နာမည္ႀကီးပုဂၢိဳလ္မ်ား
မျက်စိတစ်ဆုံးကျယ်တဲ့ လာဗန်ဒါပန်းခင်းကြီးထဲမှာ သတို့သမီးဝတ်စုံလေးနဲ့ လှနေတဲ့ ခင်လေးနွယ်
Unicode
ခင်လေးနွယ်ကတော့ လီဆူးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး လှပအချိုးကျတဲ့ ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး တစ်ယောက်ပါ။ ခင်လေးနွယ်က အသက်အရွယ်တစ်ခုရောက်ရှိလာတဲ့နောက်မှာတော့ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေကိုသာ ပိုမိုပြီး အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ခင်လေးနွယ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို သိပ်မမြင်ရတော့ပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ခင်လေးနွယ်က မျက်စိတစ်ဆုံး ကျယ်ပြောပြီး အရမ်းလှတဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မှာရှိတဲ့ Mayfield Lavender Farm မှာ ရိုက်ကူးထားတဲ့ သူမရဲ့ ပုံလှလှလေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားတာ တွေ့ရပါတယ်။
ခင်လေးနွယ်က Lavender ပန်းခင်းကြီးထဲမှာ ခရမ်းဖျော့ရောင် သတို့သမီးဝတ်စုံလေးနဲ့ ဒဏ္ဍာရီပုံပြင်ထဲက နတ်သမီးလေးတစ်ပါးလို လှပနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခင်လေးနွယ်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။Credit-swelsone
Show More
Related Articles
Leave a Reply
Your email address will not be published. Required fields are marked *
Back to top button
Close