နာမည္ႀကီးပုဂၢိဳလ္မ်ား

မီးလေးလည်းကြိုးစား၊မေမေလည်းကြိုးစားမယ်ဆိုပြီး သမီးချောလေးမြူလင်းကိုကို ကိုအားပေးစကားဆိုလိုက်တဲ့ လင်းဇာနည်ဇော်





Credit-Swelsone

Unicode

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလင်းဇာနည်ဇော်ဟာဆိုရင် ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိနေဆဲဖြစ်ပါတယ်။လင်းဇာနည်ဇော်က သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မြူလင်းကိုကိုကတော့ သြစတေးလျ UTS: University of Technology Sydney မှာကျောင်းတက်ရောက်နေတာဖြစ်ပါတယ်။

မေမေလင်းဇာနည်ဇော်ကတော့ မြူလင်းကိုကိုအတွက် အစစအရာရာလိုလေသေးမရှိအောင် ထားပေးပြီး စောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။လင်းဇာနည်ဇော်ကတော့ ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ စီးပွားရေးတွေကို ဇောက်ချလုပ်ကိုင်နေပြီး အရမ်းကြိုးစားနေတာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း လှပပျိုမျစ်နေဆဲဖြစ်တဲ့ လင်းဇာနည်ဇော်က သမီးချောလေးနဲ့တောင် ညီအစ်မတွေလို့ ထင်ရပါတယ်နော်။

မြူလင်းကိုကိုကလည်း စာမေးပွဲပြီးတော့မှာဖြစ်လို့ မကြာခင်မှာ မြန်မာပြည်ကိုပြန်လာပြီး မေမေ့ဘေးနားမှာနေကာ အလုပ်တွေကူလုပ်ပေးတော့မှာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေလင်းဇာနည်ဇော်က “မီးလေးလဲကြိုးစား..မေမေလဲကြိုးစားမယ်”ဆိုပြီး သမီးလေးအတွက်အားပေးစကားတွေပြောထားပါတယ်နော်။လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်က ညီအစ်မတွေလို အရမ်းချစ်ဖို့ကောင်းတာကြောင့် သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။Credit-Swelsone

Show More

Related Articles

Back to top button
Close