျဖဴက ၂၀၁၈ ခုႏွစ္ရဲ႕ Beauty Influencer Award ကိုလည္း ရရွိထားပါတယ္။

လုပ္ငန္းပိုင္းမွာသာမက ပညာေရးလည္း လိုက္စားတဲ့ ျဖဴျဖဴက Strategy First သင္တန္းေက်ာင္းမွာ တက္ေရာက္ေနျပီး UK စာေမးပြဲမွာ တစ္ကမၻာလံုး ပထမ ရရွိခဲ့ဖူးသူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ NCC level 4 မွာ တစ္ကမၻာလံုး တတိယဆု ဆြတ္ခူးတဲ့ ျဖဴျဖဴက ခုလုိ ေျဖၾကားထားပါတယ္။” ျပီးခဲ့တဲ့ ႏွစ္ကေတာ့ NCC level 4 ေပါ့ေနာ္။ Diploma in Business ကို တစ္ကမၻာလံုးမွာ အမွတ္အမ်ားဆံုး ရခဲ့ပါတယ္။ ဒီႏွစ္ကေတာ့ တစ္ကမၻာလံုးမွာ တတိယ အမွတ္အမ်ားဆံုး ရခဲ့ပါတယ္။ carrie က ရွစ္ဘာသာေျဖျပီး ပ်မ္းမွ်အမွတ္ေတြ ေပါင္းလိုက္တာေပါ့ေနာ္။” လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး ဆုရေအာင္ ၾကိဳးစားခဲ့ပံုကို ျဖဴျဖဴက ခုလို ေျပာျပပါတယ္။”ေက်ာင္းက ဆရာမေတြ သင္ျပမႈေကာင္းလို႔။ ကိုယ္တိုင္ကလည္း စာကို စိတ္ဝင္စားျပီးအားတဲ့အခ်ိန္ သူမ်ား ဂိမ္းေဆာ့ရင္ စာလုပ္တယ္။ ပ်င္းရင္ပ်င္းသလို စာလုပ္ခဲ့လို႔ ခုလို ရခဲ့တာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။စီးပြားေရးပိုင္း စိတ္ဝင္စားတဲ့အေၾကာင္းနဲ႕ လတ္တေလာ လႈပ္ရွားမႈကိုလည္း ခုလို ၾကားသိရပါတယ္။“ဆယ္တန္းမွာ IGCSE ျပီးေတာ့ A level တစ္ႏွစ္တက္ခဲ့တယ္။ ကိုယ္တကယ္ ဝါသနာပါတာက စီးပြားေရးဆုိေတာ့ အဲ့ဘက္လိုင္းပဲ ေျပာင္းလိုက္တာ။ မနက္ ကိုးနာရီတည္းက ေက်ာင္းတက္တယ္။ ညေန ေလးနာရီ အထိပါ။ မနက္က class တစ္ခု ညေန တစ္ခုပါ။ အခ်ိန္ျပည့္တက္ေနတာဆိုေတာ့ ေက်ာင္းနဲ႔ အလုပ္နဲ႔တင္ တစ္ျခား အလုပ္လုပ္ခ်ိန္ မရွိပါဘူး။” လို႔ ဆိုပါတယ္။

အားက်ရတဲ့ ေနျခည္ဦး အေၾကာင္းလည္း ျဖဴျဖဴက ခုလို အမႊန္းတင္သြားပါတယ္။”ျပည္တြင္းမွာဆိုရင္ စီနီယာေတြအမ်ားၾကီး ရွိပါတယ္။ အားလံုးထဲမွာ ေလ့လာစရာေတြ အမ်ားၾကီး ရွိတယ္ဆိုေတာ့ အျမဲဝင္ၾကည့္ျပီး အျမဲ အားေပးေနပါတယ္။ မေနျခည္ဦးက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ အမ်ားၾကီးရွိသလို strong ျဖစ္ေနတဲ့အတြက္ သူ႔ကို အားက်ပါတယ္။” ဆိုျပီး ေျဖၾကားသြားခဲ့ပါတယ္။

