နာမည္ႀကီးပုဂၢိဳလ္မ်ားအနုပညာရပ္၀န္း

လူႀကိဳက္မ်ားၿပီး နာမည္ႀကီးလာခဲ့တဲ့ MRTV 4 ဇာတ္လမ္းတြဲမွ မင္းသမီး (၅) ေယာက္

တက္သစ္စအႏုပညာရွင္ ဇာတ္လမ္းတြဲမင္းသားမင္းသမီးေတြကို အနယ္နယ္အရပ္ရပ္က ပရိသတ္ေတြကလည္း လက္ခံအားေပးလာကာ သူတို႔ရဲ႕ ဇာတ္လမ္းတြဲက ဇာတ္ေကာင္နာမည္ေလးေတြနဲ႔ တြဲဖက္ကာ ေခၚဆိုမွတ္မိေနၾကတာပါ။ MRTV – (4 ) ဇာတ္လမ္းတြဲ မင္းသမီး ေတြထဲက ပရိသတ္ေတြ သည္းသည္းလႈပ္ခ်စ္ၾကတဲ့ မင္းသမီး (၅)ေယာက္ကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) ေမျမင့္မိုရ္

MRTV-4႐ုပ္သံဇာတ္လမ္းတြဲကေန ပရိသတ္အားေပးမႈကို တခဲနက္ဆိုသလိုပိုင္ဆိုင္ရရွိထားတဲ့ ေမျမင့္မိုရ္ကေတာ့ ပရိသတ္အခ်စ္ေတာ္ေတြထဲကတစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။ ယဥ္ယဥ္ေလးနဲ႔ ျမန္မာဆန္ဆန္ေလးနဲ႔ ေနတတ္တဲ့ မင္းသမီးေလးတစ္လက္အျဖစ္ ပရိသတ္ေတြအသိအမွတ္ျပဳတာကို ခံေနရတဲ့ မင္းသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။

ဇာတ္လမ္းပိုင္းမွာလည္း ကာ႐ိုက္တာကို အေကာင္းဆုံးပံ့ပိုးေပးႏိုင္တာေၾကာင့္ Star Award ဆုကို ထိုက္တန္စြာသိမ္းပိုက္ထားႏိုင္သူတစ္ေယာက္ပါ။

” အရိပ္ ” ဇာတ္လမ္းတြဲမွာလည္း ” စုစုလႈိင္ “အျဖစ္ နဲ႕ ပရိသတ္ေတြကိုဆြဲေခၚခဲ့ႏုိင္သူတစ္ဦးလို႕ဆိုရမွာပါ။ပုဂံၿမိဳ႕သူဇာတ္ကား မွာလည္း အေစာ ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈ အျပည့္အ၀ရရွိထားသူေလးဆိုလည္း မမွားပါဘူးေနာ္။

(၂) ၀င့္ယမႈံႏိုင္

MRTV 4 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ခဲ့တဲ့ ” က်မက မေဟသီ ” ႐ုပ္သံဇာတ္လမ္းတြဲႀကီးထဲက ပရိသတ္အခ်စ္ေတာ္ “စံျမႇန္း” အျဖစ္သိၾကတဲ့ မင္းသမီးေခ်ာေလး ဝင့္ယမုံႏိုင္ကေတာ့ အႏုပညာေလာကထဲကို ေျခခ်ၿပီး (၄၊၅) ႏွစ္အၾကာမွာေတာ့ သူမရဲ႕ နာဂိုမႈလ အႏုပညာရွင္နာမည္ျဖစ္တဲ့ “ဝင့္ယမႈန္လႈိင္”ကေနမွ သူမရဲ႕ နာမည္အရင္းျဖစ္တဲ့ ” ဝင့္ယမုံႏိုင္ ” သို႔ ေျပာင္းခဲ့တာလည္ျဖစ္ပါတယ္။

သူရဲ႕ စီးပြားေရး၊လူမႈေရး၊က်န္မာေရးေရာ အစစအရာရာအတြက္လိုအပ္လို႔ ေျပာင္းလိုက္တာလို႔ေျပာခဲ့ပါတယ္။

