အေထြေထြဗဟုသုတ
ဘဏ်ဝန်းကျင်မှာ ဆိုင်ကယ် ကယ်ရီသမားလိုလို၊ပွဲစား လိုလို၊လူဆိုး လူကောင်း ရယ်လို့.. ဝေခွဲလို့ မရတဲ့ အလစ်သုတ်မည့် သူခိုး လူရမ်းကားတွေ
unicode
ဘဏ်တွေမှာ ပိုက်ဆံ သွားထုတ်ရင် သတိထားရမဲ့အချက်က ဘဏ်ရှေ့၊ဘဏ်ဝန်းကျင်မှာ ဆိုင်ကယ် ကယ်ရီသမားလိုလို၊ပွဲစား လိုလို၊လူဆိုး လူကောင်း ရယ်လို့.. ဝေခွဲလို့ မရတဲ့ အလစ်သုတ်မည့် သူခိုး လူရမ်းကားတွေက သင့်ကို စောင့်ကြည့်နေတယ် ဆိုတဲ့ အချက်ပဲ…
ကိုယ့်အမျိုးထဲက တစ်ယောက် သိန်း(၃၀)အလစ်သုတ် လုယူခံခဲ့ပြီးပြီ။များသောအားဖြင့်အလစ်သုတ်သမားတို့၊သူခိုးတို့ဆိုတာကဘဏ်နားမှာအဖွဲ့လိုက်စောင့်ကြည့်နေတတ်ပါတယ်။ဘဏ်အတွင်းထဲမှာလည်းငွေပဲဝင်လွှဲသလိုလို၊ဟိုလိုလို၊ဒီလိုလိုနဲ့ရှိနေတတ်ပါတယ်။ဘယ်သူကငွေအများကြီးထုတ်သွားလဲဆိုတာသူတို့အချင်းချင်း Hello လုပ်ပြီးအကြောင်းကြားတတ်ပါတယ်။
ငွေထုတ်လာသူကိုတစ်ဘက်မှာအာရုံနောက်အောင်လုပ်ပြီးတစ်ဘက်ကပိုက်ဆံထုတ်ကိုဆွဲလုပြေးတာတို့၊ဆိုင်ကယ်ပေါ်ကနေလှမ်းဆွဲပြီးပြေးတာတို့ဆိုတာနိုင်ငံတစ်ဝှမ်းမှာမကြာခဏသတင်းတစ်ပုဒ်လိုဖြစ်ဖြစ်နေတာပါ။
အသိတစ်ယောက်ပြောပြတာဆိုရင် ပိုက်ဆံထုတ်ကားထဲထည့်၊ကားကိုLockချပြီးကားနားကခွာလိုက်တာနဲ့အဲ့ပိုက်ဆံထုတ်ကိုခိုးလို့ရတယ်လို့ဆိုဘူးပါတယ်။ဘဏ်တွေအနေနဲ့ကလည်းလုံခြုံရေးဆိုတာသူ့ဘဏ်အတွင်းပဲပေးနိုင်မှာဆိုတော့ငွေထုတ်လာပြီဆိုရင် မိမိငွေကိုလုံခြုံအောင်မိမိကိုယ်တိုင်ဂရုစိုက်သင့်ပါကြောင်း။Credit-aungparsay
Show More
Related Articles
Leave a Reply
Your email address will not be published. Required fields are marked *
Back to top button
Close