နာမည္ႀကီးပုဂၢိဳလ္မ်ား

သမီးလေး နေမကောင်းဖြစ်နေတာကြောင့် စိတ်မချမ်းမသာဖြစ်နေတဲ့ ခိုင်နှင်းဝေ





Unicode

“သမီးလေး နေမကောင်းဖြစ်နေတာကြောင့် စိတ်မချမ်းမသာဖြစ်နေတဲ့ ခိုင်နှင်းဝေ”ခိုင်နှင်းဝေကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေထက် လူမှုအကျိုးပြု ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက သူမကို ပရဟိတမင်းသမီးလို့ခေါ်ဆိုနေကြပါသေးတယ်။လက်ရှိမှာလည်း ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာအသစ်လေးကိုဖွင့်လှစ်ပေးထားပါတယ်။

ဒီလို ဂေဟာဖွင့်လှစ်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ထားတဲ့ အပေါ် တချို့သော သူတွေက “ကလေးတွေကို ဗန်းပြပြီးလုပ်စားနေတယ်လို့”ဝေဖန်တိုက်ခိုက်မှုတွေရှိနေခဲ့ပေမဲ့လည်း ခိုင်နှင်းဝေကတော့ သူမပြုစုစောင့်ရှောက်ထားတဲ့ ကလေးလေးတွေကို သားသမီးအရင်းတွေလို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ သူမသားသမီးအရင်းတွေကို ချစ်ခင်ပြုစုစောင့်ရှောက်နေတဲ့ကလေးတွေထဲက သမီးလေးတစ်ယောက်ဟာ နေမကောင်းဖြစ်နေတာကြောင့် ခိုင်နှင်းဝေတစ်ယောက် စိတ်မချမ်းမသာဖြစ်နေရပြီး

“ကျွန်မ သမီးလေးချောင်းတွေအရမ်းဆိုးပြီးရင်တွေကျပ်တာ နှုတ်ခမ်းတွေပါ ပြာလာလို့ ဆေးရုံတင်ထားရပါတယ်။သမီးလေးအသက်ရှူကျပ်နေတာကြည့်ပြီး ရင်ထဲဆို့လာတယ်။ ကလေးတွေရောဂါဝေဒနာခံစားနေရရင် သူတို့အစား ကျွန်မသာဖြစ်လိုက်ချင်တယ်။သားတွေသမီးတွေအပေါ်ထားတဲ့ ကျမရဲ့ မေတ္တာတရားတွေကြောင့် ကျမသမီးခိုင်တင့်တယ်မေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ။”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သမီးလေးနေမကောင်းလို့ စိတ်ပူနေရတဲ့ ခိုင်နှင်းဝေအတွက် အားပေးစကားလေးတွေပြောသွားပေးပါဦးနော်။Source : Khine Hnin Wai;Credit-Chilli – CeleGabar

Show More

Related Articles

Back to top button
Close