အေထြေထြဗဟုသုတ

မိသားစုကို ရှာကျွေးနေတဲ့ သမီးလေးမှ ဖြစ်ရတယ် (ကူညီပေးလိုက်ကြပါဦး)

မေသပါနဲ႔ဦး သမီးငယ္။ ဒီသမီးေလး ေသလို႔ မျဖစ္ဘူး ဆရာႀကီးရယ္တဲ့။ ဆံပင္ေတြျဖဴဆြတ္ၿပီး အိုမင္းေနေသာ အေမအိုႀကီးက ကြၽန္ေတာ့္ကို တုန္တုန္ရီရီျဖင့္ ဆိုေလသည္။“အေမက အသက္ႀကီးၿပီ။ (၇၇)ႏွစ္၊ ေနာက္ေနရလွ ေလးငါးႏွစ္ေပါ့။ ဒီသမီးေလးေအာက္မွာ ကေလး သုံးေယာက္ရွိေသးတယ္။ ဒီကေလးေတြကို သူကပဲ ရွာေဖြေကြၽးရမွာ။ သူတို႔အေမက ေထာင္ထဲမွာ။ (၁၁)ႏွစ္တဲ့။ အေဖက တီဘီျဖစ္ေနတယ္။ ကုန္ထြက္ထမ္းတယ္။ တစ္ေန႔ သုံးေထာင္ရ၊ ေလးေထာင္ရ။ ၿပီးရင္ ေမာလို႔တဲ့ ။ သူလည္း က်န္းမာတာ မဟုတ္ဘူး။ သမီးေလးက ေရာဂါသည္မို႔လား မသိဘူး။ လိမၼာရွာတယ္။ ေမာင္ေလး ညီမေလးေတြအေပၚ အရမ္း သိတတ္တယ္။ အဖြားနဲ႔ အေဖေပၚလည္း သိတတ္လိုက္တာ လြန္လို႔။

ဒါေပမယ့္ သမီးေလးမွာ ေရာဂါရွိတယ္။ ေသြးသြင္းေနရတယ္။ (Thalassaemia ေရာဂါ ျဖစ္ပါသည္။) တျဖည္းျဖည္းနဲ႔ သမီးေလး ဗိုက္ႀကီး ေဖာင္းလာတယ္။ ေဘလုံးႀကီး ႀကီးလာတာတဲ့။ ရန္ကုန္သြားၿပီး ခြဲရမယ္တဲ့။ အေမႀကီးတို႔ ႏွစ္ခါ သုံးခါ သြားခဲ့ေသးတယ္။ ရွိသမွ် ထမိန္ေလး အက်ီေလၤးေပါင္လို႔ ရတဲ့ေငြေလးနဲ႔။
ေျမာင္းျမကေန ရန္ကုန္လိုင္းကားေပၚ လိုက္သြား။ ဟိုေရာက္ေတာ့ Taxi ၁၀၀၀၀ ေပးၿပီး ငွား၊ ေဆး႐ုံေရာက္၊ ေဆး႐ုံကေကြၽးတဲ့ ထမင္းေလး စား၊ ေဆး႐ုံက အခမဲ့ ကုေပးေပမယ့္ လမ္းစရိတ္က ကုန္ေသးတယ္ ဆရာႀကီးရယ္။

ဒီလိုနဲ႔ ေပါင္စရာကုန္ေတာ့ ျပန္မျပျဖစ္။ သမီးေလး ဗိုက္ႀကီးလည္း ပို ပိုေဖာင္းလာ။ အေမ ျပန္သြားခ်င္တယ္။ သမီးေလး ေသလို႔ မျဖစ္ေသးဘူးကြယ္။ ေနာက္ကေလးေတြ သူေစာင့္ေရွာက္ရဦးမယ္တဲ့။“ ကြၽန္ေတာ့္ေရွ႕က အေမအိုကို ၾကည္ျ့ပီး စိတ္ေမာ ေနမိပါသည္။

