နာမည်ကြီးပုဂ္ဂိုလ်များ

အကောင့်လာ Hack တဲ့သူကို ပညာရှိပီပီ တုန့်ပြန်လိုက်တဲ့ ခရစ္စတီးနားခီ








Unicode

အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။

သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။

ခုလက်ရှိမှာလည်း ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီးဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ခရစ္စတီးနားခီ က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့် လာဟပ်တဲ့သူကို ပညာရှိပီပီ တုန့်ပြန်လိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ က တစ်ယောက်ကို တစ်ယောက်လေးစား တန်ဖိုးထားကြတဲ့ ဇနီးမောင်နှံ ဆိုတာ ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။အနုပညာအလုပ်ကို အတူလုပ်ပြီး ဇာတ်ကားကောင်း တွေဖန်တီးနေကြတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးက အားတဲ့ အချိန်လေးတွေမှာ မိသားစု အပန်းဖြေ နေကြတဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြလေ့ရှိပါတယ်။ဒီတစ်ခါမှာတော့ ခရစ္စတီးနားခီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်Hack ခံလိုက်ရတဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားပါတယ်။

ခရစ္စတီးနားခီက “၂နာရီနဲ့၉မိနစ်မှာ account လာ hack သူ ဘာလိုချင်လို့ပါလဲ…ဘာမှမရှိဘူး…ဦးနှောက်နဲ့ fb သုံးနေတာပါ…သူများကိစ္စလည်း စိတ်မဝင်စားဘူး…follow လည်းမလုပ်ဘူး…လာပြောလည်း နားမထောင်ပါ..ပို့စ်တင်တာ..shareတာ.. comment ရေးတာကအစ သတိနဲ့နေထိုင်ပါတယ်…အချိန်ကုန်မှာစိုးလို့ တခြားအကျိုးရှိတာလေးလုပ်စေချင်လို့ ပို့စ်တင်ပေးလိုက်ပါတယ်နော်…” ဆိုပြီးတုန့်ပြန်ပြောထားပါတယ်။

ခရစ္စတီးနားခီ ရဲ့ Post

ဖေ့စ်ဘွတ်အကောင့် Hack ခံရတာကြောင့် တုန့်ပြန်ပြောထားတဲ့ ခရစ္စတီးနားခီ ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit-Moekalay;Source;christina kyi

Loading...
Show More

Related Articles

Back to top button
Close