အေထြေထြဗဟုသုတ

အိမ်အကူကိုအက်စက်နဲ့ပက်ခဲ့သည့်အိမ်ရှင် ၂ ဦးအား မန္တလေးခရိုင်တရားရုံးမှ ပြစ်ဒဏ်ကြီးလေးစွာချမှတ်

အက္ဆစ္နဲ႔ အပက္ခံခဲ့ရတာေၾကာင့္ မ်က္လံုးတစ္ဖက္ ကန္းျပီး မ်က္နွာတစ္ျခမ္း ပ်က္စီးခဲ့ရတဲ့ အိမ္အကူအမ်ိဳးသမီးေလးကို နွိပ္စက္တဲ့ အိမ္ရွင္ အမ်ိဳးသမီးနွစ္ေယာက္ကို ဒီကေန႕မႏၱေလးခရိုင္တရားရံုးက ေထာင္ဒဏ္ ၁၅ နွစ္စီ က်ခံေစဖို႔အတြက္ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

က်ဴးလြန္းတဲ့ အမ်ိဳးသမီးနွစ္ဦးကေတာ့ မနီနီနုႏြယ္ နဲ႔ မမိုးမိုး တုိ႔ျဖစ္ပါတယ္။ သူတုိ႔ကို လူကုန္ကူးရဲတပ္ဖြဲ႔က တရားလို လုပ္ျပီး တရားစြဲခဲ့တာေၾကာင့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄နဲ႔ တရားစြဲဆိုခဲ့ျပီး အခုလို ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ျဖစ္စဥ္ကေတာ့ ၂၀၀၈ ခုနွစ္ေလာက္က ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္၊ နဘမ္းႀကီးေက်း႐ြာတြင္ ေနထိုင္တဲ့ မနန္းေမဇင္ဦးကို ေဒၚမိုးမိုး က မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္ရွိ ကုန္စုံဆိုင္တြင္ တစ္လ တစ္ေသာင္းက်ပ္ျဖင့္ ခိုင္းေစဖို႔ဆိုျပီး ေခၚခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေဒၚမိုးမိုးက ကုန္စံုဆိုင္ပိတ္လိုက္ရျပီးေတာ့ သူ႕အကိုဆီမွာ ဆက္
လက္ လုပ္ကိုင္ရပါတယ္။ အဲ့ဒီေနာက္မွာ ေဒၚမိုးမိုး ရဲ႕ ေခြ်းမျဖစ္တဲ့ မနီနီနုႏြယ္ နဲ႔ သၾကၤန္အတူလည္ခဲ့ပါတယ္။ အဲ့ဒီမွာ ျပႆနာက စတာပါ။

နီနီနုႏြယ္ သူငယ္ခ်င္း ဟိန္းကိုကိုက နန္းေမဇင္ဦးကို ခ်စ္ေၾကာင္း ဖြင့္ေျပာရာကေန နီနီနုႏြယ္က မနာလိုစိတ္ေတြ ျဖစ္ျပီးေတာ့ နန္းေမဇင္ဦးေလး ေရခ်ိဳးတဲ့ အခ်ိန္းမွာ အက္ဆစ္နဲ႔ပက္ခဲ့တာပါ။ အဲ့ဒါ နွစ္ဆန္းတစ္ရက္ေန႔မွာပါ။ အဲ့ဒီေနာက္မွာေတာ့ နန္းေမဇင္ဦးေလးကို အိမ္အျပင္ ေပးမထြက္ပဲ ေရခ်ိဳးခ်ိန္ေလာက္ပဲ အျပင္ထုတ္ေပးျပီး အိမ္ထဲ ပိတ္ေလွာင္ထားခဲ့တာ ေလးနွစ္တိတိ ၾကာပါတယ္။ ရိုးအလြန္းတဲ့ သူ႕အေဖကိုေတာ့ အမႈမဖြင့္ဖုိ႔ဆိုျပီး တစ္သိန္းေပးလိုက္ ၊ နွစ္သိန္းေပးလိုက္နဲ႔ လွည့္စားေနခဲ့တာပါ။

အက္ဆစ္ေလာင္တဲ့ ဒဏ္ရာေတြ ေပ်ာက္သြားေပမယ့္လည္း နန္းေမဇင္ဦး ဘဝဟာ မလြတ္ေျမာက္နုိင္ခဲ့ပါဘူး။ အဲ့အိမ္မွာပဲ နွိပ္စက္ ခိုင္းေနၾကတာပါ။ အမိႈက္ပံုးသြန္တာ မနိုင္လို႔ေမွာက္က်ရမလားဆိုျပီးေတာ့ အမိႈက္ပံုးထဲကို ေခါင္းနွစ္ တြန္းလွဲ ေဆာင့္ကန္ လုပ္ ၊ ဝက္စာပံုးထဲ ေခါင္းနစ္ နွိပ္စက္တာပါ။ နွိပ္စက္တာကေတာ့ နီနီနုႏြယ္ ဆိုတဲ့ အမ်ိဳးသမီးပါပဲ။ေတာ္ေတာ္ မိုက္ရိုင္းတဲ့ မိန္းမပါ။ အခုေတာ့ တရားခြင္လာတုိင္း မ်က္နွာကိုကြယ္ထားပါတယ္။ သူမ်ားမ်က္နွာကိုေတာ့ အက္ဆစ္နဲ႔ ပက္ျပီး သူ႕မ်က္နွာ က်ေတာ့ မီဒီယာမွာပါမွာဆိုးလို႔ပါ
ေတာ္ေတာ္ တရားက်ဖုိ႔ေကာင္းပါတယ္။အခုလည္း ဒိအမႈေပၚတာက နန္းေမဇင္ဦးက ထြက္ေျပးသြားလို႔ပါ။ လံုးဝ မခံႏိုင္ေတာ့လို႔ ထြက္ေျပးခ်ိန္မွာ အမ်ိဳးသမီးေရးရာအဖြဲ႕ေတြနဲ႔ ေတြ႕လို႔ အခုလို အမႈမွန္ေပၚခဲ့တာပါ။ မဟုတ္ရင္
နန္းေမဇင္ဦး ဘဝက မေတြးရဲစရာပါ။Credit- SMT(SHwe Yaung Lan)

