နာမည္ႀကီးပုဂၢိဳလ္မ်ား
ဝန်ထမ်းတွေကို ဘောက်ဆူးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ခိုင်နှင်းဝေ
Unicode
လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆံနွယ်ရှည်ရှည်ရယ်၊ ချိုသာလွန်းတဲ့ အပြုံးလေးတွေရယ်နဲ့ ပရိသတ်တွေကို အချစ်ပိုစေခဲ့တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း ပရဟိတ အလုပ်တွေလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတလူငယ်များအသင်း ကိုလည်း တည်ထောင်ထားတဲ့ ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကိုလည်း သူမရဲ့သားသမီးအရင်းတွေလို မွေးထားသူလေးပါ။ လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမရဲ့ ပရဟိတအသင်းမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ဘောက်ဆူးပေးပြီး ပျော်စေခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခိုင်နှင်းဝေကတော့ “တလတခါ လစာထုတ်ပေးတိုင်း ဝန်ထမ်းတွေအတွက် အပိုဘောက်ဆူးများပေးတဲ့ထုံးစံအတိုင်း ဒီလမှာတော့ပြီးခဲ့တဲ့လကလိုတယောက်ထဲကိုမရစေပဲ. ဗလာမပါကံစမ်းမဲများလုပ်ပြီး မဲဖောက်ပေးခဲ့ပါတယ်…ဒီလဝန်ထမ်းဘောက်ဆူးမှန်ပုံးစုစုပေါင်း — ၁၂၅,၆၀၀ရရှိပါတယ်…နည်းသည်များသည်မဟုတ်ပဲ ကျမဂေဟာရောက်တိုင်းလည်း ဝန်ထမ်းဘောက်ဆူးမှန်ပုံးလေးထဲကိုထည့်ပေးတယ်. ဂေဟာကိုလာတဲ့အလှူရှင်တွေကလည်းထည့်ပေးကြတဲ့အတွက်အခုလို ကျမရဲ့ဝန်ထမ်းတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာပါ…ကျမရဲ့သားသမီးတွေအပေါ်စေတနာမေတ္တာတရားအပြည့်ဖြင့်ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ဝန်ထမ်းများအားလုံးကိုချစ်ပါတယ်လို့ပြောချင်ပါတယ်…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ” ဆိုပြီး သူမတတ်နိုင်တာလေးတွေနဲ့ ကလေးတွေကို ပျော်ရွှင်စေခဲ့တဲ့ အကြောင်းဖော်ပြပေးထားတာပါ။ဝန်ထမ်းတွေရဲ့အပြုံးက ကြည့်ရသူတွေကိုပါ ပျော်ရွှင်မှုတွေ ကူးစက်စေပါတယ်နော်…။အနုပညာအသိုင်းအဝိုင်းမှာရော၊ ပြင်ပလူမှုကူညီရေးတွေမှာပါ စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားနေတဲ့ ခိုင်နှင်းဝေကတော့ သူမမွေးစားထားတဲ့ ကလေးတွေကိုလည်း သားသမီးအရင်းတွေလို စောင့်ရှောက်သူတစ်ဦးပါ။ချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်ထားကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူလေးအကြောင်းကို သဘောကျရင် Shareသွားကြဖို့ မမေ့ပါနဲ့နော်။Credit-aungparsay
Show More
Related Articles
Leave a Reply
Your email address will not be published. Required fields are marked *
Back to top button
Close