ရုပ်သံကြားသိရသမှ

မြန်မာမတွေတဏှာကြီးကြောင်း ရိုက်ကူးပြထားလို့ ပွဲဆူခံနေရတဲ့ တရုတ်နိုင်ငံက ဗီဒီယိုတစ်ခု

ပရိသတ်ကြီးရေ မြန်မာနိုင်ငံဟာ အခုလက်ရှိအချိန်မှာ တလင်တမယား စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ။ မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ မြန်မာနိုင်ငံကိုအကြီးအကျယ် စော်ကားလိုက်တဲ့အတွက် လူမှုကွန်ရက် အသုံးပြုသူတွေကြားထဲမှာ ပေါက်ကွဲခဲ့ကြပါတယ်။

缅甸男人的天堂 !很多中国男人找不到老婆都跑到缅甸去啦,而且还三妻四妾呢!( တရုတ်နိုင်ငံသားတွေမိန်းမ မရရင် မြန်မာနိုင်ငံကိုသွားပါ ။ ဗမာတွေက မိန်းမသုံးယောက်ယူထားကြတာလေ ။ဘယ်လောက်ကောင်းတဲ့ နိဗ္ဗာန်ဘုံလဲ ) ဆိုပြီး Tik Tok ဗီဒီယိုတွေကို တင်ထားကြတာပါ ။ ဇာတ်လမ်းထဲက ဗမာမတွေဟာ တရုတ်စကား ကို ကောင်းကောင်းတတ်ကျွမ်းကြတဲ့ ဆစ်ဆောင်ပန်းနား ဒေသက ရှမ်းမတွေ ဖြစ်နိုင်တယ် လို့သုံးသပ်ရပါတယ်။ ဗီဒီယိုထဲမှာ မိန်းမသုံးယောက် ယူပြီး မြန်မာနိုင်ငံမှာ ကောင်းစားနေတာတွေ ။ တရုတ်နိုင်ငံသားဆို ဗမာမတွေက အသေရရ အရှင်ရရဆိုတာတွေ၊ ဗမာမတွေက တဏှာကြီးတယ် ဆိုတာတွေကို ရိုက်ကူးပြထားတာတွေ့ရပါတယ်။

ဒီလိုဗီဒီယို ရိုက်ထားတဲ့အတွက် ဗမာနိုင်ငံသားတွေက တရုတ်ဘာသာနဲ့ မှတ်ချက်တွေ ဝေဖန်ထားတာတွေကို တွေ့ရပါတယ်။ ဒီဗီဒီယိုဟာ တရုတ်နိုင်ငံမှာရေပန်းအတော်စားနေတဲ့အတွက် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို အချိန်နှင့်အမျှစော်ကားသလို ဖြစ်နေတာပါ။ ဒီဗီဒီယို လေးကိုကြည့်ပြီး မှတ်ချက် တစ်ခုလောက်ပေးခဲ့ကြပါဦး။

Source -抖音搬运工 , Credit : Noe Noe May Ju Ju

ရုပ်သံကြည့်ရန်

 

Loading...
Show More

Related Articles

Back to top button
Close