နာမည္ႀကီးပုဂၢိဳလ္မ်ား

မြမြသရဲဝင်ပူးတဲ့ မိန်းကလေးနေရာမှာ သရုပ်ဆောင်မယ့် ဝင်းသပြေထွန်း






Credit-SwelSone

Unicode

ပရိသတ်တွေကြား အရမ်းကိုစိတ်ဝင်စားကြတဲ့ မြမြ သရဲကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာညိုမင်းလွင်က မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဘဲ ဖြစ်ပါတယ်။ သူဟာ ပါဝင်တဲ့ ဇာတ်ကောင်အားလုံးကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီး ရုပ်ရှင်ကန်တော့ပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုလဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါပွဲမှာ တက်ရောက်လာတဲ့ သရုပ်ဆောင် ဝင်းသပြေထွန်း က သူမသရုပ်ဆောင်ရမယ့်ဇာတ်ရုပ်နဲ့ သူမလေ့လာနေပုံတွေကို ပြောပြသွားပါတယ်။

သူပြောပြခဲ့တာကတော့ “ ကိုယ်အိုက်တင်လုပ်တဲ့အခါ မတူမှာဘဲကြောက်တာ သရဲပူးခံရတဲ့ ညီမလေးက ဖေ့စ်ဘုတ်မှာ အရမ်းဟော့ဖြစ်တာဆိုတော့လေ၊သူနဲ့ မတူမှာကိုဘဲကြောက်တာ ။ အိမ်မှာအိုက်တင်တွေလဲ လုပ်ကြည်တယ် ညီမလေးရဲ့ ဗီဒီယိုတွေလဲ ပြန်ကြည့်ဖြစ်တယ်”

“အရင်တုန်းကထဲက ညီမကလိပ်ပြာလှတယ်လို့ ပြောကြတယ်။ အိမ်ကဇာတ်ထောင်တယ် အငြိမ့်တွေလဲ ကတယ်ဆိုတော့လေ လမိုင်းပွဲပေးတာတွေရှိတယ်လေအဲ့ခါကြရင် ကိုယ့်ကိုဝင်ပူးနေကြ ဒါပေမယ့်လေ ဝင်ပူးတယ်ဆိုတာကို သူများပြောတုန်းက မယုံဘူးပေါ့နော် စိတ်ထဲမှ သိပ်မယုံဘူး ကိုယ်ကိုယ်တိုင် တကယ်ဝင်ပူးခံရတဲ့ အခါကြမှလေ အသိစိတ်ကြီးကလေ အကုန်လုံးကြီး လွတ်ထွက်သွားတာမဟုတ်ဘူး သိလိုက်မသိလိုက်ဆိုတော့လေ အဲ့ဒါကိုညီမနည်းနည်းတော့ယုံတယ်”

“သရဲဝင်ပူးတာတော့ မဟုတ်ဘူး ကန္နားပေးတဲ့အခါတွေမှာ လိပ်ပြာလှလို့ ဝင်ပူးခံရတာလေ အဲ့လိုမျိုး အရင်တုန်းကအဲ့ညီမလေးရဲ့ ဗီဒီယိုဖိုင်တွေ တက်လာတုန်းက ညီမကြည့်တယ် ကြည့်တော့ ကိုယ့်ကြောက်တော့လေ အမြဲမကြည့်ဘူး ကြည့်လိုက်ဖြောက်လိုက်နဲ့ အကိုပြောပြီးတဲ့ အချိန် ပြန်ကြည့်လိုက်တဲ့ အခါကြတော့ တော်တော်တူတယ် ။အဲ့ညီမလေးနဲ့တော့ တွေ့မယ်” လို့ဆိုပြီး ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ ကိုယ့်ကြောင့်မို့ ဇာတ်ကားကို မလျှော့သွားစေချင်ဘူး မြမြဇာတ်ကားကြောင့် ညီမကိုလူပိုသိသွားတယ် ထင်တယ်” လို့ လဲ ဆိုပါတယ်။ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-SwelSone

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close