နာမည္ႀကီးပုဂၢိဳလ္မ်ားရုပ္သံ

ျမန္မာႏိုင္ငံကိုယ္စားျပဳ ေမာ္ဒယ္အျဖစ္ ထိုင္းႏိုင္ငံမွာ ရိုက္ကူးေရး ျပဳလုပ္ေနတဲ့ ဟိန္းမင္းသူ

ရုပ္ေျဖာင့္ေျဖာင့္၊ ဗလေတာင့္ေတာင့္နဲ႔ ႏႈတ္ခမ္းနီမေလးေတြ အရမ္းေၾကြၾကတဲ့ အဆိုေတာ္ ေမာ္ဒယ္ေခ်ာေခ်ာေလး ဟိန္းမင္းသူကေတာ့ လတ္တေလာမွာ ဂုဏ္ယူစရာေကာင္းတဲ့ ကိစၥတစ္ခုကို ထုတ္ေျပာလာတာ ေတြ႔ရပါတယ္။ ဟိန္းမင္းသူကေတာ့ ျမန္မာႏိုင္ငံ ကိုယ္စားျပဳေမာ္ဒယ္အျဖစ္ ထိုင္းႏိုင္ငံမွာ ရိုက္ကူးေရးေတြ ျပုလုပ္ေနရျပီဆိုတဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ေပးခဲ့တာပါ။ အဆိုပါရိုက္ကူးေရးမွာေတာ့ ျမန္မာႏိုင္ငံက ဟိန္းမင္းသူအျပင္ တရုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံတို႔က အရမ္းေခ်ာတဲ့ ေမာ္ဒယ္ေကာင္ေလးေတြလည္း ပါဝင္တာေတြ႔ရပါတယ္။

ခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို မိုက္တဲ့ ႏိုင္ငံျခားက ေမာ္ဒယ္ေတြၾကားမွာ ထင္ရွားေနတဲ့ ျမန္မာ ေမာ္ဒယ္ ဟိန္းမင္းသူရဲ႕အင္တာဗ်ူးဗီဒီယိုေလးကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္။ဟိန္းမင္းသူကေတာ့ ‘Today Photoshooting in Thailand 🇹🇭❤️” ဆိုျပီး မေန႔က အင္တာဗ်ူးခဲ့တဲ့ သူတို႔ရိုက္ကူးေရးအဖြဲ႔သားေတြရဲ႕ဗီဒီယိုေလးကို ေဝမွ်ေပးထားတာပါ။ ေတာင့္တင္းသန္မာတဲ့ ခႏၶာကိုယ္အခ်ိုးအစားနဲ႔ ထူးျခားတဲ့ ရုပ္ရည္တို႔ေၾကာင္း တစ္ျခားႏိုင္ငံက ေမာ္ဒယ္ေတြၾကားမွာ ဟိန္းမင္းသူတစ္ေယာက္ ထင္ရွားေပၚလြင္ေနတာပဲ ျဖစ္ပါတယ္။

ဟိန္းမင္းသူကေတာ့ လတ္တေလာမွာ အႏုပညာလႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနျပီး၊ ထိုင္းႏိုင္ငံအထိေတာင္ ေျခဆန္႔ျပီး အလုပ္ေတြလုပ္ေနျပီပဲ ျဖစ္ပါတယ္။ သီခ်င္းဆိုေနရရင္ကို ေပ်ာ္ရႊင္ေနတဲ့ ဟိန္းမင္းသူကေတာ့ လတ္တေလာမွာ သီခ်င္းသစ္ေတြလည္း ဖန္တီးျဖစ္ေနျပီး ပရိသတ္အတြက္ အေကာင္းဆံုးၾကိဳးစားေနတာပါ။ခ်စ္ပရိသတ္ေတြလည္း ထိုင္းႏိုင္ငံမွာ ရိုက္ကူးေရးလုပ္ေနရျပီျဖစ္တဲ့ ဟိန္းမင္းသူကို သေဘာက်ရင္ share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

Credit-Momolay

Unicode

မြန်မာနိုင်ငံကိုယ်စားပြု မော်ဒယ်အဖြစ် ထိုင်းနိုင်ငံမှာ ရိုက်ကူးရေး ပြုလုပ်နေတဲ့ ဟိန်းမင်းသူ
ရုပ်ဖြောင့်ဖြောင့်၊ ဗလတောင့်တောင့်နဲ့ နှုတ်ခမ်းနီမလေးတွေ အရမ်းကြွေကြတဲ့ အဆိုတော် မော်ဒယ်ချောချောလေး ဟိန်းမင်းသူကတော့ လတ်တလောမှာ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ဟိန်းမင်းသူကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမော်ဒယ်အဖြစ် ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးတွေ ပြုလုပ်နေရပြီဆိုတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။ အဆိုပါရိုက်ကူးရေးမှာတော့ မြန်မာနိုင်ငံက ဟိန်းမင်းသူအပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က အရမ်းချောတဲ့ မော်ဒယ်ကောင်လေးတွေလည်း ပါဝင်တာတွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို မိုက်တဲ့ နိုင်ငံခြားက မော်ဒယ်တွေကြားမှာ ထင်ရှားနေတဲ့ မြန်မာ မော်ဒယ် ဟိန်းမင်းသူရဲ့အင်တာဗျူးဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ဟိန်းမင်းသူကတော့ ‘Today Photoshooting in Thailand 🇹🇭❤️” ဆိုပြီး မနေ့က အင်တာဗျူးခဲ့တဲ့ သူတို့ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ထူးခြားတဲ့ ရုပ်ရည်တို့ကြောင်း တစ်ခြားနိုင်ငံက မော်ဒယ်တွေကြားမှာ ဟိန်းမင်းသူတစ်ယောက် ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ထိုင်းနိုင်ငံအထိတောင် ခြေဆန့်ပြီး အလုပ်တွေလုပ်နေပြီပဲ ဖြစ်ပါတယ်။ သီချင်းဆိုနေရရင်ကို ပျော်ရွှင်နေတဲ့ ဟိန်းမင်းသူကတော့ လတ်တလောမှာ သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေပြီး ပရိသတ်အတွက် အကောင်းဆုံးကြိုးစားနေတာပါ။ချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးလုပ်နေရပြီဖြစ်တဲ့ ဟိန်းမင်းသူကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-Momolay

Loading...
Show More

Related Articles

Back to top button
Close