နာမည္ႀကီးပုဂၢိဳလ္မ်ားရုပ္သံ

ဆုရတဲ့ပိုက်ဆံနဲ့ မေမေ့ကိုတိုက်ဆောက်ပေးမယ်ဆိုတဲ့ အသက် ၅ နှစ်အရွယ် သိုင်းပြောင်းပြန်သမားလေး ဘုန်းမြတ်မင်းနဲ့ အင်တာဗျူး

ပရိသတ္ႀကီးခင္ဗ်ာ… ခုဆိုရင္ Myanmar’s Got Talent 2019 ရဲ႕ ေနာက္ဆံုး ဖိုင္နယ္ ၿပိဳင္ပြဲႀကီးကို က်င္းပၿပီးစီးသြားၿပီပဲ ျဖစ္ပါတယ္…. ယခုအႀကိမ္နဲ႔ ဆိုရင္ Myanmar’s Got Talent ကိုက်င္းပလာတာ ၆ ႀကိမ္တိတိရွိသြားၿပီ ျဖစ္ပါတယ္….ဒီ ၆ ႀကိမ္မွာေတာ့ Myanmar’s Got Talent ၿပိဳင္ပြဲတစ္ေလွ်ာက္ အသက္အငယ္ဆံုး ခ်န္ပီယံ တစ္ဦးေပၚထြက္လာၿပီပဲ ျဖစ္ပါတယ္…သူကေတာ့ အသက္ ၅ ႏွစ္သာ ရွိေသးတဲ့ သိုင္းေျပာင္းျပန္သမားေလး ဘုန္းျမတ္မင္းပဲ ျဖစ္ပါတယ္…. အသက္ငယ္ေပမဲ့ ျပသသြားတဲ့ သိုင္းစြမ္းရည္ေတြကေတာ့ အရြယ္နဲ႔ မလိုက္ေအာင္ ထူးခၽြန္လွတာပါ….

ေနာက္ဆုံးဖိုင္နယ္အဆင့္မွာ ဘုန္းျမတ္မင္းေလးဟာ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ Baby Star ၊ Feng Yi ၊ ေ႐ႊစိုးရာဇာ၊ Angelo Erasmus ၊ မင္းျမတ္ ၊ Damien ၊ ဝင္းစန္းေအာင္၊ သားတို႔အႁမႊာ မိုး ၿဖိဳး၊ ေဇာ္ႏိုင္ဝင္း စတဲ့ အဖြဲ႕ေတြနဲ႔ အတူ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရပါတယ္…ဖခင္ျဖစ္သူရဲ႕ သင္ၾကားေပးမႈနဲ႔ အတူ သိုင္းပညာေတြကို အရြယ္နဲ႔ မမွ်ေအာင္တတ္ကၽြမ္းခဲ့တဲ့ မႏၱေလးသား ဘုန္းျမတ္မင္းေလးဟာ ဖိုင္နယ္အဆင့္ကို လက္သိုင္း၊ တုတ္သိုင္း၊ ဓားသိုင္း စတဲ့ ခက္ခဲတဲ့ ျမန္မာ့႐ိုးရာ သိုင္းပညာရပ္ေတြနဲ႔ အဆင့္ဆင့္ ျဖတ္ေက်ာ္ၿပီး ေရာက္ရွိလာျခင္း ျဖစ္ပါတယ္…

ဖိုင္နယ္မွာလည္း နာမည္ႀကီး မ်က္လွည့္ပညာရွင္ Damien နဲ႔ Winner ဆုအတြက္ ၂ ဦးတည္း နာမည္ေၾကညာခံရခ်ိန္မွာ ေတာ့ Winner အျဖစ္ ဘုန္းျမတ္မင္းနာမည္ကို ေၾကညာေပးခဲ့ၿပီး Myanmar’s Got Talent ရဲ႕ အသက္အငယ္ဆံုး Winner တစ္ဦးျဖစ္လာခဲ့ပါတယ္….ခုလို အရြယ္နဲ႔ မလိုက္ေအာင္ သိုင္းစြမ္းရည္ထက္ျမက္တဲ့ ဘုန္းျမတ္မင္းေလးဟာ မိဘေက်းဇူးကို ငယ္ငယ္နဲ႔ ဆပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္…အဲတာကေတာ့ Myanmar’s Got Talent 2019 မွာ ရရွိခဲ့တဲ့ ဆုေၾကးေငြ သိန္း ၁၅၀ ကို ေဖေဖနဲ႔ ေမေမအတြက္ ၃ ထပ္အိမ္ေဆာက္ေပးသြားမယ္လို႔ ဘုန္းျမတ္မင္းေလးက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ….

