နာမည္ႀကီးပုဂၢိဳလ္မ်ား

ပရိသတ် အားပေးမှုပုံစံကို ခွဲခြားပြခဲ့တဲ့ အိစိကွေး

အိစိေကြးဟာ သူ႔ကို အားေပးတဲ့ ပရိသတ္ေတြရဲ႕ အျမင္ကို ေျပာင္းဖို႔က ခက္ခဲတယ္လို႔ ဆိုပါတယ္။ ကေလးတစ္ေယာက္လို ခ်စ္တဲ့ ပရိသတ္ေတြ အမ်ားႀကီးရွိတယ္လို႔ ေျပာပါတယ္။သ႐ုပ္ေဆာင္ အိစိေကြးကေတာ့ အခုဆိုရင္ အႏုပညာသက္တမ္း ၁၆ ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္အလုပ္ေတြကို အသက္ ၄ ႏွစ္ေက်ာ္ကတည္းက စတင္လုပ္ေဆာင္လာခဲ့တာပါ။ အခုခ်ိန္မွာေတာ့ သူ႔ကို အားေပးတဲ့ပရိသတ္ေတြရဲ႕ အေၾကာင္းကို တျဖည္းျဖည္း သိလာရၿပီလို႔ မီဒီယာ အင္တာဗ်ဴးကေနတဆင့္ ေျပာျပလာပါတယ္။

‘’ကြၽန္ေတာ့္မွာ ပရိသတ္ ႏွစ္မ်ိဳးရွိတယ္။ တစ္မ်ိဳးကေတာ့ ကြၽန္ေတာ့္ကို အရမ္းခ်စ္ၿပီး အျပစ္မျမင္တဲ့ ပရိသတ္ေပါ့။ ေနာက္ တစ္မ်ိဳးကက်ေတာ့ ကြၽန္ေတာ္လိုအပ္ေနတယ္၊ မွားယြင္းေနတယ္ဆိုလို႔ရွိရင္ အေကာင္းဆုံး ေထာက္ျပႏိုင္တဲ့ ပရိသတ္ေပါ့။ ပရိသတ္ ႏွစ္မ်ိဳး စလုံးကို ပိုင္ခြင့္ရထားလို႔ အရမ္းဝမ္းသာတယ္။ တခ်ိဳ႕ဆိုရင္ အရမ္းခ်စ္ေတာ့ အေဖ၊ အေမလိုပဲ အျပစ္မျမင္ေတာ့ဘူးေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း စစ္မွန္တဲ့ အႀကံေပးမႈေတြက ဒီလို လူမ်ိဳးေတြဆီကပဲ ရႏိုင္တာေလ။ ေနာက္ဆိုလည္း ကြၽန္ေတာ္နဲ႔ ပတ္သက္ၿပီး အျပဳအမူေလးေတြ မွားယြင္းတာရွိရင္ ေဝဖန္ေထာက္ျပေပးဖို႔ ေတာင္းဆိုပါတယ္’’ လို႔ သူကဆိုပါတယ္။

ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာအလုပ္ေတြ တစိုက္မတ္မတ္ လုပ္လာတဲ့ သူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ အိစိေကြးကို အားေပးတဲ့ ပရိသတ္တိုင္းက လူႀကီးတစ္ေယာက္အျဖစ္ အျမင္ေျပာင္းလဲလာဖို႔ကလည္း ခက္ခဲတယ္လို႔ ဆိုပါတယ္။‘’ ပရိသတ္ေတြက ကြၽန္ေတာ့္ရဲ႕ မိဘေတြလိုပါပဲ။ သူတို႔က ငယ္ငယ္ေလးကတည္းက ဒီပုံစံပဲျမင္လာရတာဆိုေတာ့ ေျပာင္းလဲလာတဲ့အရာတစ္ခုကို သူတို႔က ေသခ်ာလိုက္မၾကည့္မိဘူး။ ကိုယ္ေတြကို သားသမီးတစ္ေယာက္လိုပဲ ျမင္ေနၾကတာကိုး။ အျမင္ေျပာင္းလဲဖို႔ေတာ့ ခက္လိမ့္မယ္။ တျဖည္းျဖည္းနဲ႔ေတာ့ ျပဳျပင္ေျပာင္းလဲေနပါတယ္။ အသိအမွတ္ျပဳေပးဖို႔လည္း ေတာင္းဆိုပါတယ္’’ လို႔ သူကဆိုပါတယ္။

