ရုပ္သံအနုပညာရပ္၀န္း

အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်လို့ ဂဠုန်ဦးစောရဲ့မြစ်က ဦးစောအဖြစ် သရုပ်ဆောင်ခွင့် တောင်းဆိုခဲ့

ဂဠဳန္ဦးေစာရဲ႕ ျမစ္က ဂဠဳန္ဦးေစာရဲ႕႐ုပ္ရည္နဲ႔ ကာ႐ိုက္တာအရေကာ ေတာ္ေတာ္တူတဲ့ျဖစ္ၿပီး သူကိုယ္တိုင္က သူ႔အဖိုးကိုယ္စား ဒီႏိုင္ငံကို ျပန္ၿပီးေတာ့ေပးဆပ္ခ်င္တယ္၊ ဒီႏိုင္ငံကိုျပန္ၿပီးေတာ့ ေက်းဇူးျပဳခ်င္တယ္ဆိုကာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရဖို႔ ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ ဒါ႐ိုက္တာ လူမင္းကေျပာပါတယ္။

စက္တင္ဘာလကုန္မွာ စတင္႐ိုက္ကူးေတာ့မွာျဖစ္တဲ့ ေအာင္ဆန္း႐ုပ္ရွင္မွာေတာ့ ဗိုလ္ခ်ဳပ္ကို လုပ္ႀကံခဲ့တဲ့ ဂဠဳန္ဦးေစာရဲ႕ေနရာမွာ ဂဠဳန္ဦးေစာရဲ႕ ျမစ္ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္မွာ ျဖစ္ၿပီး အခုလိုသ႐ုပ္ေဆာင္ခြင့္ကိုလည္း ဂဠဳန္ဦးေစာရဲ႕ျမစ္ကိုယ္တိုင္က ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဂဠဳန္ဦးေစာေနရာမွာ သူ႔ရဲ႕ျမစ္ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္မယ္ဆိုတာကိုေတာ့ စက္တင္ဘာလ(၂၄)ရက္ေန႔က ရန္ကုန္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္စတင္႐ိုက္ကူးျခင္းအခမ္းအနားမွာ ႐ုပ္ရွင္မွာ ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြနဲ႔ မိတ္ဆက္ေျပာၾကားေပးရင္းသိခဲ့ရတာပါ။

“ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ရဲ႕ အင္မတန္မွ အေရးႀကီးတဲ့ ဇာတ္ေကာင္ေနရာျဖစ္တဲ့ ဂဠဳန္ဦးေစာရဲ႕ေနရာမွာ သူ႔ရဲ႕ျမစ္ကိုယ္တိုင္သ႐ုပ္ေဆာင္မွာ။ သူကိုယ္တိုင္က လာေရာက္ကမ္းလွမ္းၿပီးေတာ့ အဆိုျပဳသြားတာျဖစ္တယ္။ အစ္ကိုတို႔အေနနဲ႔ကလည္း အႀကိမ္ႀကိမ္အဖန္ဖန္ စဥ္းစားခဲ့တယ္။ ကာယကံရွင္မိသားစုအေနနဲ႔ ဒီဘက္မ်ိဳးဆက္မွာ သူတို႔အတြက္ထိခိုက္မႈရွိႏိုင္မလားဆိုၿပီး သူ႔ကိုလည္း အႀကိမ္ႀကိမ္စဥ္းစားဖို႔ေျပာတယ္။ သို႔ေသာ္ သူကိုယ္တိုင္က သူ႔အဖိုးကိုယ္စား ဒီႏိုင္ငံကို ျပန္ၿပီးေတာ့ေပးဆပ္ခ်င္တယ္။ ဒီႏိုင္ငံကိုျပန္ၿပီးေတာ့ ေက်းဇူးျပဳခ်င္တယ္ဆိုလို႔ အစ္ကိုတို႔လက္ခံခဲ့တာပါ” လို႔ ဒါ႐ိုက္တာလူမင္းက မီဒီယာေတြကို ေျပာပါတယ္။

