အနုပညာရပ္၀န္း

ကင်ဆာရောဂါခံစားနေရပေမယ့် ထောက်ပ့ံ့မယ့်သူမရှိပါဘူးလို့ပြောလာသည့် – လူရွှင်တော် ဦးစိန်ရိုး

အသက္ (၁၈) ႏွစ္ကတည္းက အႏုပညာေလာကထဲမွာ လူ႐ႊင္ေတာ္တစ္ေယာက္အျဖစ္ ျဖတ္သန္းခဲ႔တဲ႔ ဦးစိန္႐ိုး က ကင္ဆာေ၀ဒနာကို ခံစားေနရပါတယ္။ သူ႕ကိုေတာ႔ ေဆး႐ံုတတ္စဥ္ အခါ က အႏုပညာအသိုင္းအ၀ိုင္း ၊ ပရိသတ္ က ေငြေၾကးေထာက္ပံ႔ၾကေပမယ္႔ လက္႐ွိ လွဴဒါန္းမယ္႔သူ မ႐ွိ ၾကေတာ႕ပါဘူးလို႔ ဦးစိန္႐ိုး က ဇနီးက MC သို႔ ေျပာျပခဲ႕ပါတယ္။

“ အသက္ကေတာ႔ (၈၃) ႏွစ္ပါ။ က်န္းမာေရးမေကာင္းေတာ႕ ေဆး႐ံုတတ္ရတယ္ ။ ေခ်ာင္းဆိုးေတာ႔ ေသြးေတြပါတယ္။ သူ႔ေရာဂါကို ဆရာ၀န္က စစ္လိုက္ေတာ႕ မွန္ေျပာင္းအေသး ထည္႔ရမယ္။ မွန္ေျပာင္းအေသး ကို ျမိဳခိုင္းေတာ႔ မျမိဳႏိုင္ပဲ ေသြးစေလးပါလာတယ္ ။ အဲ႔ဒါနဲ ႔ စစ္ေဆးၾကည္႔လိုက္ေတာ႕ ကင္ဆာဆဲလ္ျဖစ္ေနတယ္။ မွန္ေျပာင္းအၾကီး နဲ႔ ထိုးၿပီးေတာ႔ ၾကည္႔မယ္လို႔ ဆရာ၀န္ၾကီးေတြ ကေျပာတယ္ ။ ဒါေပမယ္႔ ရက္ခ်ိန္းေပးေတာ႔ သူမသြားေတာ႔ဘူး။ မွန္ေျပာင္းအၾကီးကို သူမျမိဳႏိုင္ဘူးေျပာတယ္။

အဲ႔တာနဲ႔ ေမွးၿပီးေတာ႔ကုေနတာ ။ ေဆး႐ံုၾကီး တတ္တုန္းကေတာ႔ လာေမးၾကပါတယ္ ။ မႏၱေလး က ေမာင္ေမတၱာ ဆိုတဲ႔သူကေတာ႔ ပရိသတ္ေတြဆီက အလွဴခံၿပီးေတာ႔ ပိုက္ဆံပို႔ေပးလိုက္တယ္ ။ ေမာင္ေကာင္းေက်ာ္ တို႕ကလည္း လာေပးတယ္။ ႐ုပ္႐ွင္ အသိုင္းအ၀ိုင္းဘက္ကလည္း ေဆး႐ံုတတ္တုန္းက လာေထာက္ပံ႔ေပမယ္႔ အခုေတာ႔မလာၾကပါဘူး ” လို႔ သူမကေျပာပါတယ္။

အသက္႐ွင္ေန႔သေ႐ြ႕ ပရိိသတ္ကို မေမ႔ပါဘူး ၊ ေက်းဇူး႐ွင္ေတြပါ လို႔ ဦးစိန္႐ိုးက ေျပာပါတယ္။ ႐ုပ္႐ွင္ဇာတ္ကား ႐ိုက္ဖို႔ ကမ္းလွမ္းတဲ႕ သူေတြ႐ွိေပမယ္႔ အသက္အ႐ြယ္အရ ဘုရားတရား အားထုတ္ဖို႔ပဲ ၾကိဳးစားပါေတာ႔မယ္ လို႔ သူက ေျပာပါတယ္။Credit-aungparsay

Unicode

အသက် (၁၈) နှစ်ကတည်းက အနုပညာလောကထဲမှာ လူရွှင်တော်တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့တဲ့ ဦးစိန်ရိုး က ကင်ဆာဝေဒနာကို ခံစားနေရပါတယ်။ သူ့ကိုတော့ ဆေးရုံတတ်စဉ် အခါ က အနုပညာအသိုင်းအဝိုင်း ၊ ပရိသတ် က ငွေကြေးထောက်ပံ့ကြပေမယ့် လက်ရှိ လှူဒါန်းမယ့်သူ မရှိ ကြတော့ပါဘူးလို့ ဦးစိန်ရိုး က ဇနီးက MC သို့ ပြောပြခဲ့ပါတယ်။
“ အသက်ကတော့ (၈၃) နှစ်ပါ။ ကျန်းမာရေးမကောင်းတော့ ဆေးရုံတတ်ရတယ် ။ ချောင်းဆိုးတော့ သွေးတွေပါတယ်။ သူ့ရောဂါကို ဆရာဝန်က စစ်လိုက်တော့ မှန်ပြောင်းအသေး ထည့်ရမယ်။ မှန်ပြောင်းအသေး ကို မြိုခိုင်းတော့ မမြိုနိုင်ပဲ သွေးစလေးပါလာတယ် ။ အဲ့ဒါနဲ့ စစ်ဆေးကြည့်လိုက်တော့ ကင်ဆာဆဲလ်ဖြစ်နေတယ်။ မှန်ပြောင်းအကြီး နဲ့ ထိုးပြီးတော့ ကြည့်မယ်လို့ ဆရာဝန်ကြီးတွေ ကပြောတယ် ။ ဒါပေမယ့် ရက်ချိန်းပေးတော့ သူမသွားတော့ဘူး။ မှန်ပြောင်းအကြီးကို သူမမြိုနိုင်ဘူးပြောတယ်။
အဲ့တာနဲ့ မှေးပြီးတော့ကုနေတာ ။ ဆေးရုံကြီး တတ်တုန်းကတော့ လာမေးကြပါတယ် ။ မန္တလေး က မောင်မေတ္တာ ဆိုတဲ့သူကတော့ ပရိသတ်တွေဆီက အလှူခံပြီးတော့ ပိုက်ဆံပို့ပေးလိုက်တယ် ။ မောင်ကောင်းကျော် တို့ကလည်း လာပေးတယ်။ ရုပ်ရှင် အသိုင်းအဝိုင်းဘက်ကလည်း ဆေးရုံတတ်တုန်းက လာထောက်ပံ့ပေမယ့် အခုတော့မလာကြပါဘူး ” လို့ သူမကပြောပါတယ်။
အသက်ရှင်နေ့သရွေ့ ပရိသတ်ကို မမေ့ပါဘူး ၊ ကျေးဇူးရှင်တွေပါ လို့ ဦးစိန်ရိုးက ပြောပါတယ်။ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းတဲ့ သူတွေရှိပေမယ့် အသက်အရွယ်အရ ဘုရားတရား အားထုတ်ဖို့ပဲ ကြိုးစားပါတော့မယ် လို့ သူက ပြောပါတယ်။Credit-aungparsay

Loading...
Show More

Related Articles

Back to top button
Close