နာမည်ကြီးပုဂ္ဂိုလ်များ
ချစ်ဇနီးလေး ချစ်သုဝေ စိတ်ပူအောင် အန္တရယ်များတဲ့ အလုပ်တခုကို လုပ်လိုက်တဲ့ အဆိုတော်လင်းလင်း
Source : Htwe Lynn Ko , Credit : Cele Connections
Unicode
ချစ်ဇနီးလေး ချစ်သုေ၀ စိတ်ပူအောင် အန္တရယ်များတဲ့ အလုပ်တခုကို လုပ်လိုက်တဲ့ အဆိုတော်လင်းလင်း
ဘာသာမတူ အသားရောင်မတူ အသိုင်းဝိုင်းမတူပေမယ့် ချစ်ခြင်းမေတ္တာကို အခြေခံပြီး လက်တွဲခဲ့ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ အချစ်တွေကတော့ တကယ်ကို အားကျစရာပါပဲ Cele Connections ပရိသတ်ကြီးရေ ..။ တစ်ယောက်ကို တစ်ယောက်နားလည်မှုရှိပြီး တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က အမြဲဖြည့်စွက်ပေးနေတဲ့ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာပါ ။ ချစ်စရာကောင်းတဲ့ သမီးအမြွှာလေး ခေတ်နဲ့သစ်တို့နဲ့အတူ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် အမြဲတမ်းမျှဝေပေးနေကြပါ ။
လတ်တလောမှာတော့ လင်းလင်းက ” မုန့်ကျွတ် လား ? ရွှေကျီး ကိုသိပ်ကြိုက်တာပေါ့,, မုန့်တီ လား ? ဒေါ်တော ပေါ့ဗျာ,, ဇီးပေါင်း လား ? ဟ မတ္တရာကမစီမာ ပေါ့ဟ,, ခိုတောင် လား ? အထမ်းသယ်ရောင်းတာ အားလုံးကြိုက်,, ပဲလမုန့် လား? ကြိုင်သင်း ကိုသိပ်ကြိုက်,, အုန်းထမင်း,ဒံပေါက်လား ? ကရဝိတ်ဆီသွား,,, နှမ်းမနဲ လား ? ဖားသားလဖုန်း နားမှာ ဒေါ်ရှိ ရှိတယ်လေ,, မြီးရှည် လား ? မကျီးရိပ် ကအာသာ အပြေဆုံး,, ဟာလီ ဆိုင်ကယ်ပေါ့ဗျာ,,ဆောရီး ခင်ဗျားဘယ်ဆိုင်ကယ်အကြိုက်ဆုံးလဲ မေးနေမှာစိုးလို့ ” ဆိုတဲ့စာသားနဲ့အတူ ကိုယ့်သဘောနဲ့ကိုယ် အားလုံးကို ကြော်ငြာပေးခဲ့တယ်လို့ အရွှန်းဖောက်ပြီးရေးသားထားတဲ့ပို့စ်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ လင်းလင်းတစ်ယောက်ရေးသားခဲ့ပါသေးတယ် ။
ကြော်ငြာခအနေနဲ့ မုန့်ကျွေးကြမည်ဆိုလည်း ဝမ်းသာလန်းဆန်းစွာ အတန်ငယ်စဉ်းစားပြီး လက်ခံပေးပါမယ်လို့လည်း စနောက်ရေးသားထားပါသေးတယ် ။ ဒါပေမယ့် ဆိုင်ကယ်မစီးစေချင်တဲ့ ခေတ်ခေတ်၊သစ်သစ် တို့ရဲ့အမေ မမြင်ပါစေနဲ့ လို့လည်း ရေးသားထားပါသေးတယ် ။ Cele Connections ပရိသတ်ကြီးရေ .. လင်းလင်းကတော့ မေမေချစ်သုေ၀ သာသိရင် အထုထောင်းခံရတော့မှာပဲနော် ။ ချစ်စရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးအတွက် မှတ်ချက်လေးတွေလည်း ရေးသားပေးခဲ့ပါဦးနော် ။
Source : Htwe Lynn Ko
Loading...
Show More
Related Articles
Leave a Reply
Your email address will not be published. Required fields are marked *
Back to top button
Close