ဂဠဳန္ဦးေစာရဲ႕ ျမစ္က ဂဠဳန္ဦးေစာရဲ႕႐ုပ္ရည္နဲ႔ ကာ႐ိုက္တာအရေကာ အမတန္မွတူတဲ့သူတစ္ဦးျဖစ္တယ္လို႔လည္း ဒါ႐ိုက္တာလူမင္းက ဆိုပါတယ္။ ဂဠဳန္ဦးေစာရဲ႕ျမစ္က ဒီကေန႔ (စက္တင္ဘာလ ၂၄ ရက္) မွာ က်င္းပတဲ့ ေအာင္ဆန္း႐ုပ္ရွင္ စတင္႐ိုက္ကူးျခင္းအခမ္းအနားကို တက္ေရာက္လာျခင္းမရွိပါဘူး။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာပါဝင္သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြထဲက တစ္ဝက္က ႐ုပ္ရွင္ေလာကသားေတြထဲကမဟုတ္ဘဲ အျပင္ကေန ဇာတ္ေကာင္နဲ႔႐ုပ္ဆင္တဲ့ သ႐ုပ္ေဆာင္ေတြက ျဖစ္တယ္လို႔ သိရပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္ရဲ႕ ပထမဆုံးစတင္႐ိုက္ကူးမယ့္ ဇာတ္ဝင္ခန္းကို စက္တင္ဘာလ(၃၀)ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပတိုက္မွာစတင္႐ိုက္ကူးမွာလည္းျဖစ္ပါတယ္။ေအာင္ဆန္း႐ုပ္ရွင္ကားႀကီးကိုေတာ့ ၂၀၂၀ခုႏွစ္မွာ ႐ုံတင္ျပသသြားမွာျဖစ္တယ္လို႔သိရပါတယ္။

 

ဒီကေန႔ (စက္တင္ဘာလ ၂၄ ရက္) မွာ က်င္းပတဲ့ ေအာင္ဆန္း႐ုပ္ရွင္ စတင္႐ိုက္ကူးျခင္းအခမ္းအနားကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္ခဲ့ပါတယ္။Credit-original

Unicode

ဂဠုန်ဦးစောရဲ့ မြစ်က ဂဠုန်ဦးစောရဲ့ရုပ်ရည်နဲ့ ကာရိုက်တာအရကော တော်တော်တူတဲ့ဖြစ်ပြီး သူကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်၊ ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်ဆိုကာ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းကပြောပါတယ်။

စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မှာဖြစ်တဲ့ အောင်ဆန်းရုပ်ရှင်မှာတော့ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောရဲ့နေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး အခုလိုသရုပ်ဆောင်ခွင့်ကိုလည်း ဂဠုန်ဦးစောရဲ့မြစ်ကိုယ်တိုင်က ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂဠုန်ဦးစောနေရာမှာ သူ့ရဲ့မြစ်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ်ဆိုတာကိုတော့ စက်တင်ဘာလ(၂၄)ရက်နေ့က ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနားမှာ ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ မိတ်ဆက်ပြောကြားပေးရင်းသိခဲ့ရတာပါ။

“ ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ ဇာတ်ကောင်နေရာဖြစ်တဲ့ ဂဠုန်ဦးစောရဲ့နေရာမှာ သူ့ရဲ့မြစ်ကိုယ်တိုင်သရုပ်ဆောင်မှာ။ သူကိုယ်တိုင်က လာရောက်ကမ်းလှမ်းပြီးတော့ အဆိုပြုသွားတာဖြစ်တယ်။ အစ်ကိုတို့အနေနဲ့ကလည်း အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားခဲ့တယ်။ ကာယကံရှင်မိသားစုအနေနဲ့ ဒီဘက်မျိုးဆက်မှာ သူတို့အတွက်ထိခိုက်မှုရှိနိုင်မလားဆိုပြီး သူ့ကိုလည်း အကြိမ်ကြိမ်စဉ်းစားဖို့ပြောတယ်။ သို့သော် သူကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်။ ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်ဆိုလို့ အစ်ကိုတို့လက်ခံခဲ့တာပါ” လို့ ဒါရိုက်တာလူမင်းက မီဒီယာတွေကို ပြောပါတယ်။

ဂဠုန်ဦးစောရဲ့ မြစ်က ဂဠုန်ဦးစောရဲ့ရုပ်ရည်နဲ့ ကာရိုက်တာအရကော အမတန်မှတူတဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ဒါရိုက်တာလူမင်းက ဆိုပါတယ်။ ဂဠုန်ဦးစောရဲ့မြစ်က ဒီကနေ့ (စက်တင်ဘာလ ၂၄ ရက်) မှာ ကျင်းပတဲ့ အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို တက်ရောက်လာခြင်းမရှိပါဘူး။

ဗိုလ်ချုပ်ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေထဲက တစ်ဝက်က ရုပ်ရှင်လောကသားတွေထဲကမဟုတ်ဘဲ အပြင်ကနေ ဇာတ်ကောင်နဲ့ရုပ်ဆင်တဲ့ သရုပ်ဆောင်တွေက ဖြစ်တယ်လို့ သိရပါတယ်။ အောင်ဆန်းရုပ်ရှင်ရဲ့ ပထမဆုံးစတင်ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းကို စက်တင်ဘာလ(၃၀)ရက်နေ့မှာတော့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာစတင်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ (စက်တင်ဘာလ ၂၄ ရက်) မှာ ကျင်းပတဲ့ အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။Credit-original

Loading...
Show More

Related Articles

Back to top button
Close