နာမည္ႀကီးပုဂၢိဳလ္မ်ား

ထိုင်းမလေးတွေရဲ့နှလုံးသားကို တဆတ်ဆတ်တုန်သွားစေတဲ့ ပိုင်တံခွန်ရဲ့ခပ်ဟော့ဟော့ပုံရိပ်တွေ

ေယာက္်ားပီသတဲ့ မ်က္ႏွာက်နဲ႔ ေတာင့္တင္းသန္မာတဲ့ ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာေလး ပိုင္တံခြန္ကေတာ့ ႐ူပါေျဖာင့္လြန္းတာမို႔ ႏႈတ္ခမ္းနီမေလးေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ပိုင္တံခြန္က ထိုင္းမေလးေတြရဲ႕ရင္ကို တဆတ္ဆတ္ တုန္သြားေစမယ့္ သူ႔ရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခ်ိဳ႕ကို အသားေပး႐ိုက္ကူးထားတဲ့ ပုံရိပ္ေတြကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႕ရပါတယ္။ တက္တူးေတြအျပည့္နဲ႔ ေတာင့္တင္းသန္မာတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေတြ ေပၚလြင္ေနတဲ့ ပိုင္တံခြန္ရဲ႕ခပ္ေဟာ့ေဟာ့ပုံရိပ္ေတြေအာက္မွာေတာ့ မိန္းကေလးပရိသတ္ေတြအကုန္ က်ရႈံးခဲ့ရတာပဲ ျဖစ္ပါတယ္ေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ ႏႈတ္ခမ္းနီမေလးေတြ အသည္းယားေနၾကတဲ့ ပိုင္တံခြန္ ခပ္ေဟာ့ေဟာ့ ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပိုင္တံခြန္ကေတာ့ “I am a bad guy in someone’s story” “ကြၽန္ေတာ္ဟာ တစ္စုံတစ္ေယာက္ရဲ႕ဘဝမွာ လူဆိုးျဖစ္ခဲ့ဖူးတယ္” ဆိုတဲ့ ခပ္မိုက္မိုက္ စာသားေလးနဲ႔အတူ သူ႔ရဲ႕အမိုက္စားပုံရိပ္ေတြကို ေဝမွ်ေပးထားတာပါ။ ပိုင္တံခြန္ရဲ႕အသည္းယားဖြယ္ ပုံေတြေအာက္မွာေတာ့ အရမ္းေႂကြတဲ့အေၾကာင္း Comment ေတြ လာေရးၾကတဲ့ ထိုင္းမေလးေတြကလည္း မနည္းမေနာပါပဲေနာ္။

အဆီပိုမရွိ က်စ္လစ္ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္ေပၚမွာ သူသေဘာက်တဲ့ တက္တူးေတြ အေသးစိတ္ ေရးထိုးထားတာမို႔ ေသခ်ာၾကည့္ေလညႇိဳ႕အားျပင္းေလျဖစ္တဲ့ ပိုင္တံခြန္ရဲ႕ပုံရိပ္ေတြကေတာ့ တကယ့္ကို လက္ရာေျမာက္တဲ့ အႏုပညာတစ္ခုလို ၾကည့္ေကာင္းလွပါတယ္ေနာ္။

 

ပရိသတ္ေကာင္မေလးေတြ အရမ္းစိတ္ဝင္စားေနၾကတဲ့ ပိုင္တံခြန္ရဲ႕အခ်စ္ေရးကေတာ့ အခုအခ်ိန္အထိကို ၿငိမ္သက္ေနဆဲပါပဲ။ ပိုင္တံခြန္ကေတာ့ လတ္တေလာမွာ အႏုပညာလႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနတာေတြ႕ရၿပီး ဇာတ္ကားေတြလည္း ႐ိုက္ကူးျဖစ္ေနတယ္လို႔ သိရပါတယ္။ ထိုင္းႏိုင္ငံအထိပါ ေအာင္ျမင္ေနတဲ့ ပိုင္တံခြန္ကေတာ့ မၾကာခဏဆိုသလို ထိုင္းပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံေလ့ရွိပါတယ္။ခ်စ္ပရိသတ္ေတြလည္း ေယာက္်ားပီသလြန္းတဲ့ ပိုင္တံခြန္ကိုေႂကြရင္ သူ႔ရဲ႕ပုံရိပ္ေလးေတြကို အခ်င္းခ်င္း ေဝမွ်သြားၾကပါဦးေနာ္။Credit-original

Unicode

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ ရူပါဖြောင့်လွန်းတာမို့ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က ထိုင်းမလေးတွေရဲ့ရင်ကို တဆတ်ဆတ် တုန်သွားစေမယ့် သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ကို အသားပေးရိုက်ကူးထားတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တက်တူးတွေအပြည့်နဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ပေါ်လွင်နေတဲ့ ပိုင်တံခွန်ရဲ့ခပ်ဟော့ဟော့ပုံရိပ်တွေအောက်မှာတော့ မိန်းကလေးပရိသတ်တွေအကုန် ကျရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်နော်။ချစ်ပရိသတ်တွေအတွက် နှုတ်ခမ်းနီမလေးတွေ အသည်းယားနေကြတဲ့ ပိုင်တံခွန် ခပ်ဟော့ဟော့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ “I am a bad guy in someone’s story” “ကျွန်တော်ဟာ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ လူဆိုးဖြစ်ခဲ့ဖူးတယ်” ဆိုတဲ့ ခပ်မိုက်မိုက် စာသားလေးနဲ့အတူ သူ့ရဲ့အမိုက်စားပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ပိုင်တံခွန်ရဲ့အသည်းယားဖွယ် ပုံတွေအောက်မှာတော့ အရမ်းကြွေတဲ့အကြောင်း Comment တွေ လာရေးကြတဲ့ ထိုင်းမလေးတွေကလည်း မနည်းမနောပါပဲနော်။

အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပေါ်မှာ သူသဘောကျတဲ့ တက်တူးတွေ အသေးစိတ် ရေးထိုးထားတာမို့ သေချာကြည့်လေညှို့အားပြင်းလေဖြစ်တဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ တကယ့်ကို လက်ရာမြောက်တဲ့ အနုပညာတစ်ခုလို ကြည့်ကောင်းလှပါတယ်နော်။

ပရိသတ်ကောင်မလေးတွေ အရမ်းစိတ်ဝင်စားနေကြတဲ့ ပိုင်တံခွန်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲ။ ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအထိပါ အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မကြာခဏဆိုသလို ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိပါတယ်။ချစ်ပရိသတ်တွေလည်း ယောက်ျားပီသလွန်းတဲ့ ပိုင်တံခွန်ကိုကြွေရင် သူ့ရဲ့ပုံရိပ်လေးတွေကို အချင်းချင်း ဝေမျှသွားကြပါဦးနော်။Credit-original

Loading...
Show More

Related Articles

Back to top button
Close