နာမည္ႀကီးပုဂၢိဳလ္မ်ား

စိုးပြည့်ရဲ့ စိတ်နေစိတ်ထားတွေကို ပြောလာတဲ့ ဟိန်းဝေယံ

ဟိန္းေဝယံကေတာ့ စိုးျပည့္သဇင္နဲ႔ လက္ရွိ ရင္းႏွီးမႈအေျခအေနေတြကို ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။ စိုးျပည့္သဇင္ကလည္း ေအးေအးေဆးေဆးေနတတ္သူတစ္ေယာက္ပါတဲ့။

သ႐ုပ္ေဆာင္ ဟိန္းေဝယံ နဲ႔ စိုးျပည့္သဇင္တို႔ ရဲ႕ ရင္းႏွီးမႈကိုေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေလ့ရွိပါတယ္။ ဒါေၾကာင့္ စိုးျပည့္သဇင္နဲ႔ လက္ရွိ ဆက္ဆံေရးအေျခအေနကို ဟိန္းေဝယံက မီဒီယာ အင္တာဗ်ဴးေတြမွာ အခုလို ေျဖဆိုခဲ့ပါတယ္။‘’စိုးျပည့္နဲ႔က ခင္တာကလည္းၾကာၿပီ။ဟိုးအရင္ကတည္းက ဆုံခဲ့တယ္။ Facebook မွာကလည္း friend ျဖစ္တဲ့အခါက်ေတာ့ တစ္ခါတေလ စတာ ေနာက္တာေတြေတာ့ရွိတာေပါ့။ အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူက တကယ္ေတာ္တဲ့သူတစ္ေယာက္ပါ။ သူနဲ႔ ပတ္သက္ၿပီး ေထြေထြထူးထူးေျပာခ်င္တာမ်ိဳးေတာ့ မရွိပါဘူး’’ လို႔ ဆိုပါတယ္။

စိုးျပည့္သဇင္ကလည္း အခ်စ္ေရးနဲ႔ ပတ္သက္ရင္ တည္ၿငိမ္သူတစ္ေယာက္ပါ။ သူမကိုယ္တိုင္ကလည္း ေအးေအးေဆးေဆးေနတတ္တဲ့သူပါလို႔ ဟိန္းေဝယံက စက္တင္ဘာလ ၉ ရက္ေန႔က StreetWear Attire (Fashion Show) ကိုတက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။‘’သူက ခင္ဖို႔ေကာင္းတယ္။ ေအးေအးေဆးေဆးေနတတ္တဲ့ သေဘာမ်ိဳးရွိတယ္။ ၿပီးေတာ့ တကယ္လည္း ခင္ဖို႔ေကာင္းပါတယ္။ သူနဲ႔ ဇာတ္ကားအတူတူ႐ိုက္ဖို႔ကိုလည္း စဥ္းစားထားတာေတြရွိပါတယ္။ လက္ရွိမွာလည္း သူနဲ႔အတူတူ႐ိုက္ေနတဲ့ ဇာတ္လမ္းတြဲေလးကလည္း႐ိုက္လက္စျဖစ္ေနတုန္းေပါ့ေနာ္’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ဟိန္းေဝယံနဲ႔ စိုးျပည့္သဇင္တို႔ ႏွစ္ေယာက္ဟာ အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း ဗီဒီယိုဇာတ္ကားေတြ၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ အျပင္ MTV ေတြမွာပါ အတူတြဲ သ႐ုပ္ေဆာင္ရတဲ့သူေတြပါ။ လိုက္ဖက္လြန္းတဲ့သူေတြျဖစ္တာေၾကာင့္လည္း အလုပ္နဲ႔ ပတ္သက္တဲ့ အလွဓာတ္ပုံေတြ အမ်ားႀကီး ႐ိုက္ကူးရေလ့ရွိတာကိုလည္း ေတြ႕ရပါတယ္။

ဟိန္းေဝယံကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့သူျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ ၂၀ ေက်ာ္ကို ေရာက္ရွိလို႔ေနပါၿပီ။ အဲဒီေနာက္ သူကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ‘’မာယာကႀကိဳး’’႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ပရိသတ္အေရွ႕အေရာက္ပို႔ေဆာင္ေပးႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။Credit-ဆယ္လီရပ္ကြက္

Unicode

ဟိန်းဝေယံကတော့ စိုးပြည့်သဇင်နဲ့ လက်ရှိ ရင်းနှီးမှုအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ စိုးပြည့်သဇင်ကလည်း အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပါတဲ့။

သရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်တို့ ရဲ့ ရင်းနှီးမှုကိုတော့ ပရိသတ်တော်တော်များများက စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါကြောင့် စိုးပြည့်သဇင်နဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကို ဟိန်းဝေယံက မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။‘’စိုးပြည့်နဲ့က ခင်တာကလည်းကြာပြီ။ဟိုးအရင်ကတည်းက ဆုံခဲ့တယ်။ Facebook မှာကလည်း friend ဖြစ်တဲ့အခါကျတော့ တစ်ခါတလေ စတာ နောက်တာတွေတော့ရှိတာပေါ့။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း သူက တကယ်တော်တဲ့သူတစ်ယောက်ပါ။ သူနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးပြောချင်တာမျိုးတော့ မရှိပါဘူး’’ လို့ ဆိုပါတယ်။

စိုးပြည့်သဇင်ကလည်း အချစ်ရေးနဲ့ ပတ်သက်ရင် တည်ငြိမ်သူတစ်ယောက်ပါ။ သူမကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနေတတ်တဲ့သူပါလို့ ဟိန်းဝေယံက စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire (Fashion Show) ကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။‘’သူက ခင်ဖို့ကောင်းတယ်။ အေးအေးဆေးဆေးနေတတ်တဲ့ သဘောမျိုးရှိတယ်။ ပြီးတော့ တကယ်လည်း ခင်ဖို့ကောင်းပါတယ်။ သူနဲ့ ဇာတ်ကားအတူတူရိုက်ဖို့ကိုလည်း စဉ်းစားထားတာတွေရှိပါတယ်။ လက်ရှိမှာလည်း သူနဲ့အတူတူရိုက်နေတဲ့ ဇာတ်လမ်းတွဲလေးကလည်းရိုက်လက်စဖြစ်နေတုန်းပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ အပြင် MTV တွေမှာပါ အတူတွဲ သရုပ်ဆောင်ရတဲ့သူတွေပါ။ လိုက်ဖက်လွန်းတဲ့သူတွေဖြစ်တာကြောင့်လည်း အလုပ်နဲ့ ပတ်သက်တဲ့ အလှဓာတ်ပုံတွေ အများကြီး ရိုက်ကူးရလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အဲဒီနောက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့အရောက်ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။Credit-ဆယ္လီရပ္ကြက္

Show More

Related Articles

Back to top button
Close