အေမ အခုတစ္ေခါက္ ဘယ္လိုသြားမလဲ ဆိုေတာ့ အိမ္ျပန္ၿပီး ေပါင္စရာ ရွာရဦးမယ္ ဆရာႀကီးရယ္။ ေငြေလး နည္းနည္းရရင္ေတာ့ သြားတာေပါ့တဲ့။ ကြၽန္ေတာ္ အေမအို႔လက္ထဲသို႔ ထဘီအသစ္ (၂)ထည္ ထည့္လိုက္သည္။ သမီးငယ္လက္ထဲသို႔ သူ႔အေဖအတြက္ ပုဆိုးအသစ္(၂)ထည္ စြပ္က်ယ္(၂)ထည္ ထည့္ေပးလိုက္သည္။ (သည္အဝတ္ေတြက ဒီလို မိသားစုေတြႏွင့္ႀကဳံလွ်င္ လႉဖို႔ အလႉရွင္မ်ားက ကြၽန္ေတာ့္ထံ ပို႔ထားၾကတာ ျဖစ္ပါသည္။) အေမ့ေျမးေလး ေဆးကုဖို႔ ဒီတစ္ေခါက္ ခရီးစရိတ္နဲ႔ စားစရိတ္ ကြၽန္ေတာ္ ေပးလိုက္မယ္။ ေနာက္တစ္ေခါက္ ခြဲရင္လည္း ကြၽန္ေတာ္ စီစဥ္ေပးပါ့မယ္။ သမီးေလး မေသဖို႔ အေမႀကီး ႀကိဳးစားေပးရမယ္ေနာ္။

ေျပာေျပာဆိုဆိုျဖင့္ ဟိတသုခအဖြဲ႕က လႉလိုက္ေသာ အလႉေငြေတြကို အေမႀကီးတို႔ လက္ထဲသို႔ ထည့္လိုက္ပါသည္။ သည္ကေလး ခြဲဖို႔အတြက္ ေငြကိုလည္း ဟိတသုခအလႉေငြျဖင့္ ဆက္လက္ ကူညီပါဦးမည္။ (ဟိတသုခ လစဥ္ အလႉရွင္မ်ား သာဓုေခၚဆိုၾကေစခ်င္ပါသည္။) ေက်းဇူးစကားဆိုရင္း တေ႐ြ႕ေ႐ြ႕ထြက္သြားေသာ ေျမးအဖြားကို ၾကည့္ရင္း ကြၽန္ေတာ္ ဆုေတာင္းမိပါသည္။ မေသပါနဲ႔ဦး သမီးေလးရယ္ ဟု။Credit-aungparsay

Unicode

မသေပါနဲ့ဦး သမီးငယ်။ ဒီသမီးလေး သေလို့ မဖြစ်ဘူး ဆရာကြီးရယ်တဲ့။ ဆံပင်တွေဖြူဆွတ်ပြီး အိုမင်းနေသော အမေအိုကြီးက ကျွန်တော့်ကို တုန်တုန်ရီရီဖြင့် ဆိုလေသည်။“အမေက အသက်ကြီးပြီ။ (၇၇)နှစ်၊ နောက်နေရလှ လေးငါးနှစ်ပေါ့။ ဒီသမီးလေးအောက်မှာ ကလေး သုံးယောက်ရှိသေးတယ်။ ဒီကလေးတွေကို သူကပဲ ရှာဖွေကျွေးရမှာ။ သူတို့အမေက ထောင်ထဲမှာ။ (၁၁)နှစ်တဲ့။ အဖေက တီဘီဖြစ်နေတယ်။ ကုန်ထွက်ထမ်းတယ်။ တစ်နေ့ သုံးထောင်ရ၊ လေးထောင်ရ။ ပြီးရင် မောလို့တဲ့ ။ သူလည်း ကျန်းမာတာ မဟုတ်ဘူး။ သမီးလေးက ရောဂါသည်မို့လား မသိဘူး။ လိမ္မာရှာတယ်။ မောင်လေး ညီမလေးတွေအပေါ် အရမ်း သိတတ်တယ်။ အဖွားနဲ့ အဖေပေါ်လည်း သိတတ်လိုက်တာ လွန်လို့။

