နာမည္ႀကီးပုဂၢိဳလ္မ်ား

Troller ေတြရဲ႕ စိန္ေခၚတာခံလိုက္ရတဲ့ စိုင္းစိုင္း

စိုင္းစိုင္းခမ္းလႈိင္ကေတာ့ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ထိပ္တန္းေအာင္ျမင္မႈေတြရယူထားႏိုင္သူတစ္ေယာက္ပါ။ဒါေၾကာင့္လည္းျမန္မာႏိုင္ငံမွာ စိုင္းစိုင္းဆိုတာနဲ႔လူတိုင္းလိုလိုသိတဲ့အထိကို ေအာင္ျမင္မႈႀကီးမားသူတစ္ေယာက္ပါ။အႏုပညာအလုပ္ေတြအျပင္ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ရပ္တည္လာတဲ့ ဘက္စုံထူးခြၽန္သူႀကီးစိုင္းစိုင္းကိုေတာ့ Troller ေတြက Troll ၾကတာကေတာ့မဆန္းဘူးလို႔ဆိုရမွာပါ။

Troller ေတြလက္ထဲမွာေတာ့ စိုင္းစိုင္းတစ္ေယာက္က အမ်ိဳးစုံကို Troll ခံေနရတာပါ။ဒါ့အျပင္အသက္ႀကီးလာၿပီျဖစ္တဲ့စိုင္းစိုင္းကို အဘိုးအဘြားအ႐ြယ္ေရာက္ေနပါၿပီဆိုၿပီး ဘစိုင္းလို႔လည္း စေနာက္ၿပီးေခၚတဲ့သူေတြရွိပါေသးတယ္။ျမန္မာႏိုင္ငံရဲ႕ Troll ခံရဆုံးအႏုပညာရွင္တစ္ေယာက္လို႔ေတာင္ေျပာလို႔ရတဲ့စိုင္းစိုင္းကေတာ့ ဒီလိုကိစၥေတြနဲ႔ပတ္သက္ၿပီးသိပ္ၿပီးေတာ့စိတ္အေႏွာက္အယွက္မျဖစ္တဲ့ပုံပါပဲ။တစ္ခါတစ္ေလမွာဆိုရင္ Troll ခံထားရတဲ့ပုံေလးေတြကို သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာတင္ၿပီးေတာ့ ဟာသလုပ္လိုက္တာမ်ိဳးေတာင္ရွိပါတယ္။

အခုဆိုရင္အႀကံညဏ္ႀကီးတဲ့ Troller မ်ားက စိုင္းစိုင္းကိုစိတ္ဆိုးေအာင္လုပ္ဖို႔ႀကံေနၾကျပန္ပါၿပီ။စိုင္းစိုင္းကိုဆဲတဲ့အထိစိတ္ဆိုးေအာင္လုပ္ႏိုင္ရင္ ဆုေငြ(၃၀၀၀၀)ေပးမယ္ဆိုၿပီး ေျပာေနၾကတာျဖစ္ပါတယ္။ဘယ္သူေတြဘာေျပာေျပာတည္ၿငိမ္သူႀကီးစိုင္းစိုင္းကိုေတာ့ စိတ္ဆိုးေအာင္လုပ္ႏိုင္တဲ့သူ တကယ္ပဲေပၚလာမလားေနာ္….။

Source : Aung Htet Paing , Credit – CeleGabar

Unicode

စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ထိပ်တန်းအောင်မြင်မှုတွေရယူထားနိုင်သူတစ်ယောက်ပါ။ဒါကြောင့်လည်းမြန်မာနိုင်ငံမှာ စိုင်းစိုင်းဆိုတာနဲ့လူတိုင်းလိုလိုသိတဲ့အထိကို အောင်မြင်မှုကြီးမားသူတစ်ယောက်ပါ။အနုပညာအလုပ်တွေအပြင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ ဘက်စုံထူးချွန်သူကြီးစိုင်းစိုင်းကိုတော့ Troller တွေက Troll ကြတာကတော့မဆန်းဘူးလို့ဆိုရမှာပါ။

Troller တွေလက်ထဲမှာတော့ စိုင်းစိုင်းတစ်ယောက်က အမျိုးစုံကို Troll ခံနေရတာပါ။ဒါ့အပြင်အသက်ကြီးလာပြီဖြစ်တဲ့စိုင်းစိုင်းကို အဘိုးအဘွားအရွယ်ရောက်နေပါပြီဆိုပြီး ဘစိုင်းလို့လည်း စနောက်ပြီးခေါ်တဲ့သူတွေရှိပါသေးတယ်။မြန်မာနိုင်ငံရဲ့ Troll ခံရဆုံးအနုပညာရှင်တစ်ယောက်လို့တောင်ပြောလို့ရတဲ့စိုင်းစိုင်းကတော့ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးသိပ်ပြီးတော့စိတ်အနှောက်အယှက်မဖြစ်တဲ့ပုံပါပဲ။တစ်ခါတစ်လေမှာဆိုရင် Troll ခံထားရတဲ့ပုံလေးတွေကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်ပြီးတော့ ဟာသလုပ်လိုက်တာမျိုးတောင်ရှိပါတယ်။

အခုဆိုရင်အကြံညဏ်ကြီးတဲ့ Troller များက စိုင်းစိုင်းကိုစိတ်ဆိုးအောင်လုပ်ဖို့ကြံနေကြပြန်ပါပြီ။စိုင်းစိုင်းကိုဆဲတဲ့အထိစိတ်ဆိုးအောင်လုပ်နိုင်ရင် ဆုငွေ(၃၀၀၀၀)ပေးမယ်ဆိုပြီး ပြောနေကြတာဖြစ်ပါတယ်။ဘယ်သူတွေဘာပြောပြောတည်ငြိမ်သူကြီးစိုင်းစိုင်းကိုတော့ စိတ်ဆိုးအောင်လုပ်နိုင်တဲ့သူ တကယ်ပဲပေါ်လာမလားနော်….။

Source : Aung Htet Paing , Credit – CeleGabar

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close