နာမည်ကြီးပုဂ္ဂိုလ်များမိုး​လေ၀သရုပ်သံ

ဆေးရုံမှာ နောက်ဆုံးအချိန်အထိ မိုးလေဝသသတင်းတွေ ယောင်ပြီးပြောဆိုနေတဲ့ ဦးထွန်းလွင်ရဲ့ ရင်နင့်စရာ ဗီဒီယိုဖိုင်




Unicode

ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ ၆ နာရီ ၅၇ မိနစ်အချိန်မှာပဲ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆရာကြီးဟာ မိုးလေဝသနယ်ပယ်မှာကျွမ်းကျင်လှသူလည်းဖြစ်သလို ကျွန်တော်တို့အတွက် ဘေးကင်းစေမယ့်မိုးလေဝသ ခန့်မှန်းသတင်းတွေကိုလည်း နှစ်ပေါင်းများစွာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တင်ဆက်ပေးခဲ့သူပါ။

အနားယူပြီးချိန်မှာတောင် ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကတဆင့် မိုးလေဝသထူးခြားသတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေခဲ့သည်အထိ ပြည်သူတွေကို တာဝန်မပျက်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။အခုတင်ဆက်ပေးလိုက်တဲ့ Video ဖိုင်လေးမှာတော့ ဆရာကြီးဟာ ရောဂါဝေဒနာခံစားနေရချိန်မှာတောင် မိုးလေဝသတင်းတွေကို ယောင်ယမ်းပြောဆိုနေတာကို ကြေကွဲဖွယ် တွေ့မြင်ရမှာပါ။

ဆရာကြီးကောင်းရာသုဂတိရောက်ပါစေလို့ ဝမ်းနည်းစွာနဲ့ ဆုတောင်းလိုက်ပါတယ်နော်……။

Video ကြည့်ရန်

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close