နာမည္ႀကီးပုဂၢိဳလ္မ်ား

အခ်စ္ေရးဆိုတာ ႀကိဳေတြးထားလို႔မရဘူးဆိုတဲ့ ေ႐ႊသမီး

ေ႐ႊသမီးဟာ သူမရဲ႕ ဖူးစာရွင္ကေတာ့ ကံတရားအတိုင္းပါပဲလို႔ ဆိုပါတယ္။ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္လည္း နားလည္ေပးဖို႔ ခက္ခဲႏိုင္တယ္လို႔ သူကေျပာပါတယ္။အေနလည္းေအး၊ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ ေ႐ႊသမီးက သူ႔ရဲ႕ အခ်စ္ေရးကို ကံေကာင္းခ်င္တယ္လို႔ဆိုပါတယ္။ ဒီ့အတြက္ သူမရဲ႕ ကံတရားအတိုင္းပါပဲ ဆိုၿပီးေတာ့ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

‘’ မိန္းကေလးဆိုေတာ့ ဘယ္သူမဆို အခ်စ္ေရးမွာ ကံေကာင္းခ်င္တာေပါ့။ ဒါေပမယ့္ ကံတရားႀကီးက ဘယ္လိုလာမလဲ မသိဘူး။ ဖူးစာက ဘယ္လို လာဦးမလဲ မသိဘူး။ အရင္ဘဝက ဝဋ္ေကြၽးေတြပါရင္လည္း စေတြ႕တုန္းကေတာ့ ေကာင္းၿပီး ေနာက္က်မွ မေကာင္းတဲ့သူေတြနဲ႔လည္း ေတြ႕ရင္ ေတြ႕ႏိုင္တာပဲ။ အဲဒီေတာ့ ဘာကိုမွ ႀကိဳတင္ေတြးထားလို႔ မရပါဘူး’’ လို႔ သူကဆိုပါတယ္။

သ႐ုပ္ေဆာင္အလုပ္ကို လုပ္ေနရတဲ့အခ်ိန္မွာ ဘာကိုမွ မသိေတာ့တာက အႏုပညာအလုပ္လုပ္ေန တဲ့သူေတြပါပဲလို႔ ေ႐ႊသမီးက ေျပာပါတယ္။‘’အႏုုပညာရွင္ေတြက ဇာတ္ကား႐ိုက္ၿပီဆိုရင္ တကယ္ကို ဟဲဗီးဒရာမာလုပ္ရမယ့္ ဇာတ္ကားေတြဆိုရင္ အကုန္လုံးကို ေမ့ထားၾကရတာ။ ႐ိုက္ကြင္းေပၚေရာက္ၿပီဆိုရင္ အကုန္လုံးက အဲဒီစိတ္ေတြနဲ႔ လာၾကတာဆိုေတာ့ စကားေျပာရင္ေတာင္မွ ေအာ္..ေအးေအး.. တစ္ခြန္း ႏွစ္ခြန္းပဲ ေျပာၾကတယ္။ ကာ႐ိုက္တာထဲက စိတ္ေတြနဲ႔ပဲေပါ့ေနာ္။ တကယ္တမ္း ဇာတ္ကား႐ိုက္ၿပီဆိုရင္လည္း ဘာမွ မသိေတာ့ဘူး။’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၃ ရက္ေန႔က ခရီးသြားေကာက္ေၾကာင္း အစီအစဥ္ ၇ ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

ဒါေၾကာင့္ အႏုပညာသမားကို နားလည္ေပးႏိုင္တဲ့ အိမ္ေထာင္ဖက္ေကာင္းေတြလည္း အမ်ားႀကီးရွိပါတယ္လို႔ ေ႐ႊသမီးက ေျပာပါတယ္။ ဒါကလည္း သူမရဲ႕ အႏုပညာေလာက အသိုင္းအဝိုင္းထဲမွာပဲ ေတြ႕ျမင္ေနရတာပါတဲ့။‘’ ဒီကာ႐ိုက္တာကို လုပ္ဖို႔အတြက္ပဲ စိတ္က ရွိေနတာ အေနာက္မွာ ဘာေတြျဖစ္ေနသလဲ လည္း မသိေတာ့ဘူး။ ဘာမွလည္း သတိမရေတာ့ဘူး။ အဲဒီေတာ့ မိသားစုကို အခ်ိန္ေပးႏိုင္တာ မေပးႏိုင္တာေတြ မ်ားလာတာေပါ့ေနာ္။ အဲဒါေတြကို နားလည္ၿပီးေတာ့ ခ်စ္ေပးၾကတယ္၊ ပံ့ပိုးေပးၾကတယ္။ အဲဒီလို လူေတြလည္း အႏုပညာေလာကမွာ အမ်ားႀကီးရွိတယ္’’လို႔ သူကဆိုပါတယ္။