ဖိုင္နယ္မတိုင္ခင္မွာ သားေလးဟာ အဖ်ားေရာဂါ ခံစားခဲ့ရၿပီး အဲဒီၾကားထဲက ႀကိဳးစားေလ့က်င့္ခဲ့တာပါတဲ့…ၿပီးေတာ့ သားေလးက သူ႔ကို အားေပးၾကတဲ့သူေတြကို ေက်းဇူးတင္ပါတယ္လို႔လည္း အင္တာဗ်ဴးေလးထဲမွာ ေျပာသြားပါေသးတယ္… ကဲ…သားေလးရဲ႕ အင္တာဗ်ဴးေလးကို ပရိသတ္ေတြ ၾကည့္လို႔ရေအာင္ ေအာက္မွာ ျပန္မွ်ေဝေပးလိုက္တယ္ေနာ္…ရုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

 

Credit– HW (Shwe Yaung Lan)Video Source : Cele Gabar

Unicode

ပရိသတ်ကြီးခင်ဗျာ… ခုဆိုရင် Myanmar’s Got Talent 2019 ရဲ့ နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲကြီးကို ကျင်းပပြီးစီးသွားပြီပဲ ဖြစ်ပါတယ်…. ယခုအကြိမ်နဲ့ ဆိုရင် Myanmar’s Got Talent ကိုကျင်းပလာတာ ၆ ကြိမ်တိတိရှိသွားပြီ ဖြစ်ပါတယ်….ဒီ ၆ ကြိမ်မှာတော့ Myanmar’s Got Talent ပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံ တစ်ဦးပေါ်ထွက်လာပြီပဲ ဖြစ်ပါတယ်…သူကတော့ အသက် ၅ နှစ်သာ ရှိသေးတဲ့ သိုင်းပြောင်းပြန်သမားလေး ဘုန်းမြတ်မင်းပဲ ဖြစ်ပါတယ်…. အသက်ငယ်ပေမဲ့ ပြသသွားတဲ့ သိုင်းစွမ်းရည်တွေကတော့ အရွယ်နဲ့ မလိုက်အောင် ထူးချွန်လှတာပါ….

နောက်ဆုံးဖိုင်နယ်အဆင့်မှာ ဘုန်းမြတ်မင်းလေးဟာ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Baby Star ၊ Feng Yi ၊ ရွှေစိုးရာဇာ၊ Angelo Erasmus ၊ မင်းမြတ် ၊ Damien ၊ ဝင်းစန်းအောင်၊ သားတို့အမြွှာ မိုး ဖြိုး၊ ဇော်နိုင်ဝင်း စတဲ့ အဖွဲ့တွေနဲ့ အတူ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်…ဖခင်ဖြစ်သူရဲ့ သင်ကြားပေးမှုနဲ့ အတူ သိုင်းပညာတွေကို အရွယ်နဲ့ မမျှအောင်တတ်ကျွမ်းခဲ့တဲ့ မန္တလေးသား ဘုန်းမြတ်မင်းလေးဟာ ဖိုင်နယ်အဆင့်ကို လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း စတဲ့ ခက်ခဲတဲ့ မြန်မာ့ရိုးရာ သိုင်းပညာရပ်တွေနဲ့ အဆင့်ဆင့် ဖြတ်ကျော်ပြီး ရောက်ရှိလာခြင်း ဖြစ်ပါတယ်…

ဖိုင်နယ်မှာလည်း နာမည်ကြီး မျက်လှည့်ပညာရှင် Damien နဲ့ Winner ဆုအတွက် ၂ ဦးတည်း နာမည်ကြေညာခံရချိန်မှာ တော့ Winner အဖြစ် ဘုန်းမြတ်မင်းနာမည်ကို ကြေညာပေးခဲ့ပြီး Myanmar’s Got Talent ရဲ့ အသက်အငယ်ဆုံး Winner တစ်ဦးဖြစ်လာခဲ့ပါတယ်….ခုလို အရွယ်နဲ့ မလိုက်အောင် သိုင်းစွမ်းရည်ထက်မြက်တဲ့ ဘုန်းမြတ်မင်းလေးဟာ မိဘကျေးဇူးကို ငယ်ငယ်နဲ့ ဆပ်နိုင်တော့မှာ ဖြစ်ပါတယ်…အဲတာကတော့ Myanmar’s Got Talent 2019 မှာ ရရှိခဲ့တဲ့ ဆုကြေးငွေ သိန်း ၁၅၀ ကို ဖေဖေနဲ့ မေမေအတွက် ၃ ထပ်အိမ်ဆောက်ပေးသွားမယ်လို့ ဘုန်းမြတ်မင်းလေးက အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ….

ဖိုင်နယ်မတိုင်ခင်မှာ သားလေးဟာ အဖျားရောဂါ ခံစားခဲ့ရပြီး အဲဒီကြားထဲက ကြိုးစားလေ့ကျင့်ခဲ့တာပါတဲ့…ပြီးတော့ သားလေးက သူ့ကို အားပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့လည်း အင်တာဗျူးလေးထဲမှာ ပြောသွားပါသေးတယ်… ကဲ…သားလေးရဲ့ အင်တာဗျူးလေးကို ပရိသတ်တွေ ကြည့်လို့ရအောင် အောက်မှာ ပြန်မျှဝေပေးလိုက်တယ်နော်…ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါCredit – HW (Shwe Yaung Lan);Video Source : Cele Gabar

Show More

Related Articles

Back to top button
Close