အိစိေကြး ဟာ ကေလးဘဝကတည္းက အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ႕ အခ်စ္ကိုလည္း အျပည့္အဝ ရရွိထားသူ တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ သူဟာ ပညာေရးကို ဦးစားေပးေနတာ ေၾကာင့္ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္မလုပ္ႏိုင္ေသးဘူးလို႔ သိရပါတယ္။ သ႐ုပ္ေဆာင္ အိစိေကြးက အခုဆိုရင္ ေခါင္းေဆာင္မင္းသား ေနရာကေန ဇာတ္ကားေတြ ႐ိုက္ကူးေနရပါၿပီ။Credit-burmese.asia

Unicode

အိစိကွေးဟာ သူ့ကို အားပေးတဲ့ ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းဖို့က ခက်ခဲတယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက်လို ချစ်တဲ့ ပရိသတ်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။သရုပ်ဆောင် အိစိကွေးကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၆ နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေကို အသက် ၄ နှစ်ကျော်ကတည်းက စတင်လုပ်ဆောင်လာခဲ့တာပါ။ အခုချိန်မှာတော့ သူ့ကို အားပေးတဲ့ပရိသတ်တွေရဲ့ အကြောင်းကို တဖြည်းဖြည်း သိလာရပြီလို့ မီဒီယာ အင်တာဗျူးကနေတဆင့် ပြောပြလာပါတယ်။

‘’ကျွန်တော့်မှာ ပရိသတ် နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ကျွန်တော့်ကို အရမ်းချစ်ပြီး အပြစ်မမြင်တဲ့ ပရိသတ်ပေါ့။ နောက် တစ်မျိုးကကျတော့ ကျွန်တော်လိုအပ်နေတယ်၊ မှားယွင်းနေတယ်ဆိုလို့ရှိရင် အကောင်းဆုံး ထောက်ပြနိုင်တဲ့ ပရိသတ်ပေါ့။ ပရိသတ် နှစ်မျိုး စလုံးကို ပိုင်ခွင့်ရထားလို့ အရမ်းဝမ်းသာတယ်။ တချို့ဆိုရင် အရမ်းချစ်တော့ အဖေ၊ အမေလိုပဲ အပြစ်မမြင်တော့ဘူးပေါ့နော်။ တချို့ကျတော့လည်း စစ်မှန်တဲ့ အကြံပေးမှုတွေက ဒီလို လူမျိုးတွေဆီကပဲ ရနိုင်တာလေ။ နောက်ဆိုလည်း ကျွန်တော်နဲ့ ပတ်သက်ပြီး အပြုအမူလေးတွေ မှားယွင်းတာရှိရင် ဝေဖန်ထောက်ပြပေးဖို့ တောင်းဆိုပါတယ်’’ လို့ သူကဆိုပါတယ်။

ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်လာတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အိစိကွေးကို အားပေးတဲ့ ပရိသတ်တိုင်းက လူကြီးတစ်ယောက်အဖြစ် အမြင်ပြောင်းလဲလာဖို့ကလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။‘’ ပရိသတ်တွေက ကျွန်တော့်ရဲ့ မိဘတွေလိုပါပဲ။ သူတို့က ငယ်ငယ်လေးကတည်းက ဒီပုံစံပဲမြင်လာရတာဆိုတော့ ပြောင်းလဲလာတဲ့အရာတစ်ခုကို သူတို့က သေချာလိုက်မကြည့်မိဘူး။ ကိုယ်တွေကို သားသမီးတစ်ယောက်လိုပဲ မြင်နေကြတာကိုး။ အမြင်ပြောင်းလဲဖို့တော့ ခက်လိမ့်မယ်။ တဖြည်းဖြည်းနဲ့တော့ ပြုပြင်ပြောင်းလဲနေပါတယ်။ အသိအမှတ်ပြုပေးဖို့လည်း တောင်းဆိုပါတယ်’’ လို့ သူကဆိုပါတယ်။

အိစိကွေး ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။Credit-burmese.asia

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close