ေ႐ႊသမီးေ႐ႊသမီးဟာ အႏုပညာပ်ိဳးခင္ကေန စင္တင္ေပးခဲ့တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ပရိသတ္အခ်စ္ေတြ အမ်ား ႀကီး ပိုင္ဆိုင္ေနတဲ့ မင္းသမီးဆိုရင္လည္း မမွားပါဘူး။ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ ဇာတ္ ကား ႀကီး ေတြလည္း အမ်ားႀကီးပါ။ မၾကာခင္မွာလည္း ကယားျပည္နယ္မွာ ခရီးသြားေကာက္ေၾကာင္း ၇ အတြက္ သြားေရာက္႐ိုက္ကူးျဖစ္မယ္လို႔ သိရပါတယ္။

Credit-DUWUN

Unicode

အချစ်ရေးဆိုတာ ကြိုတွေးထားလို့မရဘူးဆိုတဲ့ ရွှေသမီး
ရွှေသမီးဟာ သူမရဲ့ ဖူးစာရှင်ကတော့ ကံတရားအတိုင်းပါပဲလို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း နားလည်ပေးဖို့ ခက်ခဲနိုင်တယ်လို့ သူကပြောပါတယ်။အနေလည်းအေး၊ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေသမီးက သူ့ရဲ့ အချစ်ရေးကို ကံကောင်းချင်တယ်လို့ဆိုပါတယ်။ ဒီ့အတွက် သူမရဲ့ ကံတရားအတိုင်းပါပဲ ဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ မိန်းကလေးဆိုတော့ ဘယ်သူမဆို အချစ်ရေးမှာ ကံကောင်းချင်တာပေါ့။ ဒါပေမယ့် ကံတရားကြီးက ဘယ်လိုလာမလဲ မသိဘူး။ ဖူးစာက ဘယ်လို လာဦးမလဲ မသိဘူး။ အရင်ဘဝက ဝဋ်ကျွေးတွေပါရင်လည်း စတွေ့တုန်းကတော့ ကောင်းပြီး နောက်ကျမှ မကောင်းတဲ့သူတွေနဲ့လည်း တွေ့ရင် တွေ့နိုင်တာပဲ။ အဲဒီတော့ ဘာကိုမှ ကြိုတင်တွေးထားလို့ မရပါဘူး’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင်အလုပ်ကို လုပ်နေရတဲ့အချိန်မှာ ဘာကိုမှ မသိတော့တာက အနုပညာအလုပ်လုပ်နေ တဲ့သူတွေပါပဲလို့ ရွှေသမီးက ပြောပါတယ်။‘’အနုပညာရှင်တွေက ဇာတ်ကားရိုက်ပြီဆိုရင် တကယ်ကို ဟဲဗီးဒရာမာလုပ်ရမယ့် ဇာတ်ကားတွေဆိုရင် အကုန်လုံးကို မေ့ထားကြရတာ။ ရိုက်ကွင်းပေါ်ရောက်ပြီဆိုရင် အကုန်လုံးက အဲဒီစိတ်တွေနဲ့ လာကြတာဆိုတော့ စကားပြောရင်တောင်မှ အော်..အေးအေး.. တစ်ခွန်း နှစ်ခွန်းပဲ ပြောကြတယ်။ ကာရိုက်တာထဲက စိတ်တွေနဲ့ပဲပေါ့နော်။ တကယ်တမ်း ဇာတ်ကားရိုက်ပြီဆိုရင်လည်း ဘာမှ မသိတော့ဘူး။’’ ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့က ခရီးသွားကောက်ကြောင်း အစီအစဉ် ၇ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒါကြောင့် အနုပညာသမားကို နားလည်ပေးနိုင်တဲ့ အိမ်ထောင်ဖက်ကောင်းတွေလည်း အများကြီးရှိပါတယ်လို့ ရွှေသမီးက ပြောပါတယ်။ ဒါကလည်း သူမရဲ့ အနုပညာလောက အသိုင်းအဝိုင်းထဲမှာပဲ တွေ့မြင်နေရတာပါတဲ့။‘’ ဒီကာရိုက်တာကို လုပ်ဖို့အတွက်ပဲ စိတ်က ရှိနေတာ အနောက်မှာ ဘာတွေဖြစ်နေသလဲ လည်း မသိတော့ဘူး။ ဘာမှလည်း သတိမရတော့ဘူး။ အဲဒီတော့ မိသားစုကို အချိန်ပေးနိုင်တာ မပေးနိုင်တာတွေ များလာတာပေါ့နော်။ အဲဒါတွေကို နားလည်ပြီးတော့ ချစ်ပေးကြတယ်၊ ပံ့ပိုးပေးကြတယ်။ အဲဒီလို လူတွေလည်း အနုပညာလောကမှာ အများကြီးရှိတယ်’’လို့ သူကဆိုပါတယ်။

ရွှေသမီးရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ မကြာခင်မှာလည်း ကယားပြည်နယ်မှာ ခရီးသွားကောက်ကြောင်း ၇ အတွက် သွားရောက်ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။Credit-DUWUN

Loading...
Show More

Related Articles

Back to top button
Close