နာမည္ႀကီးပုဂၢိဳလ္မ်ား

” စီးပွားရေးသောင်းကျန်းပြီး ပရစ်ကြော်ရောင်းနေတဲ့ အလင်းရောင် “






Credit – ဆယ်လီကမ္ဘာ

Unicode

သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ အလင်းရောင်ကတော့ အနုပညာအလုပ်သာမက တစ်ဖက်တစ်လမ်းစီးပွားရေးအနေဖြင့် ပရစ်ကြော်ရောင်းချနေတာကို “ဝက်သားပရစ်ကြော်နဲ့ရိုးရိုးပရစ်ကြော်ရောင်းမလို့ဝယ်ကြမှာလားဟင်” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။သူရောင်းချတဲ့ ပရစ်ကြော် ဈေးကတော့ ” ဝက်သားပရစ်က ၃၅၀၀၀ ရိုးရိုး အစပ်က ၂၂၀၀၀ အချိုက ၂၀၀၀၀ ” ဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။အနုပညာရှင်တော်တော်များကတော့ အနုပညာအလုပ်သာမက တစ်ဖက်တစ်လမ်းစီပွားရေးတွေ လုပ်ကိုင်နေကြတာဖြစ်ပြီး အလင်းရောင်ကလည်း တစ်ဖက်တစ်လမ်းစီးပွားရေးအနေဖြင့် ပရစ်ကြော်ရောင်းချနေတာဖြစ်ပါတယ်။

အလင်းရောင်ကတော့ ရုံကြီးဇာတ်ကားတွေ အများအပြားရိုက်ကူးနေပြီး အောင်မြင်တဲ့မင်းသား တစ်လက် အဖြစ် နဲ့ ပရိသတ်တွေက အသိအမှတ်ပြု အားပေးမှုကိုလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ရုံတင်ပြသနေဆဲဖြစ်တဲ့ “ရှေ့သွားနောက်လိုက်” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ဇင်ဝိုင်း၊ထွန်းထွန်း၊မင်းမော်ကွန်း၊နေမင်း၊ခင်ဇာခြည်ကျော်၊မိုးပြည့်ပြည့်မောင်၊ရွှေသမီး၊သွန်းဆက်၊ရတနာဗိုလ်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။အလင်းရောင်ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအကြားရေပန်းစားနေတဲ့ “ပပဝတီစီရင်ခန်း”ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ(၁၀)ရက်တွင် တစ်နိုင်ငံလုံးရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။အနုပညာပိုင်းမှာ ထူးချွန်တဲ့ အလင်းရောင်ကတော့ စီးပွားရေးသောင်းကျန်းတဲ့အေနေနဲ့ ပရစ်ကြော်ရောင်းနေတာမို ပရိသတ်ကြီးရေ အလင်းရောင်ရဲ့ ပရစ်ကြော်လေးကို အားပေးလိုက်ကြပါဦးနော်။Credit – ဆယ်လီကမ္ဘာ

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close