(၃) ျခဴးေလး

MRTV 4 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္တဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြရဲ႕ ပင္တိုင္မင္းသမီးလို႔ေတာင္ဆိုရတဲ့ မင္းသမီးေခ်ာေလး ျခဴးေလးကေတာ့ သူမရဲ႕အသက္(၂၄)ႏွစ္ျပည့္ ေမြးေန႔မွာေတာ့ သူမရဲ႕ နာဂိုမႈလ အႏုပညာရွင္နာမည္ျဖစ္တဲ့ “ေနအၪၥရာ” ကေန လက္ရွိနာမည္ျဖစ္တဲ့ ” ျခဴးေလး ” လို႔ေျပာင္းခဲ့ပါတယ္။သူနာမည္စေျပာင္းခဲ့ခ်ိန္မွာေတာ့ အခက္အခဲေတြနဲ႔ရင္ဆိုင္ခဲ့ရပါေသးတယ္။

လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးေနတတ္တဲ့ ျခဴးေလးဟာ မၾကာခဏဆိုသလိုလည္း Tik Tok ဗီဒီယိုေလးေတြကို ေဆာ့ကစားၿပီး ပရိသတ္ေတြအတြက္ ေပ်ာ္စရာေလးေတြဖန္တီးေပးေလ့ရွိပါေသးတယ္။

(၄) )ေမမီကိုကို

ေမမီကိုကိုကေတာ့ MRTV-4ကထုတ္လႊင့္ျပသခဲ့တဲ့ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲကေန “ၿမိဳင္” ဆိုၿပီး ပရိသတ္ရင္ထဲကို ဝင္ေရာက္လာခဲ့တဲ့သူေလးပါ။သူမကိုခ်စ္တဲ့ ပရိသတ္ေတြက သူမရဲ႕ နာမည္အရင္းထက္ “ၿမိဳင္” ဆိုၿပီး ခ်စ္စႏိုးနဲ႔ေခၚၾကတာပဲျဖစ္ပါတယ္။

”ပ်ားရည္အိုင္” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ေမမီကိုကိုအတြက္ အႏုပညာမွတ္တိုင္တစ္ခုလို ဆိုရေလာက္ေအာင္ “Star Awards 2018″ဆုေပးပြဲႀကီးမွာ “Best TV Series Actress Award”ဆုႀကီးကို ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။

(၅) နန္းစႏၵာလွထြန္း

နန္းစႏၵာလွထြန္းကေတာ့ ပရိသတ္ေတြက သဘာဝဇာတ္လမ္းတြဲ မင္းသမီးအျဖစ္သတ္မွတ္ထားတဲ့ ရွမ္းတိုင္းရင္းသူေလးတစ္ေယာက္ ျဖစ္ၿပီး Miss World Myanmar ( 2015 ) Second Runner Up အလွမယ္တစ္ဦးျဖစ္ပါတယ္။ ေယာက်ာ္းေလးပရိသတ္ေတြ အသည္းစြဲ အားေပးၾကတဲ့အျပင္ မိန္းကေလးပရိသတ္ေတြကပါ သူ ႔ရဲ႕ အျပဳအမူအေျပာေလးေတြကို ႏွစ္သက္သေဘာ က်ခံရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။

ပထမဆုံးသူမ႐ိုက္ကူးခဲ့တဲ့ဇာတ္လမ္းတြဲ ျဖစ္တဲ့ ” ပၪၥလက္႐ြာ” ဇာတ္လမ္းတြဲ မွ ေရဝတီ ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္ေတြတစ္ခဲနက္ အားေပးမႈကိုရရွိခဲ့သူေလးပဲ ျဖစ္ပါတယ္။ ထပ္မံ ၿပီး ” အရိပ္ ” ဇာတ္လမ္းတြဲမွာလည္း နာ့စ္ဆရာမေလး သက္သက္ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္အသည္းကို ထပ္မံေႁခြခဲ့သူေလးျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ MRTV 4 မွာ ထုတ္လႊင့္ျပသခဲ့တဲ့ ျမန္မာရွပ္သံဇာတ္လမ္းတြဲေတြရဲ႕ ပရိသတ္အခ်စ္ေတာ္မင္းသမီးေခ်ာေလး (၅)ဦးထဲက ဘယ္သူကို အခ်စ္ဆုံးလဲ။

