နာမည္ႀကီးပုဂၢိဳလ္မ်ား

မွေးနေ့မှာ မိသားစုနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ချောရတနာ

စက္တင္ဘာ(၂၉) ရက္ေန႔မွာ က်ေရာက္တဲ့ သူမရဲ႕ ေမြးေန႔ကို အလႉအတန္းေတြ မ်ားစြာ ျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာ ေတြ႕ရပါတယ္။ ညပိုင္းမွာေတာ့ မိသားစုေလးနဲ႔ Birthday Party ေလးျပဳလုပ္ခဲ့ပါေသးတယ္။ခင္ပြန္းက လႉခ်င္တဲ့ေနရာေတြ အကုန္လုံးကို စီစဥ္ေပးတယ္တဲ့။


သ႐ုပ္ေဆာင္ ေခ်ာရတနာကေတာ့ ေမြးေန႔မွာ သူမလႉခ်င္တဲ့ ေနရာေတြမွာ လႉဒါန္းခြင့္ရလို႔ ေပ်ာ္လို႔ေနပါတယ္။သူမလႉခ်င္တဲ့ ေနရာေတြကိုလည္း ေမြးေန႔မတိုင္ခင္ကတည္းက ဆက္တိုက္ဆိုသလို လႉဒါန္းခြင့္ရေအာင္ စီစဥ္ေပးတဲ့ ခင္ပြန္းေၾကာင့္လည္း ေခ်ာရတနာတစ္ေယာက္ ပီတိျဖစ္လို႔ေနပါတယ္။

“ေမြးေန႔မတိုင္ခင္ကိုေတာက္ေလွ်ာက္ ကိုယ္လႉခ်င္တာေတြသြားခ်င္တာေတြ အကုန္စီစဥ္ေပးခဲ့တယ္ စပ႐ိုက္မတိုက္တတ္တာမ႐ိုတတ္တာေလးတစ္ခုပဲ ေက်းေက်းပါက်ားက်ား” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ စက္တင္ဘာ(၂၉) ရက္ေန႔က ေရးသားထားတာေတြ႕ရပါတယ္။

သူမေမြးေန႔မွာ လိုအပ္ေတြေနရာေတြမွာ သြားေရာက္လႉဒါန္းခဲ့သလို ရန္ကင္းကေလးေဆး႐ုံမွာလည္း သြားေရာက္လႉဒါန္းခဲ့ပါေသးတယ္။ေခ်ာရတနာကေတာ့ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးျဖစ္ေနၿပီး သူမရဲ႕ ခႏၶာကိုယ္အတြက္ gym ေဆာ့ေနတယ္လို႔ သိရပါတယ္။ သူမရဲ႕ ခႏၶာကိုယ္ကိုအတြက္လည္း သိသိသာသာ ဝိတ္ခ်ႏိုင္ခဲ့ၿပီျဖစ္သလို သူမရဲ႕ အခုလိုဝိတ္ခ်ျဖစ္တဲ့ ရည္႐ြယ္ခ်က္ကိုလည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။

‘’ အလုပ္ျပန္လုပ္ခ်င္တာ၊ မလုပ္ခ်င္တာထက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေလွ်ာ့တယ္။ အဝတ္အစားဝတ္ရတာ လည္း အဆင္မေျပဘူး။ အဲဒီေတာ့ ဘယ္ပြဲမွလည္း မတက္ခ်င္ဘူးရွက္တယ္။ ဝလာေတာ့ နည္းနည္းေလး လႈပ္ရွားလိုက္တာနဲ႔ လူက ေမာေနတယ္။ အဲဒါကို မႀကိဳက္တဲ့အတြက္ အဓိက က ဝိတ္ခ်တာ ေပါ့ေနာ္။ လွခ်င္တာကလည္း တစ္ေၾကာင္းေပါ့’’ လို႔ သူကဆိုပါတယ္။အဲဒီေနာက္ ေပါင္ ၁၈၀ ကေန ေပါင္ ၁၃၅ အထိ ဝိတ္ခ်ႏိုင္ခဲ့တဲ့ အေၾကာင္းကိုလည္း ေခ်ာရတနာက ျပန္လည္ မွ်ေဝခဲ့ျပန္ပါေသးတယ္။