Credit-ေျပာခ်င္လြန္းလို႔

Unicode

တစ်ကမ္ဘာလုံးမှာ တတိယ အမှတ်အများဆုံး ရရှိခဲ့တဲ့ Carrieland လမင်းဖြူဖြူ
လက်ရှိ ရေပန်းစားနေတဲ့ beauty blogger တွေထဲမှာ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းတဲ့ လမင်းဖြူဖြူလည်း ပါဝင်ပါတယ်။ Carrieland ဆိုတဲ့ blog ကနေ မိန်းကလေးတွေရဲ့ အသားအရည် ထိန်းသိမ်းမှု ဆိုင်ရာတွေ တင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူက ၂၀၁၈ ခုနှစ်ရဲ့ Beauty Influencer Award ကိုလည်း ရရှိထားပါတယ်။

လုပ်ငန်းပိုင်းမှာသာမက ပညာရေးလည်း လိုက်စားတဲ့ ဖြူဖြူက Strategy First သင်တန်းကျောင်းမှာ တက်ရောက်နေပြီး UK စာမေးပွဲမှာ တစ်ကမ္ဘာလုံး ပထမ ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာတော့ NCC level 4 မှာ တစ်ကမ္ဘာလုံး တတိယဆု ဆွတ်ခူးတဲ့ ဖြူဖြူက ခုလို ဖြေကြားထားပါတယ်။” ပြီးခဲ့တဲ့ နှစ်ကတော့ NCC level 4 ပေါ့နော်။ Diploma in Business ကို တစ်ကမ္ဘာလုံးမှာ အမှတ်အများဆုံး ရခဲ့ပါတယ်။ ဒီနှစ်ကတော့ တစ်ကမ္ဘာလုံးမှာ တတိယ အမှတ်အများဆုံး ရခဲ့ပါတယ်။ carrie က ရှစ်ဘာသာဖြေပြီး ပျမ်းမျှအမှတ်တွေ ပေါင်းလိုက်တာပေါ့နော်။” လို့ ဆိုပါတယ်။

ဒီလိုမျိုး ဆုရအောင် ကြိုးစားခဲ့ပုံကို ဖြူဖြူက ခုလို ပြောပြပါတယ်။”ကျောင်းက ဆရာမတွေ သင်ပြမှုကောင်းလို့။ ကိုယ်တိုင်ကလည်း စာကို စိတ်ဝင်စားပြီးအားတဲ့အချိန် သူများ ဂိမ်းဆော့ရင် စာလုပ်တယ်။ ပျင်းရင်ပျင်းသလို စာလုပ်ခဲ့လို့ ခုလို ရခဲ့တာပါ။” ဆိုပြီး ပြောပြသွားပါတယ်။စီးပွားရေးပိုင်း စိတ်ဝင်စားတဲ့အကြောင်းနဲ့ လတ်တလော လှုပ်ရှားမှုကိုလည်း ခုလို ကြားသိရပါတယ်။“ဆယ်တန်းမှာ IGCSE ပြီးတော့ A level တစ်နှစ်တက်ခဲ့တယ်။ ကိုယ်တကယ် ဝါသနာပါတာက စီးပွားရေးဆိုတော့ အဲ့ဘက်လိုင်းပဲ ပြောင်းလိုက်တာ။ မနက် ကိုးနာရီတည်းက ကျောင်းတက်တယ်။ ညနေ လေးနာရီ အထိပါ။ မနက်က class တစ်ခု ညနေ တစ်ခုပါ။ အချိန်ပြည့်တက်နေတာဆိုတော့ ကျောင်းနဲ့ အလုပ်နဲ့တင် တစ်ခြား အလုပ်လုပ်ချိန် မရှိပါဘူး။” လို့ ဆိုပါတယ်။

အားကျရတဲ့ နေခြည်ဦး အကြောင်းလည်း ဖြူဖြူက ခုလို အမွှန်းတင်သွားပါတယ်။”ပြည်တွင်းမှာဆိုရင် စီနီယာတွေအများကြီး ရှိပါတယ်။ အားလုံးထဲမှာ လေ့လာစရာတွေ အများကြီး ရှိတယ်ဆိုတော့ အမြဲဝင်ကြည့်ပြီး အမြဲ အားပေးနေပါတယ်။ မနေခြည်ဦးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အများကြီးရှိသလို strong ဖြစ်နေတဲ့အတွက် သူ့ကို အားကျပါတယ်။” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။Credit-ေျပာခ်င္လြန္းလို႔

Loading...
Show More

Related Articles

Back to top button
Close