Unicode
အက်ဆစ်နဲ့ အပက်ခံခဲ့ရတာကြောင့် မျက်လုံးတစ်ဖက် ကန်းပြီး မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ရတဲ့ အိမ်အကူအမျိုးသမီးလေးကို နှိပ်စက်တဲ့ အိမ်ရှင် အမျိုးသမီးနှစ်ယောက်ကို ဒီကနေ့
မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေဖို့အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။

ကျူးလွန်းတဲ့ အမျိုးသမီးနှစ်ဦးကတော့ မနီနီနုနွယ် နဲ့ မမိုးမိုး တို့ဖြစ်ပါတယ်။ သူတို့ကို လူကုန်ကူးရဲတပ်ဖွဲ့က တရားလို လုပ်ပြီး တရားစွဲခဲ့တာကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄နဲ့ တရားစွဲဆိုခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ၂၀၀၈ ခုနှစ်လောက်က ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင် နေထိုင်တဲ့ မနန်းမေဇင်ဦးကို ဒေါ်မိုးမိုး က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တစ်လ တစ်သောင်းကျပ်ဖြင့် ခိုင်းစေဖို့ဆိုပြီး ခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒေါ်မိုးမိုးက ကုန်စုံဆိုင်ပိတ်လိုက်ရပြီးတော့ သူ့အကိုဆီမှာ ဆက်
လက် လုပ်ကိုင်ရပါတယ်။ အဲ့ဒီနောက်မှာ ဒေါ်မိုးမိုး ရဲ့ ချွေးမဖြစ်တဲ့ မနီနီနုနွယ် နဲ့ သြင်္ကန်အတူလည်ခဲ့ပါတယ်။ အဲ့ဒီမှာ ပြဿနာက စတာပါ။

နီနီနုနွယ် သူငယ်ချင်း ဟိန်းကိုကိုက နန်းမေဇင်ဦးကို ချစ်ကြောင်း ဖွင့်ပြောရာကနေ နီနီနုနွယ်က မနာလိုစိတ်တွေ ဖြစ်ပြီးတော့ နန်းမေဇင်ဦးလေး ရေချိုးတဲ့ အချိန်းမှာ အက်ဆစ်နဲ့
ပက်ခဲ့တာပါ။ အဲ့ဒါ နှစ်ဆန်းတစ်ရက်နေ့မှာပါ။ အဲ့ဒီနောက်မှာတော့ နန်းမေဇင်ဦးလေးကို အိမ်အပြင် ပေးမထွက်ပဲ ရေချိုးချိန်လောက်ပဲ အပြင်ထုတ်ပေးပြီး အိမ်ထဲ ပိတ်လှောင်ထား
ခဲ့တာ လေးနှစ်တိတိ ကြာပါတယ်။ ရိုးအလွန်းတဲ့ သူ့အဖေကိုတော့ အမှုမဖွင့်ဖို့ဆိုပြီး တစ်သိန်းပေးလိုက် ၊ နှစ်သိန်းပေးလိုက်နဲ့ လှည့်စားနေခဲ့တာပါ။

အက်ဆစ်လောင်တဲ့ ဒဏ်ရာတွေ ပျောက်သွားပေမယ့်လည်း နန်းမေဇင်ဦး ဘဝဟာ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဲ့အိမ်မှာပဲ နှိပ်စက် ခိုင်းနေကြတာပါ။ အမှိုက်ပုံးသွန်တာ မနိုင်လို့
မှောက်ကျရမလားဆိုပြီးတော့ အမှိုက်ပုံးထဲကို ခေါင်းနှစ် တွန်းလှဲ ဆောင့်ကန် လုပ် ၊ ဝက်စာပုံးထဲ ခေါင်းနစ် နှိပ်စက်တာပါ။ နှိပ်စက်တာကတော့ နီနီနုနွယ် ဆိုတဲ့ အမျိုးသမီးပါပဲ။
တော်တော် မိုက်ရိုင်းတဲ့ မိန်းမပါ။ အခုတော့ တရားခွင်လာတိုင်း မျက်နှာကိုကွယ်ထားပါတယ်။ သူများမျက်နှာကိုတော့ အက်ဆစ်နဲ့ ပက်ပြီး သူ့မျက်နှာ ကျတော့ မီဒီယာမှာပါမှာဆိုးလို့ပါ
တော်တော် တရားကျဖို့ကောင်းပါတယ်။

အခုလည်း ဒိအမှုပေါ်တာက နန်းမေဇင်ဦးက ထွက်ပြေးသွားလို့ပါ။ လုံးဝ မခံနိုင်တော့လို့ ထွက်ပြေးချိန်မှာ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ တွေ့လို့ အခုလို အမှုမှန်ပေါ်ခဲ့တာပါ။ မဟုတ်ရင်
နန်းမေဇင်ဦး ဘဝက မတွေးရဲစရာပါ။Credit- SMT(SHwe Yaung Lan)

Show More

Related Articles

Back to top button
Close