ဒါပေမယ့် သမီးလေးမှာ ရောဂါရှိတယ်။ သွေးသွင်းနေရတယ်။ (Thalassaemia ရောဂါ ဖြစ်ပါသည်။) တဖြည်းဖြည်းနဲ့ သမီးလေး ဗိုက်ကြီး ဖောင်းလာတယ်။ ဘေလုံးကြီး ကြီးလာတာတဲ့။ ရန်ကုန်သွားပြီး ခွဲရမယ်တဲ့။ အမေကြီးတို့ နှစ်ခါ သုံးခါ သွားခဲ့သေးတယ်။ ရှိသမျှ ထမိန်လေး အကျီင်္လေးပေါင်လို့ ရတဲ့ငွေလေးနဲ့။
မြောင်းမြကနေ ရန်ကုန်လိုင်းကားပေါ် လိုက်သွား။ ဟိုရောက်တော့ Taxi ၁၀၀၀၀ ပေးပြီး ငှား၊ ဆေးရုံရောက်၊ ဆေးရုံကကျွေးတဲ့ ထမင်းလေး စား၊ ဆေးရုံက အခမဲ့ ကုပေးပေမယ့် လမ်းစရိတ်က ကုန်သေးတယ် ဆရာကြီးရယ်။

ဒီလိုနဲ့ ပေါင်စရာကုန်တော့ ပြန်မပြဖြစ်။ သမီးလေး ဗိုက်ကြီးလည်း ပို ပိုဖောင်းလာ။ အမေ ပြန်သွားချင်တယ်။ သမီးလေး သေလို့ မဖြစ်သေးဘူးကွယ်။ နောက်ကလေးတွေ သူစောင့်ရှောက်ရဦးမယ်တဲ့။“ ကျွန်တော့်ရှေ့က အမေအိုကို ကြည်ြ့ပီး စိတ်မော နေမိပါသည်။

အမေ အခုတစ်ခေါက် ဘယ်လိုသွားမလဲ ဆိုတော့ အိမ်ပြန်ပြီး ပေါင်စရာ ရှာရဦးမယ် ဆရာကြီးရယ်။ ငွေလေး နည်းနည်းရရင်တော့ သွားတာပေါ့တဲ့။ ကျွန်တော် အမေအို့လက်ထဲသို့ ထဘီအသစ် (၂)ထည် ထည့်လိုက်သည်။ သမီးငယ်လက်ထဲသို့ သူ့အဖေအတွက် ပုဆိုးအသစ်(၂)ထည် စွပ်ကျယ်(၂)ထည် ထည့်ပေးလိုက်သည်။ (သည်အဝတ်တွေက ဒီလို မိသားစုတွေနှင့်ကြုံလျှင် လှူဖို့ အလှူရှင်များက ကျွန်တော့်ထံ ပို့ထားကြတာ ဖြစ်ပါသည်။) အမေ့မြေးလေး ဆေးကုဖို့ ဒီတစ်ခေါက် ခရီးစရိတ်နဲ့ စားစရိတ် ကျွန်တော် ပေးလိုက်မယ်။ နောက်တစ်ခေါက် ခွဲရင်လည်း ကျွန်တော် စီစဉ်ပေးပါ့မယ်။ သမီးလေး မသေဖို့ အမေကြီး ကြိုးစားပေးရမယ်နော်။

ပြောပြောဆိုဆိုဖြင့် ဟိတသုခအဖွဲ့က လှူလိုက်သော အလှူငွေတွေကို အမေကြီးတို့ လက်ထဲသို့ ထည့်လိုက်ပါသည်။ သည်ကလေး ခွဲဖို့အတွက် ငွေကိုလည်း ဟိတသုခအလှူငွေဖြင့် ဆက်လက် ကူညီပါဦးမည်။ (ဟိတသုခ လစဉ် အလှူရှင်များ သာဓုခေါ်ဆိုကြစေချင်ပါသည်။) ကျေးဇူးစကားဆိုရင်း တရွေ့ရွေ့ထွက်သွားသော မြေးအဖွားကို ကြည့်ရင်း ကျွန်တော် ဆုတောင်းမိပါသည်။ မသေပါနဲ့ဦး သမီးလေးရယ် ဟု။Credit-aungparsay

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close