နာမည္ႀကီးပုဂၢိဳလ္မ်ား

ေရေဘးသင့္ေဒသမ်ားအတြက္ မြန္ျမတ္စြာလွဴဒါန္းခဲ့တဲ့ ကေလးသရုပ္ေဆာင္ ထိပ္ထားသခင္

ေရေဘးသင့္ေဒသမ်ားအတြက္ မြန္ျမတ္စြာလွဴဒါန္းခဲ့တဲ့ ကေလးသရုပ္ေဆာင္ ထိပ္ထားသခင္အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တဲ့ ထိပ္ထားသခင္ ဟာဆိုရင္ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြနဲ႔

အမ်ားရယ္ေမာေပ်ာ္ရႊင္ၿပီး သေဘာက်ႏွစ္သက္ေအာင္ တီတီတာတာ ေျပာဆိုတတ္ခဲ့တာေၾကာင့္ ပရိသတ္အမ်ားရဲ႕ ခ်စ္ခင္မႈမ်ားစြာကို ရရွိလာခဲတာ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းျပီး စကားတတ္လြန္းတဲ့ သမီးေလး ထိပ္ထားသခင္က အခုဆိုရင္ ေၾကာ္ျငာေတြနဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ေနရျပီး အသက္အငယ္ဆံုး ကေလးသရုပ္ေဆာင္ ျဖစ္လုိ့လာတာပဲ ျဖစ္ပါတယ္။

အရြယ္နဲ့မလိုက္ေအာင္ကို စိတ္နွလံုးသားေလး နူးညံ့လြန္းတဲ့ သမီးေလး ထိပ္ထားသခင္က ဒီေန့မွာေတာ့ သူမရဲ့ ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာကိစၥေလးကို လုပ္ခဲ့တာ ေတြ့ရပါတယ္။ထိပ္ထားသခင္က သူမရဲ့ (၅) နွစ္ျပည့္ေမြးေန့ေလးအတြက္ ေက်ာ္သူရဲ့ နာေရးကူညီမႈအသင္းမွာ အလွဴေလး တစ္ခု ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ထိပ္ထားသခင္က နာေရးကူညီမႈအသင္း(ရန္ကုန္)တြင္ ေရေဘးသင့္ျပည္သူမ်ားအတြက္ ရည္ရြယ္ကာ အလွဴေငြ – ၅၀၀,၀၀၀ိ/ – (ငါးသိန္းက်ပ္တိတိ) ႏွင့္တိဗက္ေဆးတိုက္မွ က်ပ္ (၈၁၆,၀၀၀) တန္ဖိုးရွိ တိုင္းရင္းေဆး၀ါးမ်ားကို လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။

ဥကၠဌ ဦးေက်ာ္သူမွလည္း သမီးေလး ထိပ္ထားသခင္အား ပရဟိတကို ငယ္စဥ္ကပင္ စိတ္ပါ၀င္စားျပီး သနားၾကင္နာတတ္တဲ့ ကေလးျဖစ္တာေၾကာင့္ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္ၾကီးျဖစ္ပါေစလို႔လဲ ေမြးေန႔ဆုေတာင္းစကားေျပာခဲ့ပါတယ္လို့ သိရပါတယ္။

ဒါ့အျပင္ သမီးေလး ထိပ္ထားသခင္က နာေရးကူညီမႈအသင္း(ရန္ကုန္)ရွိ ပရဟိတလုပ္ေဆာင္မႈမ်ားကို စိတ္ပါဝင္စားစြာ ေလ့လာခဲ့တယ္လို့ သိရပါတယ္။သမီးေလး ထိပ္ထားသခင္ကေတာ့ မိဘ၊ ဆရာသမားေတြရဲ့ သြန္သင္ဆံုးမမႈေကာင္းေၾကာင့္ အခုလို လိမၼာေရးျခားရိွေနတာ ျဖစ္မယ္ေနာ္။ ထိပ္ထားသခင္ ေမြးေန႔မွသည္ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ ေအာင္ျမင္ေက်ာ္ၾကားေသာ အႏုပညာရွင္ျဖစ္ပါေစ၊ ဥာဏ္ပညာၾကီးမားပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။Credit-Momolay

Unicode

ရေဘေးသင့်ဒေသများအတွက် မွန်မြတ်စွာလှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင် ဟာဆိုရင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့အများရယ်မောပျော်ရွှင်ပြီး သဘောကျနှစ်သက်အောင် တီတီတာတာ ပြောဆိုတတ်ခဲ့တာကြောင့် ပရိသတ်အများရဲ့ ချစ်ခင်မှုများစွာကို ရရှိလာခဲတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့ သမီးလေး ထိပ်ထားသခင်က အခုဆိုရင် ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီး အသက်အငယ်ဆုံး ကလေးသရုပ်ဆောင် ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။အရွယ်နဲ့မလိုက်အောင်ကို စိတ်နှလုံးသားလေး နူးညံ့လွန်းတဲ့ သမီးလေး ထိပ်ထားသခင်က ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာကိစ္စလေးကို လုပ်ခဲ့တာ တွေ့ရပါတယ်။

ထိပ်ထားသခင်က သူမရဲ့ (၅) နှစ်ပြည့်မွေးနေ့လေးအတွက် ကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ အလှူလေး တစ်ခု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ထိပ်ထားသခင်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ကာ အလှူငွေ – ၅၀၀,၀၀၀ိ/ – (ငါးသိန်းကျပ်တိတိ) နှင့်တိဗက်ဆေးတိုက်မှ ကျပ် (၈၁၆,၀၀၀) တန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ဥက္ကဌ ဦးကျော်သူမှလည်း သမီးလေး ထိပ်ထားသခင်အား ပရဟိတကို ငယ်စဉ်ကပင် စိတ်ပါဝင်စားပြီး သနားကြင်နာတတ်တဲ့ ကလေးဖြစ်တာကြောင့်အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ကြီးဖြစ်ပါစေလို့လဲ မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် သမီးလေး ထိပ်ထားသခင်က နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပရဟိတလုပ်ဆောင်မှုများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့တယ်လို့ သိရပါတယ်။သမီးလေး ထိပ်ထားသခင်ကတော့ မိဘ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုကောင်းကြောင့် အခုလို လိမ္မာရေးခြားရှိနေတာ ဖြစ်မယ်နော်။ ထိပ်ထားသခင် မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ကျော်ကြားသော အနုပညာရှင်ဖြစ်ပါစေ၊ ဉာဏ်ပညာကြီးမားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Credit-Momolay

Loading...
Show More

Related Articles

Back to top button
Close