‘’ သမီးေလး ကိုယ္ဝန္တုန္းက ေပါင္ ၁၈၀၊ ေမြးၿပီးသြားတဲ့အခ်ိန္မွာ ေပါင္က်သြား ေလာက္ၿပီထင္တာ ျပန္ခ်ိန္လိုက္ေတာ့ ၁၇၈ ေပါင္တဲ့။ ၂ ေပါင္ေလာက္ပဲက်သြားေတာ့ အရမ္းလန႔္သြားတယ္။ ဒါေပမယ့္ ကေလးက ငယ္ေသးေတာ့ ဝိတ္ခ်လို႔ကလည္း မရေသးဘူး။ ဒါေပမယ့္ ၆ လေက်ာ္ေလာက္မွာ အစားအေသာက္ေတြ ဆင္ျခင္ရင္းနဲ႔ တစ္ႏွစ္ေက်ာ္ေလာက္မွ ဝိတ္ခ်ျဖစ္တာပါ။ အခုက ေပါင္၁၃၅ ျဖစ္သြားၿပီ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၈ ရက္ေန႔ က ေျပတီဦးေဖာင္ေဒးရွင္း ၁၀ ႏွစ္ျပည့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ေခ်ာရတနာဟာ လက္ရွိမွာ သားနဲ႔သမီးေလးကို အခ်ိန္ေပးၿပီး ျပဳစုေစာင့္ေရွာက္ေနတာ ေတြ႕ရပါတယ္။ ဒုတိယသမီးေလးကို ၂၀၁၈ ခုႏွစ္ ေမလ(၁၂) ရက္ေန႔က ဝိတိုရီယေဆး႐ုံမွာ ေမြးခဲ့တာျဖစ္ပါတယ္။ သမီးေလးကိုယ္ဝန္စရွိကတည္းက အက်ႌေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့ရသလို သမီးေလး ေမြးၿပီးတဲ့ အခါမွာလည္း ေၾကာ္ျငာ႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။ အသားျဖဴျဖဴ၊ အရပ္ရွည္ရွည္ ဆံပင္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္းခဲ့တဲ့ ေခ်ာရတနာကို တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဇာတ္ကားေတြ ဆက္တိုက္႐ိုက္ကူးလာရတာ အိမ္ေထာင္မက်ခင္အထိပါပဲ။Credit-SwelSone;Source : Cele Yatkwat

Unicode

ခင်ပွန်းက လှူချင်တဲ့နေရာတွေ အကုန်လုံးကို စီစဉ်ပေးတယ်တဲ့။
စက်တင်ဘာ(၂၉) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ များစွာ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ညပိုင်းမှာတော့ မိသားစုလေးနဲ့ Birthday Party လေးပြုလုပ်ခဲ့ပါသေးတယ်။

သရုပ်ဆောင် ချောရတနာကတော့ မွေးနေ့မှာ သူမလှူချင်တဲ့ နေရာတွေမှာ လှူဒါန်းခွင့်ရလို့ ပျော်လို့နေပါတယ်။သူမလှူချင်တဲ့ နေရာတွေကိုလည်း မွေးနေ့မတိုင်ခင်ကတည်းက ဆက်တိုက်ဆိုသလို လှူဒါန်းခွင့်ရအောင် စီစဉ်ပေးတဲ့ ခင်ပွန်းကြောင့်လည်း ချောရတနာတစ်ယောက် ပီတိဖြစ်လို့နေပါတယ်။

“မွေးနေ့မတိုင်ခင်ကိုတောက်လျှောက် ကိုယ်လှူချင်တာတွေသွားချင်တာတွေ အကုန်စီစဉ်ပေးခဲ့တယ် စပရိုက်မတိုက်တတ်တာမရိုတတ်တာလေးတစ်ခုပဲ ကျေးကျေးပါကျားကျား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သူမမွေးနေ့မှာ လိုအပ်တွေနေရာတွေမှာ သွားရောက်လှူဒါန်းခဲ့သလို ရန်ကင်းကလေးဆေးရုံမှာလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ချောရတနာကတော့ လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး သူမရဲ့ ခန္ဓာကိုယ်အတွက် gym ဆော့နေတယ်လို့ သိရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကိုအတွက်လည်း သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်သလို သူမရဲ့ အခုလိုဝိတ်ချဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

‘’ အလုပ်ပြန်လုပ်ချင်တာ၊ မလုပ်ချင်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျှော့တယ်။ အဝတ်အစားဝတ်ရတာ လည်း အဆင်မပြေဘူး။ အဲဒီတော့ ဘယ်ပွဲမှလည်း မတက်ချင်ဘူးရှက်တယ်။ ဝလာတော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ လူက မောနေတယ်။ အဲဒါကို မကြိုက်တဲ့အတွက် အဓိက က ဝိတ်ချတာ ပေါ့နော်။ လှချင်တာကလည်း တစ်ကြောင်းပေါ့’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ပေါင် ၁၈၀ ကနေ ပေါင် ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ချောရတနာက ပြန်လည် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’ သမီးလေး ကိုယ်ဝန်တုန်းက ပေါင် ၁၈၀၊ မွေးပြီးသွားတဲ့အချိန်မှာ ပေါင်ကျသွား လောက်ပြီထင်တာ ပြန်ချိန်လိုက်တော့ ၁၇၈ ပေါင်တဲ့။ ၂ ပေါင်လောက်ပဲကျသွားတော့ အရမ်းလန့်သွားတယ်။ ဒါပေမယ့် ကလေးက ငယ်သေးတော့ ဝိတ်ချလို့ကလည်း မရသေးဘူး။ ဒါပေမယ့် ၆ လကျော်လောက်မှာ အစားအသောက်တွေ ဆင်ခြင်ရင်းနဲ့ တစ်နှစ်ကျော်လောက်မှ ဝိတ်ချဖြစ်တာပါ။ အခုက ပေါင်၁၃၅ ဖြစ်သွားပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။Credit-SwelSone;Source : Cele Yatkwat

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close