Unicode

တက်သစ်စအနုပညာရှင် ဇာတ်လမ်းတွဲမင်းသားမင်းသမီးတွေကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကလည်း လက်ခံအားပေးလာကာ သူတို့ရဲ့ ဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်လေးတွေနဲ့ တွဲဖက်ကာ ခေါ်ဆိုမှတ်မိနေကြတာပါ။ MRTV – (4 ) ဇာတ်လမ်းတွဲ မင်းသမီး တွေထဲက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီး (၅)ယောက်ကိုဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မေမြင့်မိုရ်

MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို တခဲနက်ဆိုသလိုပိုင်ဆိုင်ရရှိထားတဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်အချစ်တော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်လေးနဲ့ နေတတ်တဲ့ မင်းသမီးလေးတစ်လက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြုတာကို ခံနေရတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းမှာလည်း ကာရိုက်တာကို အကောင်းဆုံးပံ့ပိုးပေးနိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။

” အရိပ် ” ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် နဲ့ ပရိသတ်တွေကိုဆွဲခေါ်ခဲ့နိုင်သူတစ်ဦးလို့ဆိုရမှာပါ။ပုဂံမြို့သူဇာတ်ကား မှာလည်း အစော ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်။

(၂) ဝင့်ယမှုံနိုင်

MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ” ကျမက မဟေသီ ” ရုပ်သံဇာတ်လမ်းတွဲကြီးထဲက ပရိသတ်အချစ်တော် “စံမြှန်း” အဖြစ်သိကြတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အနုပညာလောကထဲကို ခြေချပြီး (၄၊၅) နှစ်အကြာမှာတော့ သူမရဲ့ နာဂိုမှုလ အနုပညာရှင်နာမည်ဖြစ်တဲ့ “ဝင့်ယမှုန်လှိုင်”ကနေမှ သူမရဲ့ နာမည်အရင်းဖြစ်တဲ့ ” ဝင့်ယမုံနိုင် ” သို့ ပြောင်းခဲ့တာလည်ဖြစ်ပါတယ်။သူရဲ့ စီးပွားရေး၊လူမှုရေး၊ကျန်မာရေးရော အစစအရာရာအတွက်လိုအပ်လို့ ပြောင်းလိုက်တာလို့ပြောခဲ့ပါတယ်။

(၃) ခြူးလေး

MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင်မင်းသမီးလို့တောင်ဆိုရတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ သူမရဲ့အသက်(၂၄)နှစ်ပြည့် မွေးနေ့မှာတော့ သူမရဲ့ နာဂိုမှုလ အနုပညာရှင်နာမည်ဖြစ်တဲ့ “နေအဉ္စရာ” ကနေ လက်ရှိနာမည်ဖြစ်တဲ့ ” ခြူးလေး ” လို့ပြောင်းခဲ့ပါတယ်။သူနာမည်စပြောင်းခဲ့ချိန်မှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ခြူးလေးဟာ မကြာခဏဆိုသလိုလည်း Tik Tok ဗီဒီယိုလေးတွေကို ဆော့ကစားပြီး ပရိသတ်တွေအတွက် ပျော်စရာလေးတွေဖန်တီးပေးလေ့ရှိပါသေးတယ်။

(၄) )မေမီကိုကို

မေမီကိုကိုကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲကနေ “မြိုင်” ဆိုပြီး ပရိသတ်ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့သူလေးပါ။သူမကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ နာမည်အရင်းထက် “မြိုင်” ဆိုပြီး ချစ်စနိုးနဲ့ခေါ်ကြတာပဲဖြစ်ပါတယ်။”ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း မေမီကိုကိုအတွက် အနုပညာမှတ်တိုင်တစ်ခုလို ဆိုရလောက်အောင် “Star Awards 2018″ဆုပေးပွဲကြီးမှာ “Best TV Series Actress Award”ဆုကြီးကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

(၅) နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 ) Second Runner Up အလှမယ်တစ်ဦးဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘော ကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ” အရိပ် ” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။

ပရိသတ်ကြီးရေ MRTV 4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရှပ်သံဇာတ်လမ်းတွဲတွေရဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေး (၅)ဦးထဲက ဘယ်သူကို အချစ်ဆုံးလဲ။

Loading...
Show More

Related Articles

Back to top button
Close